စလစ်ကားစုဆောင်းထားသူများ အကျိုးအမြတ် ပိုများ

စလစ်ကားစုဆောင်းထားသူများ အကျိုးအမြတ် ပိုများ

အသစ်တင်သွင်းသည့်ကားများကို အရောင်းအဝယ်လုပ်ခြင်းထက် အပ်နှံရန်ကြေညာပြီးသား
ဖြစ်သည့်ကားများ (ဈေးကွက်အခေါ် စလစ်ကား) ကို ရှာဖွေဝယ်ယူစုဆောင်းထားခြင်းက
ပိုမိုတွက်ခြေကိုက်ခြင်းကြောင့် စလစ်ကားဝယ်လို သူများလာကာ အဆိုပါကားများလည်း
ဈေးတက် လာကြောင်း ကားအရောင်းအဝယ်လုပ်ကိုင်သူများက ပြောသည်။

အပ်နှံရန်ကြေညာထားသည့် ၁ က နှင့် ၂ က အက္ခရာများဖြစ်သည့် အဆိုပါ စလစ်ကားများ မှာ ယခင်ကဈေးကွက်အတွင်းပေါက်ဈေးမှာ ကြေညာချက်မထွက်ပေါ်မီအချိန်က ကျပ် ၆၅ သိန်းမှ
သိန်း ရ၀ နီးပါး ပေါက်ဈေးရှိခဲ့သော်လည်း စတင်အပ်နှံရန် ကြေညာခဲ့သည့် ဧပြီလ ၁ ရက်နေ့
နောက်ပိုင်းတွင် ဈေးများတက်လာခဲ့ ပြီး လက်ရှိအချိန်တွင် ၁ က အက္ခရာကားမှာ သိန်း ၁၁၀
အထိဈေးတက်လာသော်လည်း အောက်တိုဘာလမှသာ စတင်အပ်နှံရမည့် ၂ က အက္ခရာ
ကားများမှာ ၆၅ သိန်းနှင့် သိန်း ရ၀ ၀န်းကျင်တွင်သာ ဈေးငြိမ်နေကြောင်း ၀ယ် ရောင်း
လုပ်ငန်းရှင်များက ပြောသည်။

"ဈေးကွက်ထဲမှာ စလစ်ကားကိုင်တဲ့သူ တော်တော်များလာပြီ။ ကားအရောင်းအဝယ်လုပ်ရင်
ဈေးနှုန်းအနိမ့်အမြင့်နဲ့ ပြင်ဆင်စရိတ်တွေကိုပါထည့်ပြီး တွက်မယ်ဆိုရင် ပြန်ရောင်း ရင် ရှုံးနိုင်
တယ်။ ပြန်အပ်မယ့် ကားဟောင်းက တော့ ဒီအတိုင်းထားပြီးစီးမယ်ဆိုရင် ဆီဖိုး လောက်ပဲ
ကုန်မယ်။ ပြန်ရောင်းတဲ့အခါကျရင် လည်း ကို၀ယ်တုန်းကဈေးထက် အမြတ်ကပိုရ နိုင်တော့
၀ယ်လက်တွေက ကားသစ်တစ်စီး ၀ယ်ပြီးစီးတာထက်စာရင် ပြန်အပ်မယ့် စလစ် ကားကို
၀ယ်စီးလာကြတာများလာလို့ ဈေးကွက် ထဲမှာ ကားဟောင်းတွေ အဝယ်လိုက်လာ တယ်"
ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုစည်သူအောင်က ပြောသည်။

ပြည်ပမှကားများလည်း ထပ်မံဝင်ရောက် ဦးမည်ဖြစ်သဖြင့် ဈေးကွက်အတွင်း ယခင်ရှိနှင့် ပြီးသား
ကားများမှာလည်း ဈေးကျဆင်းနိုင်ဖွယ် ရှိကြောင်း ကားအရောင်းအဝယ် လုပ်ကိုင်သူ များက
သုံးသပ်သည်။

"ကားအရောင်းအဝယ် လုပ်ကိုင်တဲ့သူတွေ က မူဝါဒအပြောင်းအလဲကို မျက်ခြည်မပြတ်ဖို့ လိုတယ်။
အခုဆိုရင်လည်း စီးပွားကူးသန်းဝန်ကြီးက သူ့လက်ထက်မှာ ကားပါမစ်ပိတ်မှာ မဟုတ်ဘူးလို့ပြော
တယ်။ အဲဒါကိုကြည့်မယ်ဆိုရင် ပြည်ပက မော်ဒယ်အမြင့်ကားတွေ ထပ်ပြီး ၀င်ရောက်လာနိုင်တဲ့
အတွက်ကြောင့် အရင် တုန်းကဝင်လာတဲ့ကားတွေ ဈေးကျနိုင်တယ် လို့ ခန့်မှန်းလို့ရတယ်"ဟု
ကားဝယ်ရောင်း ကိုသန်းထိုက်က ပြောသည်။

ဈေးကွက်အတွင်း ၁၃၀၀ စီစီနှင့် ၁၈၀၀ စီစီ ကားများအရောင်းအဝယ် ကောင်းနေသော် လည်း
အဆိုပါကားများမှာ ယခင်ကကျပ်သိန်း ၁၂၀ အထက်ရှိခဲ့ပြီး ယခုအခါ သိန်း ၁၀၀ အောက်သို့
ကျဆင်းလာသည်။ ၀ယ်ယူသူများ မှာလည်း ကားသစ်ဝယ်ယူရန်ထက် ကျပ် ၆၅ သိန်းဝန်းကျင်
ခန့်ဖြင့် ရရှိမည့် '၂ က' အက္ခရာ ကားများကို၀ယ်ယူရန် ပိုမိုစိတ်ဝင်စားလာကြသည်။

"စလစ်ဈေးက တစ်ပတ်ကို နှစ်သိန်းလောက်တက်တယ်။ အခုဆိုရင် '၁ က' အက္ခရာ အမည်ပေါက်
ကို သိန်း ၁၁၀ လောက်ဖြစ် သွားပြီ။ စလစ်ဈေးကတော့ သိန်း ၁၂၀ ၀န်းကျင် လောက်အထိတော့
တက်သွားမယ်ထင်တယ်"ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ဦးမင်းညွှန့် က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး