စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှ လယ်သိမ်းခံတောင်သူများက ယခင်က သကြား
စက်ရုံ (ကန့်ဘလူ) တည်ဆောက်ရန်အတွက် သိမ်းယူထားသည့်မြေယာများအတွက် တောင်း
ဆိုထားသည့် မြေယာလျော်ကြေး (သို့မဟုတ်) မြေယာများကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ
မပေးပါက တရားစွဲဆိုသွားမည်ဟု လယ်သိမ်းခံ တောင်သူများက ယခုလ ၁၄ ရက်နေ့တွင်
ပြောသည်။
"ကျွန်တော်တို့ မြေတွေကို လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့က သိမ်းယူ ထားတယ်။
လျော်ကြေးကိုကျတော့ တစ်ဧက ကျပ် ၂,၀၀၀ ပဲပေးတယ်။ ဘယ်လိုမှမညီမျှတဲ့ လျော်ကြေးကို
ပေးတယ်။ ဒါတွေကို အခု လျော်ကြေးတောင်းပါမယ်။ တောင်းတဲ့လျော် ကြေးကလည်း ခေတ်
ကာလဈေးနှုန်းအရ တောင်းတာပါ" ဟု တောင်သူ ကိုတင်ထွန်း အောင်က ပြောသည်။
ဒေသခံတောင်သူများ တောင်းဆိုထားသည့် လျော်ကြေးမှာ တစ်ဧက လျှင် မြေယာလျော်ကြေး
အဖြစ် ၁၀ သိန်းကျပ်၊ သီးနှံလျော်ကြေးအဖြစ် စတင် သိမ်းယူစဉ်ကာလမှ ယခုကာလအထိ
တစ်နှစ်လျှင် တစ်သိန်းကျပ်နှုန်းထားဖြစ်သည် ဟု တောင်သူများက ပြောသည်။
မြေယာလျော်ကြေးတောင်းဆိုထားသည့်အကြိမ်အရေအတွက်မှာ ခုနစ်ကြိမ်ရှိပြီဖြစ် သော်လည်း
ထူးခြားမှုမရှိဟု သိရသည်။ ထို့ကြောင့် တောင်သူများက စက်ရုံဘက်မှ လျော်ကြေးအတွက်
အကြောင်းပြန်ကြားခြင်း တစ်စုံတစ်ရာ မရှိပါကတရားစွဲမည်ဟု တောင်သူများက ပြောသည်။
"ကျွန်တော်တို့ကတော့ မကြာခင်မှာပဲ တရားစွဲဆိုမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အကြောင်း ကြားစာ
ပို့မယ်။ လာမယ့်လအတွင်းလောက်မှာ တရားစွဲနိုင်အောင် ဆောင်ရွက်သွားမယ်။ ပြီးတော့ ဆန္ဒပြ
သင့်ရင်ပြသွားမယ်" ဟု တောင်သူဦးကျာ်သိန်းက ပြောသည်။
လယ်သိမ်းခံတောင်သူမှာ ၁၈၃ ဦး ရှိပြီး ကန့်ဘလူမြို့နယ်ရှိ ထန်းတပင်၊ ချောင်းကန်၊ ပျဉ်းတော်၊
ပုပ္ပါးနှင့် သလဲဦးကျေးရွာများမှ ဖြစ် သည်ဟုသိရသည်။ သိမ်းဆည်းခံမြေဧရိယာမှာ မြန်မာ့စီးပွား
ရေးကော်ပိုရေးရှင်း စာရင်းအရ ၈၈၈ ဒသမ ၁၃ ဧကရှိသည်ဟု သိရသော်လည်း တောင်သူများ
ဘက်ကမူ သိမ်းဆည်းခံဧကမှာ ၁,၀၀၀ ကျော်သည်ဟုပြောသည်။
မြေယာစတင်သိမ်းယူသည့် ၁၉၉၉ ခုနှစ်မှ ၂၀၁၂ အထိ စက်ရုံပိုလျှံသည့်မြေယာများကို ဒေသခံ
တောင်သူအချို့အား တစ်ဧကလျှင် စပါး ၁၀ တင်း (သို့မဟုတ်) ဆန်လေးတင်းနှုန်းနှင့် သီးစားပြန်လည်ချထားပေးခဲ့သည်ဟု တောင်သူဦးကျော်သိန်းက ပြောသည်။
မြေယာစတင်သိမ်းယူစဉ်ကမူ သကြားစက်ရုံ (ကန့်ဘလူ) တည်ဆောက်ရန်အတွက် သိမ်းယူခြင်း
ဖြစ်သည်ဟု ပြောသော်လည်း ၂၀၀၂ ခုနှစ်တွင် တပ်မတော်ကြံစိုက်ပျိုးရေး စခန်းပါ တည်ဆောက်
ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ အကြောင်းအရာများနှင့်ပတ်သက် ၍ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း သကြား စက်ရုံ
(ကန့်ဘလူ)သို့ ဆက်သွယ်မေးမြန်းရာ တွင် ဆက်သွယ်မှု မရရှိခဲ့ပေ။
















