တစ်နိုင်ငံလုံးတွင် ကားအာမခံ ထားရှိမှု ရှစ် ရာခိုင်နှုန်းသာရှိ

တစ်နိုင်ငံလုံးတွင် ကားအာမခံ ထားရှိမှု ရှစ် ရာခိုင်နှုန်းသာရှိ

မြန်မာနိုင်ငံတွင် ကားအစီးရေ ငါးသိန်းကျော် ရှိသော်လည်း အာမခံထားရှိမှုမှာ ရှစ်ရာခိုင်နှုန်း
နီးပါးသာရှိသည်ဟု ဘဏ္ဍရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှုး၊ မြန်မာ့
အာမခံလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ယခုလ ၁၆ ရက်နေ့တွင် ပြောသည်။

"ကားပိုင်ရှင်တွေအနေနဲ့ ကိုယ့်ကားကို အာမခံထားတာ အကောင်းဆုံးပဲ။ အာမခံမထားတဲ့အတွက်
ဥပမာအနေနဲ့ဆိုရင် လူကိုသွားတိုက်တာတို့၊ ရပ်ထားတဲ့ကိုယ့်ကားပေါ် သစ်ကိုင်းပြုတ်ကျတာတို့
ဆိုရင် အရမ်းနစ်နာတယ်။ တိုက်ခံရတဲ့လူဆိုရင် ပိုတောင်နစ်နာသေးတယ်။ ဒါကြောင့် အာမခံ
ထားကြဖို့ ဖိတ်ခေါ်ချင်ပါတယ်"ဟု ယခုလ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အဝေးပြေး
အမြန် လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံ လုပ်ငန်းအကြောင်း ရှင်းလင်းပွဲတွင် ဦးအေး
မင်းသိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကားအစီးရေမှာ ငါးသိန်းကျော်ရှိပြီး မြန်မာ့အာမခံတွင် အလုံးစုံအာမခံ ထားရှိ
သည့် ကားမှာ ၅,၈၇၈ စီးနှင့် ပုဂ္ဂလိက အာမခံခြောက်ခုတွင် အလုံးစုံအာမခံထားရှိသည့် ကားမှာ
၂၅၈၈ စီး ရှိပြီး စုစုပေါင်း အာမခံထားရှိသည့် ကားမှာ ၈,၃၈၅ စီး ရှိသည် ဟု သိရသည်။

မြန်မာ့အာမခံလုပ်ငန်းတွင် လာရောက် အာမခံထားရှိသည့် ကားများမှာလည်း အဝေး ပြေးကား
များနှင့် မြို့တွင်းမြို့ပြင် ခရီးသည်တင်ကားများသာ အများဆုံးအာမခံထားရှိကြပြီး အိမ်စီးကားများ
မှာ အာမခံထားရှိမှု နည်းပါးသည်ဟု မြန်မာ့အာမခံလုပ်ငန်း (မန္တလေး) ရုံးခွဲမှ တာဝန်ရှိသူတစ်ဦး
ကပြောသည်။

"ဒီနိုင်ငံမှာ အာမခံလုပ်ငန်းက တွင်ကျယ်မှုမရှိသေးဘူး။ အာမခံလုပ်ငန်းတွင်ကျယ်လာဖို့ကလည်း
ကြေညာအားတွေအရမ်းလိုတယ်။ ကားမှမဟုတ်ဘူး၊ အိမ်၊ ငွေစတာတွေနဲ့ ပတ်သက်ရင်လည်း
အာမခံထားရှိမှာ မဟုတ်ဘူး" ဟု မန္တလေးမြို့မှ ကျူရှင်ဆရာ တစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး