လွန်ခဲ့သောနှစ်နှစ်ကျော်မှစတင်ခါ ပြည်တွင်းဘဏ် များက နိုင်ငံတကာဝန်ဆောင်မှုများနှင့်
ချိတ် ဆက်ကာ ပြည်ပနိုင်ငံများတွင်နေထိုင်ကာ အလုပ်လုပ်ကိုင်လျက်ရှိ ကြသော မြန်မာနိုင်ငံ သားများအတွက် ငွေလွှဲငွေပို့ဝန်ဆောင်မှုကိုစတင်နိုင်ခဲ့သော်လည်း နှစ်ပေါင်းများစွာသုံးစွဲလာသည့်
မျက်နှာသိမှတစ်ဆင့် ငွေလွှဲသည့် ဟွန်ဒီ လုပ်ငန်းမှာ ကောင်းစွာလည်ပတ်နေဆဲ ဖြစ်သည်။
မေလအတွင်းကပြုလုပ်သော အလုပ်သမားဆိုင်ရာအစည်းအဝေးတစ်ခုတွင် အလုပ်သမားဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီးက ဘဏ်များ၏ငွေလွှဲပို့သည့်ဝန်ဆောင်မှု မြှင့်တင်ရန် အစီ အစဉ်ရှိ
ကြောင်း မီဒီယာသို့ကြေညာလိုက်သည်။
ယင်းမှာ ပြည်ပရောက်မြန်မာများ ၎င်းတို့၏မိသားစုများထံ ငွေလွှဲငွေပို့ခြင်းကို ဖုန်းဖြင့် တစ်ဆင့်
အချိတ်မိမိဆောင် ရွက်နိုင်မည့်အစီအစဉ်ဖြစ်ပြီး ဗဟိုဘဏ်၏ဦးဆောင်မှုဖြင့် ယခု နှစ်အတွင်း
အကောင်အထည်ဖော်ရန် ရည်မှန်း ထားခြင်းဖြစ်သည်။
အဆိုပါ mobile money စနစ်ဆောင်ရွက်မှုကို အင်းဝဘဏ်နှင့် မြဝတီဘဏ်တို့က လုပ် ဆောင်
နေသည်။ အင်းဝဘဏ်တစ်ခုတည်းပင်လျှင် ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော်နှင့် မြန်မာ့စီးပွား
ရေးဘဏ်ခွဲများ၊ အဆိုပါကွန်ရက်တွင်းချိတ်ဆက်လာသော အခြားပြည်တွင်းဘဏ်ခွဲများပေါင်း
လိုက်လျှင် ငွေလွှဲနိုင်မည့်ရင်းမြစ်ပေါင်း ၆၀၀ ကျော်ရှိလာမည်ဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိ
သူတစ်ဦးကပြောသည်။
"ဒါပေမဲ့ ပြည်တွင်းဘဏ်တွေဘက်က ၅၀ ရာခိုင်နှုန်းပဲ ဆောင်ရွက်နိုင်သေးတယ်။ နိုင်ငံခြား ကနေ ငွေလွှဲလို့ရအောင် နိုင်ငံခြားဘက်ခြမ်းနဲ့ချိတ်ဆက်ဖို့လိုသေးတယ်။
ထိုင်းတို့၊ စင်ကာပူတို့က ဘဏ်တွေက ကမ်းလှမ်းမှုတွေရှိနေတယ်လို့သိရတယ်"ဟု ၎င်းက
ပြောသည်။
မြန်မာလူမျိုးများအတွက် အလုပ်အကိုင်ကောင်းပြီး အများစုကျင်လည်ကျက်စားရာနေရာဖြစ်သော
စင်ကာပူမြို့လယ်ကောင်ရှိ စီးတီးဟောလ် MRT ဘူတာမှ ၁၀ မိနစ်ခန့်လမ်းလျှောက်လျှင်
ရောက်ရှိနိုင်သည့် Penin- sula Plaza ရှိ မြန်မာဈေးဆိုင်အများစုမှာ ဟွန်ဒီ ငွေလွှဲလုပ်ငန်းကို
ကျယ်ပြန့်စွာ လုပ်ကိုင်လျက် ရှိကြသည်။
လစာထုတ်ပြီးနောက်တစ်ရက်တွင် အဆိုပါဆိုင်များတွင် ဌာနေရှိ မိသားစုနှင့် ဆွေမျိုး များထံငွေ
လွှဲလိုသည့် မြန်မာများပြည့်နှက်နေ သည့်မြင်ကွင်းမှာ ထိုနေရာ၏ မရိုးနိုင်သည့် ပုံရိပ်တစ်ခုပင်ဖြစ်
သည်။
များသောအားဖြင့် နိုင်ငံခြားတွင်သွားရောက် အလုပ်လုပ်ကိုင်ကြသော မြန်မာဝန်ထမ်း အများစု
မှာ မြန်မာကျပ်ငွေဖြင့်တွက်ပြထားသော naungmoon ၀က်ဘ်ဆိုက်မှ ငွေလဲဈေးနှုန်းကို ကြည့်
ကာ ဟွန်ဒီပေါက်ဈေးနှင့် ချိန်ကြ သည်။ ဟွန်ဒီလဲနှုန်းမှာ အွန်လိုင်းပေါက်ဈေး ထက် တစ်ဒေါ်လာ
လျှင် လေးငါးကျပ်ဈေးပိုပေး တတ်ပြီး လွှဲငွေပမာဏပေါ်မူတည်၍ လဲနှုန်း ကွာဟတတ်သည်။
စင်ကာပူအပြင် အခြားမြန်မာလူမျိုးအများစု သွားရောက်လုပ်ကိုင်သော ထိုင်းနှင့် မလေးရှား
တို့တွင်လည်း ဟွန်ဒီကိုသာ အများစုကအားကိုး ကာ ငွေလွှဲတတ်ကြသည်။ အားသာချက်
အနေဖြင့် ငွေလဲနှုန်းပေါ်တွင်သာ အမြတ်ယူကာ သီးသန့်လွှဲခမရှိခြင်း၊ ရိုးရှင်းလွယ်ကူခြင်း၊
အကန့်အသတ်မရှိလွှဲနိုင်ပြီး အိမ်တိုင်ရာရောက် ပေးပို့နိုင်ခြင်း၊ အခွန်ဆောင်စရာမလိုခြင်း၊
ဘဏ်စာရင်းဖွင့်လှစ်ရန်၊ ဘဏ်စနစ်အဆင့် ဆင့်ကို ဖြတ်သန်းရန်မလိုခြင်း စသည့် အားသာ
ချက်များရှိကြောင်း ပြည်ပတွင်အလုပ်လုပ် ကိုင်သူအများစုက ပြောသည်။
"ဘဏ်တွေကနေ ငွေလွှဲလို့ရတာသိပေမယ့် သူငယ်ချင်းတွေအားလုံး ဟွန်ဒီကပဲငွေလွှဲကြ
တယ်။ ပိုပြီးအဆင်ပြေလို့ပါ။ အလုပ်မရှုပ်ဘူး။ ဟွန်ဒီကနေ ကြိုက်သလောက်ငွေကို လွှဲလို့ရ
တယ်။ ဘဏ်တွေကတော့ သတ်မှတ်ချက်ရှိ တယ်"ဟု စင်ကာပူတွင် ှ ဏေျျ ဖြင့် နေထိုင် လျက်
နေသော M&E Engineering တွင် အလုပ်လုပ်ကိုင်လျက်ရှိသူ ကိုသိန်းလင်းကပြောသည်။
"ဒါပေမဲ့ ကျွန်တော်မှမဟုတ်ပါဘူး။ စင်ကာပူ မှာလုပ်ကိုင်နေကြသူတွေဟာ ဘဏ်ကနေ
ငွေလွှဲချင်ကြတာပါ။ ခက်တာက မြန်မာဘက်က ငွေထုတ်တဲ့နေရာမှာ အခက်အခဲရှိ နေသေး
တယ်။ သတင်းတွေကလည်း အဆင်မပြေတဲ့ သတင်းတွေပဲ ကြားနေရတော့ ဒီဘက်ကလူတွေ
က ဟွန်ဒီပဲသုံးကြတာ"ဟု ၎င်းက ပြောသည်။
မိမိတို့နှင့်သိကျွမ်းသူများ ဘဏ်မှငွေလွှဲရာ တွင် အဆင်မပြေမှုများသာကြားသိနေရပြီး မြန်မာ
မိသားစုများမှာလည်း ဘဏ်များက ယင်း နှင့် ပတ်သတ်၍သတင်း တိတိကျကျမထုတ်ပြန် ခြင်း၊
နုနယ်သေးသော ပြည်တွင်းဘဏ် ၀န်ဆောင်မှုများမှာ သုံးစွဲသူများအတွက် အလေ့အထမဖြစ်ပဲ
အားနဲချက်များလည်းတွေ့နေခြင်း ကြောင့် ဟွန်ဒီကိုသာ သုံးစွဲနေသေးကြောင်း ၎င်းကပြော
သည်။
"မြန်မာပြည်မှာ ငွေထုတ်တာအဆင်ပြေတယ်ဆိုရင် Peninsula Plaza မှာရှိတဲ့ ဟွန်ဒီ တွေ
ပြုတ်သွားတာကြာပြီ။ သတင်းအချက်အလက်တွေလည်း တိတိကျကျထုတ်ပြန်တာ မရှိသ
လောက်ပါပဲ။ အကြောင်းကတော့ မြန်မာ ပြည်ထဲမှာ ဘဏ်ကတ်၊ ဘဏ်စာရင်းတွေအသစ်
လုပ်ရ၊ သုံးစွဲရ၊ ငွေထုတ်ရတာတွေအဆင်မပြေ သေးလို့ပါပဲ"ဟု ကိုသိန်းလင်းက ပြောသည်။
စင်ကာပူမှ ဟွန်ဒီဖြင့်ငွေလွှဲလျှင် အများဆုံး သုံးရက်သာကြာမြင့်ပြီး ရုံးဖွင့်ရက်များတွင် ပိုမို
မြန်ဆန်ကြောင်းလည်း ငွေလွှဲသူများက ပြော သည်။
အီလက်ထရွန်းနစ်ပစ္စည်းနှင့် ၀န်ဆောင်မှု ကုမ္ပဏီတစ်ခုတွင် စာရင်းကိုင်အဖြစ် လုပ်ကိုင်
နေသူ မြန်မာဝန်ထမ်း အမျိုးသမီးတစ်ဦးကမူ မိတ်ဆွေများမှတစ်ဆင့် စိတ်ချရသော နောက်
ကြောင်းရှင်းသည့် ဟွန်ဒီဆိုင်ကိုသာ ရွေးချယ် ငွေလဲသင့်ကြောင်းနှင့် ဘဏ်သို့မည်သူမှ
အချိန် ကုန်ခံမသွားကြကြောင်း ပြောသည်။
"အိမ်နားက နေ့တိုင်းဖွင့်တဲ့ မြန်မာဆိုင်မှာ လွှဲတာ။ သူကတစ်ဆင့် Peninsulaကိုပြန်လွှဲ ပြီး
အိမ်က ကမ္ဘောဇဘဏ်မှာ သွားထုတ်တယ်" ဟု ၎င်းကပြောသည်။ ဟွန်ဒီငွေလွှဲရာတွင် ငွေလိမ်
လည်ထွက်ပြေးမှုပေါင်းများစွာရှိသည်။ ယင်းအဖြစ်အပျက်များအနက် ၂၀၁၁ နှောင်းပိုင်း က
အဖြစ်အပျက်မှာ ငွေလွှဲသူနှင့် ၎င်း၏ ဟွန်ဒီ ကွန်ရက်အကြား ကြီးစွာဂယက်ရိုက်ခဲ့သည်။
Peninsulaဈေးဝယ်စင်တာရှိ ရွှေရတနာ အမည်ရှိ ဆိုင်တစ်ဆိုင်သည် အခြားဆိုင်များ ထက်
ငွေလဲနှုန်းကိုတစ်ဒေါ်လာ လေးကျပ်မှ ငါးကျပ်အထိပိုပေးကာ ငွေလွှဲသူအများစု ဖြစ်သည့်
စီးပွားရေးလုပ်ကိုင်နေသည့် မြန်မာ များနှင့် မြန်မာဝန်ထမ်းများထံမှ ငွေပမာဏ များစွာ စုဆောင်း
ခဲ့ပြီး စင်ကာပူဒေါ်လာသန်း ၆၀ ကျော်ကို လိမ်လည်ခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စပေါ်ပေါက်ပြီးနောက်ပိုင်း ဗဟိုဘဏ် ခွင့်ပြုချက်ဖြင့် ပြည်တွင်းဘဏ်များက နိုင်ငံတကာ
ငွေလွှဲဝန်ဆောင်မှုများချိတ်ဆက်ကာ ၀န်ဆောင်မှုစတင်ခဲ့သည်။ ပြည်တွင်းဘဏ် ၁၃ ခု မှာ ထိုင်း
၊ မလေးရှား၊ စင်ကာပူနှင့် ဒူဘိုင်းတို့မှ K-Bank, I-ME, 2C2P, Western Union, Xpress
Money, CI-MB, May Bank, Sing-post, Moneygram နှင့်Trans Fast စသော ဘဏ်ငွေ
လွှဲဝန်ဆောင်မှုများနှင့် ချိတ်ဆက်ထားသည်။
အဆိုပါ၀န်ဆောင်မှုများတွင် ငွေလွှဲခမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့်အထက် ပေးချေသည်။ ထိုသို့
စွန့်စားရမှုများရှိသော်လည်း အများ ပြည်သူနှင့်လက်လှမ်းမီသည့် နှစ် ၅၀ ကျော်ကြာ ရင့်သန်
လာခဲ့သော အိမ်တိုင်ရာရောက် ငွေလွှဲ သည့် ဟွန်ဒီစနစ်ကိုမူ မယှဉ်ပြိုင်နိုင်သေးကြောင်း
ကမ္ဘောဇဘဏ် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းထွဋ်က ပြောသည်။
"ဘဏ်တွေဘက်က ပညာပေးတဲ့အပိုင်းတွေလုပ်ဖို့လိုသေးတယ်။ စွန့်စားရမှုနည်းပြီး လုံခြံုမှု
ရှိတယ်ဆိုတာ ငွေပြေစာရမှာဖြစ်တဲ့အတွက်ပြောစရာမလိုပါဘူး။ ပြီးတော့ ဘဏ်စနစ်ကိုဖြတ်
သန်းသွားတဲ့ငွေလွှဲဟာ လွှဲတဲ့သူအတွက်အကျိုးရှိတယ်ဆိုတာ သိဖို့လိုအပ်တယ်။ ငွေလွှဲမှတ်
တမ်းတွေ ဘဏ်ထဲကိုဝင်သွားတဲ့အခါမှာ နောက်ပိုင်းဒီလူအနေနဲ့ အိမ်ဝယ်မယ်ဆိုလည်း
ဘဏ်က သူ့ဝင်ငွေကိုကြည့်ပြီး အရစ်ကျစနစ်တို့၊ ငှားဝယ်စနစ်ဝန်ဆောင်မှုပေးတာတို့ကို
လုပ်ပေးလို့ရတယ်"ဟု ၎င်းကပြောသည်။
ကမ္ဘောဇအပါအဝင် အခြားပြည်တွင်းဘဏ် များမှာ ဗဟိုဘဏ်သို့ အဆိုပါလုပ်ငန်းလုပ်ကိုင်
ခွင့်ရအောင် လိုင်စင်လျှောက်ထားပြီး ယခုနှစ် အတွင်းရည်မှန်းကြောင်း ၎င်းကပြောသည်။
ထိုင်းနှင့် မလေးရှားနိုင်ငံရောက် မြို့ပြနှင့်အလှမ်းဝေးသောကုမ္ပဏီဝန်ထမ်းနှင့် စက်ရုံလုပ်သား
များအတွက် ဘဏ်ဝန်ဆောင်မှုကို အဆိုပါနိုင်ငံများကိုယ်၌က မဖြည့်ဆည်းပေး နိုင်သေးသလို
စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များဘက် ကလည်း ဘဏ်စနစ်အသုံးပြုရန်အသိပညာပေး ခြင်းမျိုး နည်း
ပါးမှုမှာလည်း ဟွန်ဒီကွန်ရက်ကို ပို၍အားကောင်းစေလိုကြောင်း ဗဟိုဘဏ် တာဝန်ရှိသူကပြော
သည်။
"မြန်မာမိုဘိုင်းဘဏ်စနစ်က ထိုင်းနဲ့ မလေးရှား ထက်ပိုခြေလှမ်းသာတယ်လို့တောင် ပြောလို့
ရမယ်။ အခုဆိုရင် ပြည်တွင်းငွေလွှဲအတွက် ကျေးရွာအထိပါ လွယ်လွယ်ကူကူ ချိတ်ဆက်လို့
ရနေပြီ။ နည်းပညာပိုင်းကိုတော့ နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ပြည်တွင်းဘဏ် တွေ
ပူးပေါင်းသွားရမှာပါ"ဟု ၎င်းကပြောသည်။
နိုင်ငံအရပ်ရပ်ရှိ မြန်မာများ၏ အိမ်သို့ငွေလွှဲပေးပို့မှုမှာ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ရှစ်ဘီ
လျံအတွင်းရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စာရင်းပြုစု ထားသည်။ ဘဏ်များနိုင်ငံ
ခြားငွေလွှဲဝန်ဆောင်မှုပေးချိန်မှစတင်ကာ ၅၀ ရာခိုင်နှုန်းသောငွေလွှဲများမှာ ဘဏ်များမှတရား
၀င်ငွေလွှဲမှဖြတ်သန်းသွားကြောင်း ဗဟို ဘဏ် တာဝန်ရှိသူကပြောသည်။
သို့သော် အများစုမှာ ရုံးလုပ်ငန်းများအတွက် တရားဝင် စာရင်းမှတ်တမ်းရှိရန် ငွေလွှဲမျိုးသာဖြစ်ပြီး
ဆွေမျိုးသားချင်းငွေလွှဲမှုအတွက်မှာမူ ဟွန်ဒီကို သာ အားကိုးနေရသေးကြောင်း နိုင်ငံခြားနှင့်
ငွေလွှဲ၊ ငွေထုတ်လုပ်ကိုင်လျက်ရှိသူများက ခန့်မှန်းသည်။

















