ကားဈေးကွက်အတွင်း သက်ဆိုင်ရာက ယခုနှစ် ထဲ၌ အပ်နှံရန်ကြေညာထားသည့် '၁က' နှင့်
'၂က' အက္ခရာများကြားတွင် စက်မှုဇုန်ထုတ် ကားများကို ကြားဖြတ်အပ်နှံခံသွားမည်ဟု
သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဈေးကွက်ထဲတွင် စက်မှုဇုန်ထုတ်ကားများကိုဝယ်ယူလို
သူများလာပြီး ထိုကားများကို လက်ဝယ်ပိုင်ဆိုင် ထားသူများကလည်း ဈေးမြှင့် ခေါ်လာကြ
ကြောင်း ၀ယ်ရောင်းလုပ်ငန်းရှင်များ က ပြောသည်။
"သက်ဆိုင်ရာက ဒီနှစ်ထဲမှာ လက်ခံမယ့်အက္ခရာကို ကြေညာထားပြီးသားပါ။ ဒီနှစ်ထဲ မှာ
အက္ခရာနှစ်ခုကို အချိန်ခြောက်လစီခွဲပြီး အပ်နှံရမယ်ဆိုလို့ '၁က' အက္ခရာက အစောဆုံး
အပ်နှံပြီးသွားနိုင်တယ်။ အဲဒီလိုအပ်ပြီးတာနဲ့ ဈေးကွက်ထဲက '၂က' အက္ခရာကားတွေကို
အရောင်းအဝယ်ဖြစ်လာနိုင်တယ်။ '၂က' အက္ခရာ ကားက ပုံမှန်ဈေးသာသာလောက်ပဲရှိ
နေတယ်။ ကားတွေ အစောကြီး အပ်လိုက်တဲ့အတွက်ကြောင့် ဈေးကွက်ထဲမှာ စလစ်ရှား
သွားနိုင် တယ်။ ဒီကားပိုင်ရှင်အများစုက ဇုန်ထုတ်ကားတွေကို လက်ခံစေချင်နေကြတဲ့
အတွက်ကြောင့် သတင်းလွှင့်နေတာတွေ လည်းဖြစ်နိုင်တယ်" ဟု ကားအရောင်းအဝယ်
လုပ်ကိုင်သူ ဦးမင်းညွန့် က ပြောသည်။
ကျောင်းဖွင့်ရာသီရောက်ရှိလာခြင်းကြောင့် လုပ်ငန်းသုံးလိုက်ထရပ်ယာဉ်များ အဝယ်လိုက်
လာခဲ့ပြီး နယ်ဝယ်လက်များကြောင့် ကျပ်သိန်း ၁၀၀ အောက် အနိမ့်ကားဈေးကွက်လည်း
အနည်းငယ်သွက်လာကြောင်း ကားဝယ်ရောင်း လုပ်ငန်းရှင်များက ပြောသည်။
"ကားဈေးနှုန်းတွေက အတက်မရှိဘဲ ကျဖို့ပဲ ရှိတယ်။ အခုဆိုရင် Honda Fit ကို ၉၅ သိန်း
လောက်နဲ့ ၀ယ်လို့ရနေပြီ။ ဒါကြောင့် ကားဈေး တွေ ကျဖို့ပဲရှိတော့တယ်။ လုပ်ငန်းသုံးအတွက်
ကတော့ Pro Box ကားတွေဆိုရင် သိန်း ၈၀ စွန်းစွန်းနဲ့ရှာဝယ်လို့ရပါတယ်။ နယ်ဝယ်လ
က်အဆင်းရှိပေမယ့် အရောင်းအဝယ်ကတော့ ထင်သလောက်မကောင်းသေးပါဘူး။ ပြီးခဲ့တဲ့နှစ်
မိုးတွင်းက အရောင်းအဝယ်ကောင်းခဲ့ပေမယ့် ဒီနှစ်တော့ သိပ်ပြီးတော့မကောင်းသေးပါဘူး" ဟု
ကားအရောင်းအဝယ် လုပ်ကိုင်သူ ကိုတင် မောင်အေးက ပြောသည်။
ကားဝိုင်းအတွင်း လိုက်ထရပ်ယာဉ်များ အဝယ်လိုက်ခဲ့ပြီး ၀ယ်လက်များမှာ နယ် ၀ယ်လက်များ
ထက် ရန်ကုန်ဝယ်လက်များက ပိုမိုဝယ်ယူကြပြီး အများစုမှာ ကျောင်းကြိုပို့ လုပ်ငန်း လုပ်ကိုင်
ရန်အတွက် ၀ယ်ယူကြခြင်း ဖြစ်ပြီး ကျပ် ၈၅ သိန်းဝန်းကျင်ဖြင့် အရောင်း အဝယ်ဖြစ်ကာ
စက်မှုဇုန်ထုတ်ကားများထက် ပြည်ပမှ တင်သွင်းလာသည့် ကားများကိုသာ ပိုမိုဝယ်ယူကြ
ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
"ကျောင်းကြိုပို့လုပ်ဖို့အတွက် လိုက်ထရပ် ကားတစ်စီးကို သိန်း ၈၀ ကျော်လောက်နဲ့ ၀ယ်လို့
ရပါတယ်။ စက်မှုဇုန်ထုတ်ကားက ဈေးသက်သာပေမယ့် ရေရှည်မှာ ဂျပန်ကားလောက် အလုပ်
မဖြစ်ဘူး။ စက်မှုဇုန်ထုတ်ကားကို ၆၅ သိန်းလောက်နဲ့ရပေမယ့် ရေရှည်မှာ အောက်ပိုင်း၊ ကား
ဘော်ဒီ၊ အင်ဂျင်ပိုင်းတွေက အကြမ်းမခံတဲ့ အတွက် ဂျပန်ကားကိုရှာဝယ်တာပါ" ဟု မင်္ဂလာ
တောင်ညွန့်မြို့နယ်အတွင်း ကျောင်းကြိုပို့ လုပ်ကိုင်သူ ကိုစိန်ဥက ပြောသည်။
ဂျပန်လေလံကားဈေးကွက်မှာလည်း ကျပ်သိန်း ၂၀ ၀န်းကျင်ခန့်မြင့်တက်လာခြင်းကြောင့်
ပြည်တွင်းဈေးကွက်တွင်း စလစ်ဈေးနှုန်းများ လည်း မြင့်တက်လာခဲ့သည်။
















