အရှေ့တောင်အာရှ၏ အောင်မြင်နေသည့် ဆီအုန်းလုပ်ငန်းသည် မကြာသေးခင်က ဖြစ်ပွား ခဲ့
သည့် မိုးခေါင်ရေရှားမှုနှင့်အတူ ယခုနှစ်အကုန်ပိုင်းတွင် ဖြစ်လာနိုင်သည့် အယ်လ်နီညို ရာသီ
ဥတုဖြစ်စဉ်တို့ကို ပူးတွဲကြံုတွေ့နိုင်သည့်အတွက် ထုတ်လုပ်မှုကျဆင်းကာ စားအုန်းဆီဈေးနှုန်း
များမြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ကြိုတင်သတိပေးလာကြသည်။
ကမ္ဘာတစ်ဝန်းရှိ စူပါမားကက်များတွင် တွေ့ ရသည့် ဘီစကစ်နှင့် ခေါင်းလျှော်ရည်ကအစ
မိတ်ကပ်အဆုံး ထုတ်ကုန်မြောက်မြားစွာ၏ အဓိကပါ၀င်ပစ္စည်းဖြစ်သည့် စားအုန်းဆီသည်
ကမ္ဘာ့ထိပ်တန်း ဆီအုန်းထုတ်လုပ်ရာ နိုင်ငံကြီး နှစ်ခုဖြစ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားရှိ
လုပ်ငန်းများကို အလျင်အမြန် ဖွံ့ဖြိုးတိုးတက် စေလျက်ရှိသည်။
သို့သော် ကမ္ဘာ့ဆီအုန်းထွက်ရှိမှု၏ ၈၅ ရာခိုင် နှုန်းထွက်ရှိရာ နေရာဖြစ်ပြီး မိုးသစ်တောတစ်ခွင်
တစ်ပြင်စိုက်ပျိုးထားသည့် ဆီအုန်းစိုက်ခင်းကြီး များရှိရာ ယင်းနိုင်ငံများတွင် ဇန်နဝါရီလနှင့်
ဖေဖော်ဝါရီလ၌ မိုးခေါင်ရေရှားဖြစ်ခဲ့ရာ ယခု နှစ်အကုန်ပိုင်းတွင် ဆီအုန်းထုတ်လုပ်မှု ကျဆင်းနိုင်
ခြေ ရှိသည်။
ဆီအုန်းသီးများသည် သိသာသည့် ထိခိုက် ပျက်စီးမှုများမဖြစ်ခင်အထိ လပေါင်းအတော်ကြာ
ရေမရဘဲ ဆက်လက်ဖြစ်ထွန်းနိုင်သည့်အတွက် ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့် ဆီအုန်း
အသီးထွက်ရှိမှုနှုန်းကို ချက်ချင်း ထိခိုက်မှု မဖြစ်စေခဲ့ချေ။ အင်ဒိုနီးရှားနိုင်ငံတွင် ဆီအုန်းဈေးနှုန်း
များ ပြီးခဲ့သည့်လများတွင် အနည်းငယ်မြင့်တက် ခဲ့ရာ နိုင်ငံ၏ဆီအုန်းလုပ်ငန်းရှင်များအသင်းက အခြားအကြောင်းအရာများကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ရသည်ဟု အကြောင်းပြထားကြပြီး မိုးခေါင်
ရေရှားမှုကြောင့် ထိခိုက်မှုကို ၂၀၁၄ အကုန်ပိုင်းမှ စတင်ခံစားရဖွယ်ရှိသည်ဟု ဆီအုန်း လုပ်ငန်း
လေ့လာသူများက ခန့်မှန်းကြသည်။
"မိုးခေါင်မှုရဲ့ဆိုးကျိုးတွေကို စက်တင်ဘာလ နဲ့ အောက်တိုဘာလလောက်ကစပြီး ခံစား ရဖွယ်
ရှိပါတယ်။ ပြီးတော့ ထုတ်လုပ်မှုအရ လည်း အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံမှာ ဆီအုန်းထုတ်လုပ်မှု
၁၀ ရာခိုင်နှုန်းနဲ့အထက် ကျဆင်းဖွယ်ရာရှိပါတယ်" ဟု စင်ကာပူအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ
Philip Futures ၏ဆီအုန်းဈေးကွက်ဆိုင်ရာကျွမ်းကျင်သူ တန်ချီတတ်က ခန့်မှန်းသည်။
"ကုမ္ပဏီတွေ ဆီအုန်းဈေးကို ဆွဲတင်ဖို့ များပါ တယ်" ဟု ၎င်းက ပြောသည်။ မိုးခေါင်မှုကြောင့်
အထိနာနိုင်သည့်ဆီအုန်းလုပ်ငန်းကို ဗူးလေးရာဖရုံဆင့်ဖြစ်စေနိုင်သည့် နောက်ထပ်အကြောင်း
အရာတစ်ရပ် ထပ်မံ ထွက်ပေါ်လာနိုင်ဖွယ်ရာ အနေအထားကလည်း ရှိနေသည်။ ယင်းမှာ
၂၀၁၅ ခုနှစ်၏ ဆီအုန်း ထုတ်လုပ်ရေးကို ထိခိုက်စေနိုင်သည့် နောက်ထပ် မိုးခေါင်ရေရှားမှုကို
ဖြစ်စေနိုင်သည့် အယ်လ် နီ ညိုရာသီဥတုဖြစ်စဉ် ယခုနှစ်အကုန်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်ကြောင်း
မိုးလေဝသပညာရှင် များက ခန့်မှန်းထားကြခြင်းပင် ဖြစ်သည်။
ဩစတြေးလျ မိုးလေဝသဌာနက ပြီးခဲ့သည့် သီတင်းပတ်အတွင်း အယ်လ်နီညိုသတိပေး ချက်
ထုတ်ပြန်ခဲ့ပြီး အယ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ခြေသည် အနည်းဆုံး ရ၀ ရာခိုင် နှုန်း
ရှိသည်ဟု သတိပေးထားပြီး ယင်းဖြစ်စဉ် သည် အစောဆုံး ဇူလိုင်လ၌ စတင်ဖြစ်လာနိုင် သည်
ဟု ခန့်မှန်းထားသည်။
ယင်းသတိပေးထုတ်ပြန်ချက်သည် အယ်လ်နီ ညိုဖြစ်လာနိုင်သည့် အလားအလာများရှိကြောင်း
အခြားမိုးလေဝသဌာနများက မကြာသေးခင် က သတင်းထုတ်ပြန်ခဲ့ပြီးသည့်နောက်တွင် ထွက်
ပေါ်လာခြင်းဖြစ်သည်။ နှစ်နှစ်မှ ခုနစ်နှစ်အတွင်း ပြန်လည်ဖြစ်ပေါ် လေ့ရှိသည့် အယ်လ်နီညိုသည်
အင်ဒိုနီးရှား ပတ်ဝန်းကျင်ရှိရေများ ပူနွေးလာပြီး အရှေ့ဘက် သို့ဆက်လက်စီးဆင်းသွားကာ
အရှေ့ပစိဖိတ်သမုဒ္ဒရာမျက်နှာပြင်တွင် စုပုံလာသည့်အခါ ဖြစ်ပေါ်လေ့ရှိသည်။
အင်ဒိုနီးရှား ဆီအုန်းလုပ်ငန်းရှင်များ အသင်း အမှုဆောင်ဒါရိုက်တာ င်္ေိ့ငူ ံေျညေ က အယ်လ်နီညို
ကြောင့် ၂၀၀၈ ခုနှစ်တွင် ဆီအုန်း ထုတ်လုပ်မှုများ ထိခိုက်ခဲ့ရပြီး စားအုန်းဆီ တစ်တန်လျှင်
ဒေါ်လာ ၁,၂၀၀ အထိ မြင့်တက်ခဲ့ကြောင်း ပြောသည်။ နိုင်ငံတကာ ဈေးကွက်အတွင်း လက်ရှိ
စားအုန်းဆီပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၉၃၀ ရှိသည်။ သို့သော် ဈေးကစားခြင်းကဲ့သို့
သော အခြား အကြောင်းများကြောင့်လည်း စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်နိုင်
ကြောင်း ၎င်းကပြောသည်။
မလေးရှားရှိ Philip Futures ရင်းနှီးမြှုပ်နှံမှုဘဏ်က ဆီအုန်းစိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင် သူ
အလန်လင်းမ်က အယ်လ်နီညိုကြောင့်ဖြစ်နိုင်သည့် အနေအထားကို အဆိုးဝါးဆုံးခန့်မှန်း ကြည့်
ပါက ထိပ်တန်းဆီအုန်းထုတ်လုပ်ရာ နှစ်နိုင်ငံ၏ ဆီအုန်းထုတ်လုပ်မှုသည် ၃၀ ရာခိုင် နှုန်း ကျဆင်း
သွားနိုင်သည်ဟု ပြောသည်။
စားအုန်းဆီ ထုတ်လုပ်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများမြင့်တက်လာနေသော်လည်း စားအုန်းဆီ
လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူ များသည် ဖြစ်ပေါ်လာနိုင်သည့် စိုးရိမ် ပူပန်စရာများကို မေ့
ထားနိုင်ရန် ကြိုးစား နေကြပြီး မိုးခေါင်ရေရှားဒဏ်ခံနေရသည့် ကာလအတွင်းတွင် ဆီအုန်း
လုပ်ငန်း ပြိုင်ဘက်များကို ဆက်လက်ဦးဆောင်နိုင် လိမ့်ဦးမည်ဟု အကောင်းမြင် သုံးသပ်နေ
ကြသည်။
ဆီအုန်းသည် ဆီထွက်သီးနှံများတွင် အထွက်အများဆုံးဖြစ်ပြီး ဆီအုန်းစိုက်ရန်မြေနေရာမှာ
ပဲပိစပ်ကဲ့သို့သော အခြားဆီထွက်သီးနှံများ စိုက်ပျိုးရန်အတွက် လိုအပ်သည့်မြေ နေရာ အကျယ်
အဝန်း၏ ထက်ဝက်အောက်သာ လိုအပ်သည်ဟု စားအုန်းဆီရေရှည်စားသုံးနိုင် ရေးနှင့်
အထွက်နှုန်းတိုးတက်ရေးဆိုင်ရာ အဖွဲ့ အစည်းတစ်ခု၏ စားအုန်းဆီရေရှည်တည်တံ့ရေး
ဆိုင်ရာ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့သည်။
ဆီအုန်းကထုတ်ယူရရှိသည့် စားအုန်းဆီသည် ကမ္ဘာ့ဈေးအချိုဆုံး ဟင်းရွက်ဆီဖြစ်သည်။
အင်ဒိုနီးရှား မိုးလေဝသဌာနကလည်း အယ်လ်နီညိုကြောင့် ထိခိုက်နိုင်သည့် အလား အလာ
သည် နိုင်ငံ၏ အဓိကဆီအုန်းစိုက်ခင်း များဖြစ်သည့် အနောက်ဆူမာတြာကျွန်းနှင့် ဘော်နီယို
ကျွန်းတို့ရှိ စိုက်ခင်းများကို ထိခိုက် စေနိုင်ဖွယ်ရာရှိသည်ဟု ခန့်မှန်းထားသည်။
"စားအုန်းဆီထုတ်လုပ်မှု ကျဆင်းသွားမလား မြင့်တက်လာနိုင်မလားဆိုတာက ပြဿနာ
မဟုတ်ပါဘူး။ ဒါပေမဲ့ ဆီအုန်းကိုဘယ်လိုထုတ် လုပ်မယ်ဆိုတာကသာ စဉ်းစားစရာပါ" ဟု
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် Greenpeace International ၏
Indonesia Forest Campaign အဖွဲ့ ဥက္ကဋ္ဌ ဘတ်စ်တာမေတာက ပြောသည်။
"ဆီအုန်းထုတ်လုပ်မှုကြောင့် သစ်တောတွေ ပျက်စီးတာ၊ မြေဆီလွှာတွေ ပျက်စီးတာ ဒါမှမဟုတ်
လေထုနဲ့ ဒေသအနှံ့ကာဗွန်တွေ ထုတ်လုပ်ပေးနေတဲ့ မီးရှို့ပြီးတောရှင်းတာမျိုး တွေ မဖြစ်သင့်ပါဘူး"
ဟု ဆီအုန်းစိုက်ပျိုးရေး အတွက် မီးရှိုပြီး စိုက်ကွက်များဖော်နေကြခြင်းနှင့်ပတ်သက်၍ ၎င်းကပြော
သည်။
(အေအက်ဖ်ပီ)

















