မြန်မာနိုင်ငံတွင်း ထိုင်းရင်းနှီးမြှုပ်နှံမှု ရေရှည်တွင်ထိခိုက်လာနိုင်

မြန်မာနိုင်ငံတွင်း ထိုင်းရင်းနှီးမြှုပ်နှံမှု ရေရှည်တွင်ထိခိုက်လာနိုင်

ထိုင်းနိုင်ငံတွင်း လတ်တလောဖြစ်ပေါ်လျက် ရှိသော နိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံ
သို့ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မှာ လာမည့်အချိန်အနည်းငယ်အတွင်း တိုးတက်လာဖွယ်ရှိသော်
လည်း ရေရှည်တွင် မြန်မာနိုင်ငံတွင်းရှိ ထိုင်းရင်းနှီးမြှုပ်နှံမှုများ ထိခိုက်လာဖွယ်ရှိကြောင်း ကျွမ်း
ကျင်သူများက သုံးသပ်သည်။

"ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကတော့ ကျသွားဖို့ထက် တိုးလာဖို့အခြေအနေရှိပါတယ်။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ကတော့ သူတို့ဆီမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေ အနေပေါ်မူတည်
ပြီး ချက်ချင်းတော့ ရောက်လာ ဖို့မရှိသေးဘူး" ဟု ပါရမီစွမ်းအင်များဂရု(ပ်)မှ အကြီးတန်းအကြံ
ပေး ဒေါ်တင်တင်ဌေးက ပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များအနက် ထိုင်း စီးပွားရေးလုပ်
ငန်းရှင်များသည် မြန်မာနိုင်ငံတွင်းသို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလုပ်ကိုင် လိုကြသော်လည်း ၎င်း
တို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေကြောင့် ချင့်ချိန်နေရပြီး မြန်မာနိုင်ငံ တွင်း၌ အခြေခံအအောက်
အအုံအားနည်းချက် များရှိနေခြင်း၊ နိုင်ငံရေးတည်ငြိမ်မှု အပြည့်အဝ မရှိသေးခြင်း၊ မြေယာငှား
ရမ်းခနှင့် အိမ်ခြံမြေ ဈေးနှုန်း မြင့်မားခြင်းတို့ကြောင့်လည်း ရင်းနှီး မြှုပ်နှံရန် တွေဝေနေခြင်းဖြစ်နိုင်
ကြောင်း ၎င်းက ပြောသည်။

"သူတို့ဆီကလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံ ရဲ့ အိမ်ခြံမြေဈေးနှုန်းအဆမတန် ကြီးမြင့်မှု နဲ့ ဘာသာ
ရေးဆိုင်ရာ ပဋိပက္ခတွေအပေါ် မှာ အဓိက ပိုပြီးစိုးရိမ်ကြတာ" ဟု ဒေါ်တင်တင် ဌေးကပြောသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ ဘဏ်လုပ်ငန်း၊ ထုတ်ကုန်
လုပ်ငန်း၊ အခြေခံစားသောက်ကုန်လုပ်ငန်း၊ ဟိုတယ်နှင့်စား သောက်ဆိုင်လုပ်ငန်း များတွင်
ထိုင်းနိုင်ငံ၏စီးပွားရေးလုပ်ငန်းကြီး အချို့က ရင်းနှီးမြှုပ်နှံမှုပြုထားခြင်းဖြစ်ပြီး ထင်ရှားသည့်
လုပ်ငန်းများမှာ ကမ်းဝေးရေနံတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ၊ အခြေခံ စားသောက်ကုန်နှင့်
စားသောက်ကုန် ထုတ်လုပ် ရေးလုပ်ငန်းများဖြစ်သည်။ အထူးသဖြင့် ထိုင်းနိုင်ငံ၏ ထုတ်ကုန်များ
အတွက်အဓိကရည်ရွယ်ထားသည့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ထိုင်းနှင့် မြန်မာ
နိုင်ငံအကြား နိုင်ငံရေးအ ခြေအနေပေါ်ရပ်တည် ထားရသည့် ထင်ရှားသောစီမံကိန်းတစ်ခုဖြစ်
သည်။

ယင်းသည် ကပ္ပလီပင်လယ်ကိုဖြတ်သန်း ကာ ထိုင်းနိုင်ငံထုတ်ကုန်များကို မြန်မာနိုင်ငံသို့
တင်ပို့နိုင်ရန် ရည်ရွယ်တည်ဆောက်ထားသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခုလည်းဖြစ်
သည်။

"ထိုင်းနိုင်ငံမှာ နောက်ထပ်ဘယ်အစိုးရပဲ တက်လာပါစေ၊ ဒီထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ
့ပတ်သက်လို့ ထိုင်းနိုင်ငံက စိတ်အားထက်သန်မှုရှိနေမှာဖြစ်ပြီး မြန်မာနိုင်ငံ ကလည်း အကျိုး
အမြတ်ရနိုင်မှာ ဖြစ်တယ်ဆိုတာပါပဲ" ဟု အရှေ့တောင်အာရှရေးရာ လေ့လာသုံးသပ်သူ
မစ္စတာလယ်ရီဂျဂန်က မြန်မာတိုင်း(မ်)ကို ပြောသည်။

သို့သော် ထိုလုပ်ငန်းများမှလွဲ၍ ထိုင်းနိုင်ငံ အပါအဝင် ထိုင်းနိုင်ငံအခြေစိုက် စီးပွားရေး လုပ်ငန်း
များသည် တရုတ်နှင့် ဂျပန်ကဲ့သို့ မြန်မာ နိုင်ငံ၌ ပမာဏကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု မရှိသေး
ကြောင်း၊ အခြားနိုင်ငံများမှ ရင်းနှီး မြှုပ်နှံသူများသည် အင်စတီကျူးရှင်းအထောက်အပံ့များမှ
တစ်ဆင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှုအခန်းကဏ္ဍတွင် အကျိုးအမြတ်များ ရှိထားပြီးဖြစ်ကြောင်း
၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး