မြန်မာနိုင်ငံတွင် ကျောက်မျက်ပွဲတော်ကို မေလ ၉ ရက်မှ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်း
ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၀
ကျော်က စိတ်ဝင်စားလျက်ရှိကာ ကျောက်မျက်နှင့် ပတ်သက်သည့် နည်းပညာများ ရရှိနိုင်မည့်
အခွင့်အလမ်း ကောင်းဖြစ်ကြောင်း ကျောက်မျက် ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များ က ပြော
သည်။
ပြပွဲတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီပေါင်း ၄၀ ခန့်က ဆိုင်ခန်းပေါင်း ၄၈ ခန်းခန့်ဖွင့်လှစ်ကာ နံနက်
၉ နာရီမှ ညနေ ၅ နာရီထိ ခင်းကျင်းပြသသွားမည်ဖြစ်သည်။
"မြန်မာနိုင်ငံမှာ သယံဇာတတွေပေါများပေမယ့် အခုလိုကျောက်မျက်ပြပွဲတွေ မလုပ်ဖူးသေးဘူး။
ဒီပြပွဲကနေ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်ပြီး အများကြီး အကျိုးရှိနိုင်ပါတယ်" ဟု ရွှေနန်းတော်
ရတနာရွှေဆိုင်မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာအောင်ကျော်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ စတင်နေသည့် ယခုအချိန်တွင်
အခွင့်အလမ်းများကို လက်လွတ်မခံဘဲ ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့်လည်း ပါ၀င်ဆင်နွှဲနိုင်ရန်
ဖိတ်ခေါ်ကြောင်း ၎င်းက ပြောသည်။
"မြန်မာနိုင်ငံရဲ့ ကျောက်မျက်နဲ့ဆိုင်တဲ့ လုပ်ငန်းတွေက နှစ် ၅၀ လောက် နောက်ကျကျန်နေခဲ့တာပါ။
အခု ဖိတ်ထားတဲ့နိုင်ငံတွေက ကျောက်မျက်နဲ့ပတ်သက်တဲ့ နည်းပညာပိုင်းမှာ ကျွမ်းကျင်တဲ့ နိုင်ငံ
တွေပါ။ သူတို့က ကျောက်မျက်တွေ လာရောင်းမှာ မဟုတ်ပါဘူး။ နည်းပညာကိုပဲ လာပြီးပြသတဲ့
သဘောပါ။ သူတို့အတွက်က မြန်မာနိုင်ငံမှာ ဖြန့်ချိသူလည်း မရှိသေးတော့ ချိတ်ဆက်မိဖို့လည်း
ပါပါတယ်" ဟု ၎င်းက ပြောသည်။
ပြည်ပ ကုမ္ပဏီများ အနေဖြင့် အီတလီ၊ အိန္ဒိယ၊ အမေရိကန် နှင့် ထိုင်း နိုင်ငံတို့မှ ကုမ္ပဏီများကို
ဖိတ်ခေါ်ထားပြီး နည်းပညာကျွမ်းကျင်သော စပိန်၊ ဂျာမနီနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ မှလည်း
လာရောက်မည်ဖြစ်ကြောင်း ဒေါက်တာအောင်ကျော်ဝင်းက ပြောသည်။
ပြပွဲတွင် ပြည်တွင်းမှဝယ်ယူလိုသူများကိုလည်း ရောင်းချပေးသွားဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗျငေ ဃသညညနခအ ဃသာစညေပ ူအိ မှ မြ ငြခ့နေူ ု့ညေငျျ ဲညေိ က မြန်မာ နိုင်ငံတွင်
သယံဇာတတွင်းထွက်ပစ္စည်းလုပ်ငန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသော်လည်း နယူးယော့ခ်၊
ဟောင်ကောင်နှင့် ဘန်ကောက် တို့ကဲ့သို့ ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်ခြင်းမရှိကြောင်း၊
၎င်းအနေဖြင့် အဆင့်မြင့်နည်းပညာများနှင့် မြန်မာနိုင်ငံတွင်မရှိသေးသော 3D နညး်လမး် အသုံးပြု
ထားသော နည်းပညာများကို ပြသပေးနိုင်မည် ဖြစ်ကြောင်း ပြောသည်။
"ဒီတစ်ခေါက်က ပထမဆုံးအကြိမ်မို့ နည်းပညာတွေကို မိတ်ဆက်တဲ့သဘောပါ။ ၂၀၁၄ ခုနှစ်၊
ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ပြပွဲလုပ်ဖို့ရှိပါတယ်။ အဲဒီအချိန်ရောက်ရင်တော့ နိုင်ငံတကာက
၀ယ်သူတွေကို တစ်ခါတည်း ခေါ်လာဖို့ရှိပါတယ်။ လောလောဆယ် ဖြန့်ချိသူလည်း မရှိသေးပါဘူး"
ဟု ၎င်းက ပြောသည်။

















