ဂျပန်သို့ ၄၅နှစ်အတွင်း ပထမဆုံးအကြိမ် မြန်မာ့ဆန် ပြန်တင်ပို့မည်

ဂျပန်သို့ ၄၅နှစ်အတွင်း ပထမဆုံးအကြိမ် မြန်မာ့ဆန် ပြန်တင်ပို့မည်

မြန်မာ့စီးပွားရေး အများပိုင် ကော်ပိုရေးရှင်းနှင့် ဂျပန်ကုမ္ပဏီ MITSUI ကုမ္ပဏီတို့ ပူးပေါင်းကာ
၂၀၁၃ ခုနှစ်အတွက် ဂျပန်နိုင်ငံမှ ခေါ်ယူသော ကမ္ဘာလုံးဆိုင်ရာ ဆန်တင်ပို့မှု တင်ဒါအတွက် မြန်မာ
နိုင်ငံမှ ဆန်တန်ချိန် ၅,၀၀၀ အား ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် တင်ပို့ရန်အတွက် သဘောတူစာချုပ်ချုပ်
ဆိုပွဲကို မေလ ၄ ရက်နေ့က ချုပ်ဆိုခဲ့သည်။

"မြန်မာနိုင်ငံရဲ့ တန်းမြင့်ဆန်ဖြစ်တဲ့ ဆင်းသွယ်လတ်ဆန် တန်ချိန် ၅,၀၀၀ ကို ဂျပန်နိုင်ငံကိုတင်ပို့
သွားမှာ ဖြစ်ပါတယ်။ အခုလိုတင်ပို့ခွင့်ရတာကိုလည်း အထူးဂုဏ်ယူပါတယ်" ဟု ရန်ကုန်တိုင်း
ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက မြန်မာနိုင်ငံ ကုန်သည် နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်တွင် ကျင်းပသော သဘောတူ စာချုပ် ချုပ်ဆိုပွဲတွင်ပြောသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်တင်သွင်းမှုကို ၁၉၆၈ ခုနှစ်မှ စတင်ခါ ၄၅ နှစ်နီးပါးရပ်ဆိုင်းခဲ့ပြီးမှ
ယခု ပထမဆုံးအကြိမ် ပြန်လည်တင်ပို့ခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့်
သစ်တောရေးရာ ၀န်ကြီးဌာနမှ အုပ်ချုပ်မှု ဒါရိုက်တာ မစ္စတာတာကေဟာရူ အီမာရှီရိုက
ပြောသည်။

"အခုလို ပြောခွင့်ရတဲ့အချိန်မှာ ဂျပန်နိုင်ငံရဲ့ အဖြစ်အပျက် တစ်ခုကို ပြောပြလိုပါတယ်။ ၁၉၄၀ ပြည့်
လွန် နှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်နိုင်ငံဟာ အစာရေစာ ပြတ်လပ်မှုဘေး ကြံုတွေ့ခဲ့ရပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော်တို့နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ အကူအညီကိုယူခဲ့ရပြီး နှစ်စဉ် နှစ်တိုင်း
ဆန်ပုံမှန် တင်သွင်းခဲ့ရပါတယ်။ အဲဒါကလည်း ၁၅ နှစ်ကျော်ကြာခဲ့ပါတယ်။ အဲဒီအချိန်က
ကျွန်တော်တို့ အနေနဲ့ အစာရေစာ ပြတ်လပ်မှု ဒုက္ခကိုကျေ ာ်ဖြတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံက
အကူအညီကိုလည်း ယူခဲ့ရပြီး ဆန်၊ ပြောင်းနဲ့ တခြား အစားအစာတွေကို စားသုံးပြီး နိုင်ငံအတွက်
ပြန်လည်တည်ဆော က်ရေးတွေ ပြုလုပ်ခဲ့ရပါတယ်" ဟု မစ္စတာ တာကေဟာရူ အီမာရှီရို က
ပြောသည်။

ဂျပန်နိုင်ငံသို့ ယခုအကြိမ် ဆန်တင်ပို ့ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ဆန်တင်သွင်းမှု တင်ဒါခေါ်ယူခြင်း
ကြောင့် ဖြစ်ပြီး နောက်ထပ် တင်သွင်းရန် ဆန်တင်ဒါ ၀င်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း နှင့်
ပုံမှန်တင်သွင်းခွင့်ရရှိရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား
အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

"ဂျပန်ကို နိုင်ငံအလိုက် ပုံမှန်တင်သွင်းခွင့်ရနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံလိုမျိုးဖြစ်အောင် မြန်မာနိုင်ငံ
ကလည်း ကြိုးစားသွားမှာပါ။ တင်ဒါအောင်မှ တင်သွင်းတာမျိုး မဟုတ်ပဲ ပုံမှန်တင်သွင်းနိုင်အောင်
ကြိုးစားသွားမှာပါ။ ဂျပန်နိုင်ငံကို တင်သွင်းဖို့ လိုအပ်တဲ့အရည်အချင်းပြည့်မီအောင် စိုက်ပျိုးထုတ်
လုပ်တဲ့ နည်းပညာကအစ ဂျပန်ကုမ္ပဏီ MITSUI နဲ့ ပူးပေါင်းပြီး ပြုပြင်ရေး တွေ လုပ်သွားမှာပါ"ဟု
ဒေါက်တာစိုး ထွန်းက ပြောသည်။

မစ္စတာ တာကေဟာရူ အီမာရှီရို က "ထိုင်းနိုင်ငံကနေ နှစ်စဉ်တင်သွင်းတယ်ဆိုတာ အရည်အသွေး
နဲ့ ဈေးနှုန်းတည်ငြိမ်မှုရှိလို့ပါ။ မြန်မာနိုင်ငံအနေနဲ့လည်း တူညီတဲ့အရည်အသွေးရှိပြီး အဲဒီလို ဈေးနှုန်း
နဲ့သာ ရောင်းချပေးနိုင်မယ ်ဆိုရင် ပုံမှန်တင်သွင်းလို့ရပါတယ်" ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံ
အနေဖြင့် လယ်ယာကဏ္ဍကို မြှင့်တင်ရာတွင်တန်း မြင့်ဆန်များ တင်ပို့ရောင်းချနိုင်ရေးအတွက်
Supply Chain ကို တိုးမြှင့်သွားမည်ဖြစ်ပြီး လယ်ယာသုံးပစ္စည်းများ တင်သွင်းရာတွင် အခွန်နှုန်း
ထားများ လျှော့ချ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး အဆိုပါပစ္စည်းများ တင်သွင်းရန်အတွက် အခွန်
ကင်းလွတ်ခွင့်သက်တမ်းလည်း တိုးမြှင့်ပေးနေပြီ ဖြစ်ကြောင်း ပြောသည်။

ယခု ဂျပန်နိုင်ငံသို့ တန်ချိန် ၅,၀၀၀ တင်ပို့မည်ဆန်များမှာ အကျိုးအကြေ ငါးရာခိုင်နှုန်းသာ ပါ၀င်
သော အရည်အသွေးမြင့် ဆန်များဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး