ကားဈေးကွက်အတွင်း မူလကားဟောင်းများကိုသာ ပိုမိုစိတ်ဝင်စား

ကားဈေးကွက်အတွင်း မူလကားဟောင်းများကိုသာ ပိုမိုစိတ်ဝင်စား

ရန်ကုန်ကားစျေးကွက်အတွင်း ၀ယ်ရောင်းလုပ်ကိုင်သူများအနေဖြင့် အသစ်တင်သွင်းသည့်ကားများ
ထက် ဈေးကွက်တွင်းမှ မူလရှိရင်းစွဲ ကားများကိုသာ စိတ်ဝင်စားမှုရှိကြပြီး ဈေးကွက်တွင်း အရောငး်
အဝယ်မှာလည်း ထင်သလောက် မဖြစ်ခဲ့ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

"ထင်ထားသလိုပဲ ဈေးကွက်က တော်တော်လေး အေးနေတယ်။ အရောင်းအဝယ်က
မဖြစ်သလောက်ပါဘဲ။ တစ်နေ့ တစ်နေ့ ကားဝိုင်းထဲ ငုတ်တုတ်ထိုင်ပြီးပြန်သွားရတဲ့ နေ့ပေါင်း
ကလည်း မနည်းတော့ဘူး။ ဒီကြားထဲ အပေါင်းအသင်းနဲ့တွေ့ရင် လက်ဖက်ရည်ဆိုင်ထိုင်ပြီး
နောက်ဆုံး ငွေကုန် လေကုန် ကားရေဆေးခရှင်းပြီး ညနေစောင်းလို့အိမ်ပြန်ခဲ့ရတဲ့ရက်တွေ
ကလည်း သင်္ကြန်မတိုင်ခင်ကစခဲ့တာ အခုထိပဲ" ဟု ကားဝယ်ရောင်းဖြစ်သူ ကိုဦးက ပြောသည်။

ကားဈေးကွက်တွင်း အရောင်းအဝယ် ထင်သလောက်မဖြစ်ဘဲ ပုံမှန်တစ်ပတ်လျှင်အနည်းဆုံး
တစ်စီးခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသော အချို့အကျိုးဆောင်များမှာ ရရှိသည့် ငွေကို ခွဲဝေသုံးစွဲ
ရသဖြင့် တွက်ခြေမကိုက်ကြောင်း ကားလုပ်ငန်းရှင်များက ပြောသည်။

"အရောင်းအဝယ်က အခုချိန်မှာ ဘယ်သူမှမကော င်းဘူးဖြစ်နေတယ်။ ဖြစ်ပြန်တော့လည်း တစ်စီး
အတွက်ရတဲ့အကျိုးအမြတ်ကို ကိုယ့်အပေါင်းအသင်းတွေကို ခွဲဝေပေးပြီး မျှယူနေ ရတယ်။ ခါတိုင်း
အချိန်တွေမှာ ပွဲခ ငါးသိန်းရရင် အခုဆိုရင်သုံးယောက်ပေါင်းလုပ်လို့ ခွဲယူရတော့ တစ်ယောက်ကို
တစ်သိန်းကျော်ကျော် လောက်ပဲရတော့တယ်" ဟု ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုစိုးဝင်းထွဋ်က
ပြောသည်။

ကားဈေးကွက်အတွင်း အရောင်းအဝယ်ပါးလာခြင်းမှာ ပြည်ပကားကုမ္ပဏီများက မြန်မာ နိုင်ငံတွင်
စက်ရုံများ လာရောက်တည်ဆောက်ကာ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်မှုများ ရှိနေခြင်း၊ ဈေးကွက်တွင်း
ပြည်ပမှတင်သွင်းလာသည့်ကားအများစုမှာ တစ်ပတ်ရစ်ကားများ ဖြစ်ခြင်းကြောင့် စက်ပိုင်းဆိုင်ရာ
အားနည်းမှုများ ရှိနေခြင်းနှင့် ကားတင်သွင်းရာတွင် ပေးချေရသည့် အခွန်အခများခြင်းတို့ကြောင့်
ဖြစ်ပြီး ကားဟောင်းအပ်နှံပြီး ကားသစ်တင်သွင်းလို သူများမှာလည်း ပြည်ပမှတင်သွင်းရန်ထက်
ပြည်တွင်း ဈေးကွက်ရှိ တစ်ပတ်ရစ် ဂျပန်ကားများကိုသာ ငွေကျပ်သိန်းတစ်ရာအောက်ဈေးများဖြင့်
၀ယ်ယူရန်သာ စိတ်ဝင်စားကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုကျော်ဦးက ပြောသည်။

"ဈေးကွက်ထဲမှာ ကားဟောင်းအပ်ပြီး စလစ် ပြန်ရောင်းတဲ့သူတွေကိုကြည့်ရင် ပြည်ပက ၀င်လာတဲ့
ကားသစ်တွေသိပ်ပြီးစိတ်ဝင်စားတာ မတွေ့ရတော့ဘူး။ သူတို့ကိုမေးရင် အခုတင် သွင်းလာတဲ့ကား
တွေက ကားအဟောင်းတွေဖြစ်ပေမယ့် ဈေးက သိန်းတစ်ရာကျော်ရှိတဲ့အတွက် မဝယ်တော့ဘူးလို့
ပြောတယ်။ လက်ရှိလည်ပတ်နေတဲ့ကားတွေကလည်း ဂျပန်ကား တွေဖြစ်ပြီး သိန်း ၆၀ လောက်
ဆိုရင် Suzuki R+ လောက်တောင် ရနိုင်တယ်လို့ ပြောတယ်" ဟု ကားဝယ်ရောင်း လုပ်ကိုင်သူ
ကိုသက်ခိုင်က ပြောသည်။

ဈေးကွက်အတွင်းရှိ Nissan AD Van နှင့် Pro Box ကားပိုင်ရှင်များမှာလည်း မိမိတို့ကားများကို
လက်ရှိပေါက်ဈေးဖြင့်ပြန်လည်ရောင်းချကာ သိန်း ရ၀ မှ ၈၀ ၀န်းကျင်ခန့်ရှိသည့် ဂဏန်းအက္ခရာ
ကားများကို ပြန်လည်ဝယ်ယူမှုများရ ှိကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများ က ပြောသည်။

ကားဈေးကွက်အတွင်း မိုးတွင်း၌ အရောင်းအဝယ် ပုံမှန်ပြန်လည်ကောင်းမွန်တတ်သော်လည်း
ယခုနှစ် မိုးရာသီကို မျှော်မှန်း၍မရနိုင်ကြောင်း၊ ကျောင်းဖွင့်ရာသီ ရောက်တော့မည် ဖြစ်သဖြင့်
ဈေးကွက်အတွင်း လုပ်ငန်းသုံးကားများမှာလည်း သိန်း ၁၂၀ အထက်ဖြင့် ပုံမှန်အရောင်းအဝယ်
ဖြစ်လျက်ရှိကြောင်း ကားဝယ်ရောင်းများက ပြောသည်။

ကားဈေးကွက်အတွင်း 'လ' အက္ခရာကား များမှာ ကျပ်သိန်း ရ၀ ကျော်နှင့် 'အ' အက္ခရာ ကားများ
မှာ သိန်း ၈၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းလည်း ၀ယ်ရောင်း လုပ်ငန်းရှင်များက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး