မေလ လဆန်းပိုင်းမှစ၍ ဈေးနှုန်းတည်ငြိမ်နေခဲ့သည့် ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေး အတက်
အကျကြမ်းခြင်း နှင့်အတူ ယခုရက်ပိုင်းအတွင်း အတက်အကျ မြန်နေကြောင်း ရွှေအရောင်းအဝယ်
လုပ်ငန်း လုပ်ကိုင်သူများနှင့် ရွှေဆိုင်ပိုင်ရှင်များက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်းလို့ ပြည်တွင်းရွှေဈေးကလိုက်ပြီး အတက်အကျ မြန်နေပေမယ့်
ကမ္ဘာ့ ရွှေဈေးက တစ်အောင်စကို 'ကန်'ဒေါ်လာ ၁,၃၅၉ လောက်ကနေ ၁,၃၄၁ လောက်အထိကို
ကျသွားတဲ့အချိန်မှာ ပြည်တွင်းရွှေဈေးက ငါးထောင်ကျော်လောက်ပဲ ကျသွားတယ်"ဟု မြန်မာနိုင်ငံ
ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ ဈေးကွက်ပိုင်းဆိုင်ရာအုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ဝင်း
(ဦးထုံ ရွှေပန်းထိမ်)က ပြောသည်။
ယခုလ ၂၀ ရက်နေ့တွင် ပြည်တွင်း အခေါက်ရွှေဈေးမှာ အနိမ့်ဆုံးဈေးအဖြစ် တစ်ကျပ်သားလျှင်
ကျပ် ၆၉၈,၅၀၀ အထိ ကျဆင်းသွားခဲ့သည်။
"ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်းတာကတော့ အနောက်နိုင်ငံကရွှေတွေ ထုတ်ရောင်းသမျှကို
အရှေ့နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့က အကုန်ဝယ်လို့ဖြစ်နိုင်ပြီး ပြည်တွင်းမှာတော့ ရွှေတွင်း
တွေပြိုတာကလည်း ပြည်တွင်း ရွှေထွက်နှုန်းအပေါ် သက်ရောက်မှုနည်းနည်းရှိတာဖြစ်နိုင်ပြီး ရွှေဈေး
ကျတဲ့အတွက် ရွှေဝယ်ရောင်းသမားတွေက ရွှေကိုပြန်မရောင်းတော့ဘဲ လက်ထဲမှာကိုင်ထားတဲ့
အတွက် ဈေးကွက်မှာ ပစ္စည်းနည်းနည်းရှားနေပြီး ကမ္ဘာ့ရွှေဈေး တအားကျသွားတဲ့အချိန်မှာ
ပြည်တွင်းရွှေဈေးက လိုက်မကျတာလည်း ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ပြောသည်။
ယခုလက်ရှိတွင် ပြည်တွင်းရွှေဈေးသည် သင်္ကြန်မတိုင်မီဈေးအောက် ဆက်လက်ကျဆင်းနေခြင်း
ကြောင့် ရွှေအတုံးဈေးကွက် ရောင်းအားကောင်း နေကြောင်း ၎င်းက ပြောသည်။
"မေလဆန်းပိုင်းလောက်စပြီး ပြည်တွင်းရွှေဈေးက ရ၁၀,၀၀၀ ၀န်းကျင်မှာ ငြိမ်နေခဲ့တာ မေလ ၂၀
ရက်နေ့လောက်မှာ ခုနစ်သိန်းအောက်ထိ ကျသွားပြီး အခု ခုနစ်သိန်းအထက်ကို ပြန်တက်လာ
တယ်" ဟု ရန်ကုန် အောင်သမာဓိ ရွှေဆိုင်မှ မန်နေဂျာက ပြောသည်။
ယခုလ ၂၁ ရက်နေ့တွင် ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ရ၀၈,၀၀၀ ထိ
ပြန်တက်လာခဲ့ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၃၉၅ အထိ ပြန်တက်
လာခဲ့ကြောင်း ၎င်းက ပြောသည်။
"ရွှေဈေးတွေကျနေတော့ ရွှေအရောင်းအဝယ်ကတော့ ကောင်းပါတယ်။ ရွှေဈေး ခုနစ်သိန်းအောက်
ကျသွားတုန်းကလည်း ပုံမှန်ထက်ပိုရောင်းလိုက်ရပြီး အခုလည်း တချို့က ရွှေဈေး ခုနစ်သိန်းအောက်
ကျသွားပြီဆိုပြီး ဆိုင်ကိုလာကြတာများတယ်" ဟု ၎င်းက ပြောသည်။
















