မေလ တတိယပတ် ရန်ကုန်ကားဈေးကွက်အတွင်း ကားအရောင်းအဝယ်အနည်းငယ် ပြန်လိုက်လာ
ခဲ့သော်လည်း ကားဈေးများမှာ ဆက်လက်ကျဆင်းလာခဲ့ပြီး ပြည်ပမှတင်သွင်းသည့် လုပ်ငန်းသုံး
ကားဈေးကွက်မှာမူ ကျောင်းဖွင့်ရာသီ နီးလာသဖြင့် အရောင်းအဝယ် ကောင်းလာသော်လည်း
ငွေချန်သူများကြောင့် ကားတင်သွင်းရောင်းချသည့် လုပ်ငန်းရှင်များ ငွေကြေးကြန့်ကြာမှုနှင့်
ကြုံတွေ့နေရကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများ က ပြောသည်။
"မင်းရဲကျော်စွာကားဝင်းထက် သီရိမင်္ဂလာကားဈေးကွက်က အရောင်းအဝယ် ပိုဖြစ်တယ်လို့ ပြော
လို့ရတယ်။ အခု သိန်း ၁၀၀ ၀န်းကျင်ရှိတဲ့ ကားတွေ အရောင်းအဝယ်ဖြစ်တယ်။ အဟောင်းအပ်
ကားဈေးတောင် သိန်း ၈၀ ကျော် ပေါက်နေတဲ့ အချိန်မှာ Pro Box ကား က သိန်း ၉၀ ကျော်
လောက်နဲ့ ၀ယ်လို့ရ နိုင်တယ်။ Honda Fit၊ Toyota Swift ကားတွေတောင် သိန်း ၁၄၀ လောက်
ကနေ ၁၁၅ နဲ့ ၁၂၀ ကြားလောက်အထိ ဈေးကျလာတယ်" ဟု ကားဝယ်ရောင်း ကိုအောင်ထွန်းက
ပြောသည်။
ဈေးကွက်တွင်း အရောင်းအဝယ်မှာ ၀ယ်လက်နည်းကာ ရောင်းမည့်သူများလာသည်ကို တွေ့ရ
ကြောင်း၊ လက်ရှိ အရောင်းအဝယ် လုပ်ကိုင်နေသည့် ကားအရောင်းပြခန်းများပင်လျင် ၀ယ်လက်
များကို စောင့်မျှော်နေရကာ ပြင်ပ ဈေးကွက်တွင်လည်း အရောင်းပြခန်းများကိုသာ ကြည့်ရှုလေ့လာ
သူများပြီး အမှန်တကယ်ဝယ်ယူမှု နည်းပါလာခြင်းကြောင့် ငွေကြေးအရင်းအနှီး မြုပ်နေကာ နစ်နာမှု
များရှိလာကြောင်း ကားဝယ်ရောင်းများက သုံးသပ်သည်။
"ကား ၀ယ်ရောင်းဈေးကွက်ဖြစ်တဲ့ မင်းရဲကျော်စွာ ကားပွဲစားတန်းနှင့် သီရိမင်္ဂလာဈေးဟောင်းက
ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ ဒီရက်ပိုင်း အရောင်းအဝယ် ပြန်လိုက်လာတယ်။ အက္ခရာနိမ့်ကား
တွေ အဖြစ်များတယ်။ အရင်က အမြင့်ဈေးနဲ့ ၀ယ်ထားပြီး အခုလျှော့ဈေးနဲ့ ပြန်ရောင်းတဲ့ ကားတွေ
ကို တောင်ပြန်ဝယ်ပြီး စီးလာတဲ့ သူတွေရှိတယ်။ ဈေးကတော့ သိန်း ၃၀ ကနေ ၄၀ လောက်
သက်သာပေမယ ့် ကားကတော့ အမည်ပေါက်မဟုတ်တာကလွဲရင် နောက်ပိုင်း အသစ်သွင်းတဲ့
ကားတွေဆိုတော့ စီးတဲ့လူတွေလည်း စီးနေကြတာပါပဲ" ဟု ကားဝယ်ရောင်း ကိုသောင်းထွန်းက
ပြောသည်။
"လက်ထဲမှာ ကား မထားတာကောင်းတယ်။ အခုဆိုရင် ကားက တစ်လကို ၁၀ သိန်းလောက်
ရှုံးတယ်။ Honda Fit ပေါ်ခါစတုန်းက သိန်း ၁၈၀ ကနေ ၂၀၀ နီးပါး ပေးဝယ်ရတယ်။ အခုဆိုရင်
၁၂၀ ၀န်းကျင်လောက်ပဲ ရှိတော့တယ်။ ပြီးခဲ့တဲ့ လက ကိုယ့်ကားကို ပြန်ရောင်းမလို့မေးတာ သိန်း
၁၃၀ လောက်ရှိတယ်။ ဒီလကျတော့ သိန်း ၁၂၀ လောက် ဖြစ်သွားတယ်။ Pro Box 1500 ၁၅၀၀
စီစီဆိုရင် အရင်က သိန်း ၁၂၀ ရှိပေမယ့် အခု သိန်း ၁၀၀ အောက်နဲ့ သေသေချာချာရှာပြီး ၀ယ်ရင်
၀ယ်လို့ရနေပြီ။ နောက်ဆိုရင် ကားဈေးတွေ ဒီထက်ပိုပြီး ကျနိုင်တယ်" ဟု လမ်းမတော် မြို့နယ်နေ
ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုနိုင်မင်းဦးက ပြောသည်။
ကားဈေးများ ကျဆင်းနေချိန်တွင် ဈေးကွက်အတွင်း အသစ်ထွက်ရှိလာသည့် ၂စ အက္ခရာကားများ
ထဲမှ နံပါတ် အပူးဂဏန်း ဖြစ်သည့် ၂စ/၁၁၁၁ မှ ၂စ/၉၉၉၉ ကို ကျပ် ၁၂ မှ ၂၄ သိန်း ၀န်းကျင်
အထိ လေလံစနစ်ဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ရောင်းချခဲ့ရာ
နိုင်ငံတော်အခွန် ငွေ ကျပ်သိန်း ၁၅၀ ရရှိခဲ့ကြောင်းလည်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များက
ပြောသည်။
မေလကုန်တွင် ဆက်လက်အပ်နှံရန်ကျန်ရှိသည့် 'သ' အက္ခရာယာဉ်များ အပ်နှံမှုကို ဆက်လက်
လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
လတ်တလော ကား ဈေးကွက်အတွင်း 'န' နှင့် 'ပ' အက္ခရာကားများမှာ ကျပ် သိန်း ၈၀ ကျော်နှင့်
အပ်နှံလျက်ရှိသည့် 'လ' အက္ခရာမှာ ကျပ် သိန်း ၉၀ ကျော်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း
၀ယ်ရောင်းများက ပြောသည်။
















