မေလနောက်ဆုံးပတ်အတွင်း ဒေါ်လာဈေး နှုန်း မြင့်တက်လာခြင်းနှင့်အတူ ၀ယ်လက်အများစုမှာ
၁၃၀၀ စီစီကားများနှင့် ကျပ်သိန်း ၁၀၀ ၀န်းကျင်ရှိ ကားများကို ရွေးချယ်ဝယ်ယူမှု များလာခြင်း
ကြောင့် ကားဈေးကွက်အတွင်း အရောင်းအဝယ် ပြန်လိုက်လာကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူ
များက ပြောသည်။
"ကားဈေးကွက်က ၀ယ်လက်တွေ အရင်ကလောက် မရှိပေမယ့် အရောင်းဝယ်ကတော့ မဆိုးဘူးလို့
ပြောလို့ရတယ်။ ဒေါ်လာဈေးကလည်း ကျပ် ၉၅၀ ကျော်အထိ မြင့်လာတာကြောင့်လည်း ပါမယ်
ထင်ပါတယ်။ ဂျပန်လေလံဈေးလည်း မာနေတဲ့အတွက် ကားဈေးပြန်တက်လာတယ်လို့ ပြောလို့ရ
တယ်။ အရင် ဈေးခေါ်ထားပြီးသား ကားတွေတောင် ၁၀ သိန်းလောက် တက်လာတဲ့အတွက်
ကားဝိုင်းထဲက လူတွေအတွက်ကတော့ အရောင်းဝယ်ဖြစ်ဖို့ကို ပို့ပြီး မျှော်လင့်ကြတယ်" ဟု
ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုတင်မောင်ဌေးက ပြောသည်။
ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ်အေး ခဲ့သည့် ပြည်တွင်းကား
ဈေးကွက်သည် မေလ ပထမပတ်မှ စတင်၍ အရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်ခဲ့သော်လည်း ေ
ဈးကွက်အတွင်း ကားဈေး အတက်အကျမှာ အမှန်တကယ် အရောင်းအဝယ်ဖြစ်မှုအပေါ်မူတည်၍
အပြောင်းအလဲရှိပြီး ဈေးနှုန်း ကျဆင်းနေသော်လည်း အရောင်းအဝယ် အေးကာ ဈေးနှုန်းမြင့်တက်
ချိန်တွင် အရောင်းအဝယ် ပြန်လိုက်လာသည်ကို တွေ့ရကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူ
တစ်ဦးက ပြောသည်။
"ပြီးခဲ့တဲ့တစ်ပတ်လောက်က သိန်း ၁၃၀ လောက်ရှိတဲ့ကားတွေရဲ့ဈေး နှုန်းက ပြီးခဲ့တဲ့ရက်ပိုင်း
အတွင်းမှာတင် စိတ်ဝင်စားတဲ့ ၀ယ်လက်တွေ ဈေးကွက်ထဲမှာ လာရောက်မေးမြန်းစုံစမ်းတာတွေ
လုပ်တာနဲ့တင်ပဲ သိသိသာသာ ဈေးတက်လာတယ်။ အခုဆိုရင် ငါး သိန်းလောက် ဈေးတက်လာ
တယ်။ ဒီတစ်ပတ်မှာ ဒေါ်လာဈေးကလည်း ၉၀၀ ကျော် ဖြစ်လာတယ်။ ဒါပေမယ့် ရွှေဈေးကတော့
သိပ်မကျဘူး" ဟု ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုယဉ်ထွန်း က ပြောသည်။
နိုင်ငံခြားငွေဈေးတက်သည့် အပေါ်မူတည်ကာ ဂျပန်လေလံကားဈေးနှုန်း များလည်းမြင့်တက်လာပြီး
ကားဈေး နှုန်းနှင့် ရွှေဈေးနှုန်းများသည့် နိုင်ငံခြား ငွေဈေးပေါ်မူတည်၍ ဈေးနှုန်း အတက်အကျ
ဖြစ်ပေါ်တတ်ကြောင်း ကားဝယ်ရောင်းအချို့က ပြောသည်။
ဈေးကွက်အတွင်း သိန်း ၁၅၀ ကျော် ဈေးရှိ Toyota Belta ကား၊ ၁၃၀၀ စီစီ အုပ်စုဝင်ကားများနှင့်
ဈေးသက်သာသည့် အောက်ကားများကို ၀ယ်လက်များ ပိုမို စိတ်ဝင်စားလာခြင်း ကြောင့် ဈေးကွက်
အတွင်း ယခုရက်ပိုင်းတွင် အရောင်းအဝယ် ဖြစ်လာခဲ့ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက
ပြောသည်။
"အခုတစ်လော Suzuki R- ကား တွေဆိုရင် ကျပ် သိန်း ၅၀ ၀န်းကျင်လောက်နဲ့ အရောင်းအဝယ်
ဖြစ်လာကြတယ်။ အရင်က သိန်း ၅၀ လောက်ပဲရ ှိတဲ့ ခွေးဘီလူး ကားတွေကလည်း လုပ်ငန်းသုံး
အတွက် တွက်ချေကိုက် တော့ လူကြိုက်များပြီး အဝယ်လိုက်လာလို့ အခုရက်ပိုင်းမှာ ၁၅ သိန်း
လောက် ဈေးတက်လာတယ်။ အခု လာမယ့် လဆန်းပိုင်းလောက်မှာ 'သ' အက္ခရာကားတွေ
အပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် ဈေးက ၉၂ သိန်းဝန်းကျင်လောက် ဖြစ်သွားပြီး 'လ' အက္ခရာ
ကား ဈေးနှုန်းတွေကလည်း ၈၅ သိန်းကနေ သိန်း ၉၀ လောက် အထိ ဈေးတက်လာတယ်" ဟု
ကားဝယ်ရောင်း ကိုအောင်သက်ဆွေ က ပြောသည်။
ပြင်ပ ကားဝယ်ရောင်း ဈေးကွက်အတွင်း သီရိမင်္ဂလာဈေးဟောင်းနေရာတွင် ဖွင့်လှစ်ထားသော
ကားဝယ်ရောင်း ဈေးကွက်၌ အရောင်းအဝယ် သိသာစွာ ကောင်းလာသော်လည်း ပုဂ္ဂလိကပိုင်
အဖြစ် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများတွင် ၀ယ်လိုအား ကျလာသည့်အပြင် ကားပြပွဲ
များလည်း နည်းလာကြောင်း ၀ယ်ရောင်းသမားများက ပြောသည်။
















