ငွေလဲနှုန်းအတက်အကျမြန်ခြင်းကို ဗဟိုဘဏ်က ထိန်းညှိပေးစေလို

ငွေလဲနှုန်းအတက်အကျမြန်ခြင်းကို ဗဟိုဘဏ်က ထိန်းညှိပေးစေလို

ပြည်တွင်းငွေလဲနှုန်း တန်ဖိုးမြင့်တက်လာသည့်နည်းတူ ပုဂ္ဂလိကဘဏ်များမှ ဗဟိုဘဏ်က နေ့စဉ်
လေလံခေါ်ယူသည့် နှုန်းထားမှာ မြင့်တက်လျက်ရှိရာ ဒေါ်လာတန်ဖိုးမှာ ပြည်တွင်းငွေဈေး ကြေး
ကွက်တွင် အသာစီးရနေမည်ဖြစ်ကြောင်း ငွေကြေးကျွမ်းကျင်သူများက ပြောသည်။

မေလ ၂၇ ရက်နေ့တွင် ဗဟိုဘဏ်က သတ်မှတ်သော ငွေလဲနှုန်းမှာ ၉၄၉ ကျပ် ဖြစ်ပြီး တရားဝင်
ငွေလဲကောင်တာများတွင် ၀ယ်ဈေး ၉၄၈ ကျပ်နှင့် ရောင်းဈေး မှာ ၉၅၆ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်၌
ကျပ် ၁,၀၀၀ ၀န်းကျင်တွင် ဈေးပေါက်ခဲ့သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အစည်း၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယတာဝန်ခံဖြစ်သူ
Matt Davies က ငွေလဲနှုန်း အတက်အကျ မြန်ဆန်မှုကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်လုပ်ငန်း
ကဏ္ဍတွင် အများဆုံး အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ပြောသည်။

ထို့ကြောင့် ငွေတန်ဖိုးမြင့် တက်မှုနှင့် သွင်းကုန်ဈေးနှုန်းမြင့် တက်လာမှုတို့အကြား မျှတစွာထိန်းညှိ
ပေးရန်လိုအပ်ကြောင်း မြန်မာတိုင်း(မ်) ကို ပြောသည်။

မြန်မာနိုင်ငံ၏ ငွေလဲနှုန်းစနစ်မှာ များစွာဖြေလျှော့မှုများ ပြုလုပ်ခဲ့သည်ကိုတွေ့ရပြီး ပုဂ္ဂလိကဘဏ်
များမှာ ငွေလဲကောင်တာများဖွင့်လှစ်ကာ တရားဝင် ငွေလဲနှုန်းအတွက် ဆောင်ရွက်နေမှုများရှိ
ကြောင်း မေလအတွင်း ရန်ကုန်နှင့် နေပြည်တော်မြို့များသို့ လာရောက်စဉ် မီဒီယာများနှင့် တွေ့ဆုံ
ရာတွင် ၎င်းက ပြောသည်။

ထို့ကြောင့် တရားဝင်ငွေလဲနှုန်းသည် ဈေးကွက်အတွင်း အမှန်တကယ် ပေါက်ဈေးနှင့် များစွာနီးစပ်
လာပြီး ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၏ ငွေလဲနှုန်းလေလံစနစ်ဖြင့် ရောင်းဝယ်မှုများ တိုးမြင့်လာ
ကြောင်း ၎င်းကပြောသည်။

ဗဟိုဘဏ်သည် တိကျသော နှုန်းထားတစ်ခု ပုံသေသတ်မှတ်ခြင်းမရှိပဲ ချောမွေ့သော ငွေလဲနှုန်း
အပြောင်းအလဲကို နိုင်ငံပိုင်ဘဏ်များအပါအဝင် ကြမ်းခင်းဈေး သတ်မှတ်ရာတွင်လည်း နိုင်ငံတကာ
နည်းလမ်းများအတိုင်း ကျင့်သုံးခဲ့ကြောင်း Matt Davies က ပြောသည်။

ဗဟိုဘဏ်က သတ်မှတ်ပေးထားသော ကြမ်းခင်ဈေးကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းကွဲလွဲမှု
နည်းပါးခဲ့ကြောင်း ၎င်းက ပြောသည်။

ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပုဂ္ဂလိကဘဏ်များမှ ဗဟိုဘဏ်
ထုတ်ပြန်သော လေလံဈေးအပေါ် ရောင်းဝယ်မှုတန်ဖိုးသည် တစ်နေ့ထက် တစ်နေ့ မြင့်တက်လာ
ကြောင်း ပြောသည်။

"အခု အခြေအနေက ငွေလဲနှုန်းအတက်အရမ်းမြန်နေတယ်လို့ ပြောလို့မရဘူး။ မြန်မာကျပ်မှာတင်
မဟုတ်ဘူး တခြား ငွေကြေးတန်ဖိုးတွေပါ လျော့ကျနေတယ်။ အကြောင်းအချက်တွေအများကြီး
တိုက်ဆိုင်သွားတာကြောင့်ပါ" ဟု ၎င်းက ပြောသည်။

ဗဟိုဘဏ်သည် ၎င်း၏ ထိန်းချုပ် နှုန်းယှဉ် မျှောငွေလဲနှုန်းစနစ်ကို ပြီးခဲ့သည့်၂၀၁၂ ဧပြီလက စတင်
ကျင့်သုံးခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၈၁၈ ကျပ် ဖြင့် စတင်ခဲ့သည်။

ယင်းအချိန်မှ စကာ ယခုနှစ်မေလကုန်အထိ ၉၄၉ ကျပ် အခြေအနေကို ယှဉ်လိုက်ပါက ၂၀ ရာခိုင်
နှုန်းခန့် မြင့်တက်လာကြောင်း ၎င်းက ပြောသည်။

သို့ဖြစ်ရာ ဗဟိုဘဏ် ဈေးကွက်အတွင်း ၀င်ရောက်ထိန်းကျောင်းချိန်မှစ၍ တစ်နေ့ထက်တစ်နေ့
မြင့်တက်မှုသည် အနည်းဆုံး ၀ ဒသမ ၁၁ရာခိုင် နှုန်းမှ အများဆုံးတစ်ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့
ကြောင်း ပြောသည်။

အကယ်၍ဗဟိုဘဏ်က အဆိုပါစနစ် ကျင့်သုံးပြီးဈေးကွက်ကို မထိန်းကျောင်း နိုင်ခဲ့ပါက ပို၍
အခြေအနေ ဆိုးနိုင်ကြောင်းပြောသည်။

"နိုင်ငံတကာနဲ့ စီးပွားရေးအရ ဆက်ဆံမှုတွေရှိလာတာကြောင့်လည်း ငွေလဲနှုန်းက ပိုပြီးသိသာလာ
တယ်။ ဒါကြောင့် ဈေးကွက်စီးဆင်းမှုအတိုင်း ပြောင်းလဲလာတဲ့ အခြေအနေပေါ်ကိုလိုက်ပြီး ငွေကြေး
ဖောင်းပွမှုဘက် ရောက်မသွားအောင် ထိန်းရပါမယ်"ဟု ၎င်းက ပြောသည်။

လက်ရှိအခြေအနေအရ ဗဟိုဘဏ်သည် လွတ်လပ်သော အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိမလာ
သေးသော်လည်း ငွေလဲနှုန်းအတွက် ငွေကြေးမူဝါဒများ ချမှတ်ရာတွင် လွတ်လပ်စွာလုပ်ပိုင်ခွင့်
ရှိနေပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနက အကြံဉာဏ်ဖြည့်စွက်မှုသာရှိနေကြောင်း ပြောသည်။

စီးပွားရေးပညာရှင် ဦးခိုင်ထွန်းက အမေရိကန်စီးပွားရေး ပြန်လည်တည် ငြိမ်လာချိန်တွင် မြန်မာ
ကျပ်ငွေ သာမက ဂျပန်ယန်းငွေ၊ ဗြိတိန်ပေါင် စတာလင်၊ ဩစတြေးလျဒေါ်လာ စသည်များနှင့်ယှဉ်
လျှင် ဒေါ်လာ တန်ဖိုး မြင့်တက်သွားရခြင်းမှာ အက်ဖ်အီးစီများဈေးကွက်မှ ရုတ်သိမ်း နေခြင်းကြောင့်
နိုင်ငံခြားငွေသုံးစွဲမှုများတွင် ဒေါ်လာတစ်မျိုးတည်းသာ ကိုင်တွယ်ရသည့်အခြေအနေဖြစ်ပေါ် နေချိန်
တွင် ယင်းကိုအခွင့်ကောင်းယူပြီးဈေးကစားခြင်းနှင့် ဈေးတက်မည် အထင်နှင့် စုဆောင်းထားခြင်းတို့
ကြောင့်လည်း ဖြစ်နိုင်ကြောင်းပြောသည်။

ထို့ပြင် အထူးစီးပွားရေးဇုန်ကဲ့သို့ တည်ဆောက်ရေးလုပ်ငန်းများအတွက် သွင်းကုန်များ ပိုသွင်းခြင်း၊
နိုင်ငံခြား ကုမ္ပဏီဖက်စပ်လုပ်ကိုင် ရန်ငွေဝယ်စု ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြောသည်။

"ဒီနေရာမှာလည်း အမှန်တကယ် ၀ယ်လိုအားမြင့်တက်တာနဲ့ အယောင် ဆောင်ဝယ်လိုအားဆိုပြီး
နှစ်မျိုးတွေ့ရ မှာပါ"ဟု ၎င်းက ပြောသည်။

ထိုသို့ငွေလဲနှုန်းမြင့်တက်မှုသည် ပို့ကုန်ကို အားပေးရာရောက်သော်လည်း သွင်းကုန်ဘက်တွင်
နစ်နာလာ စေနိုင်ကြောင်း ၎င်းက ပြောသည်။

ဥပမာနိုင်ငံတွင်း ထုတ်လုပ်ပြီးပြည်ပသို့ တင်ပို့သော လယ်ယာလုပ်ငန်း၊ ရေထွက် ကုန်လုပ်ငန်း၊
အထည်ချုပ် လုပ်ငန်းစသည်တို့အတွက် အကျိုးအမြတ်ပိုလာနိုင်ပြီး သွင်းကုန်ဖြစ်သော ဓာတ်မြေ
ဩဇာ၊ ဘိလပ်မြေ၊ ဒီဇယ်ဆီစသည်တို့ဈေးတက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"ချုပ်ပြောရရင် ဒေါ်လာဈေးတက်တာဟာ ပို့ကုန်ကို အားပေးပြီးသွင်းကုန်ကို အားလျော့စေတဲ့
အတွက် ယေဘုယျအားဖြင့် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အခုလိုမြန်မြန်ဆန်ဆန်ကြီး
တက်သွားတာကတော့ စီးပွားရေးနဲ့ ဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေပါတယ်"ဟု ၎င်းကပြော
သည်။

"ဗဟိုဘဏ်က အခုအချိန်ထိ ဈေးကွက်ကို ၀င်ထိန်းတာမတွေ့ရပါဘူး။ ဗဟိုဘဏ်က နိုင်ငံခြားငွေ
ဈေးကွက်ကို ၀င်ထိန်းတယ်ဆိုတာ ဒေါ်လာဈေးတက်လာရင် ဗဟိုဘဏ် က ဒေါ်လာတွေကို
ဈေးကွက်မှာထုတ်ရောင်း၊ ဈေးကျသွားရင် ဈေးကွက်က ဒေါ်လာတွေကို ၀ယ်ပေးခြင်းဖြစ်ပါတယ်။
အဲဒီနည်းနဲ့ ဈေးကွက်ကို ထိန်း နိုင်မှသာ အောင်မြင်မှုရတယ်လို့ ပြော နိုင်တာပါ" ဟု ၎င်းကပြော
သည်။

လက်ရှိတွင် ဒေါ်လာ အရောင်းအဝယ်ကို ပုဂ္ဂလိကဘဏ်များကသာ ဆောင်ရွက်နေပြီး ဗဟိုဘဏ်
က ဒိုင်လူကြီး လုပ်ပေးသည့် အဆင့်သာရှိ သေးကြောင်း ၎င်းက ပြောသည်။

"ဗဟိုဘဏ်မှာ ကိုယ်ပိုင်လုပ်ပိုင်ခွင့် အာဏာအပြည့်အဝရှိသွားရင်တော့ ငွေကြေးမူဝါဒတွေကို
အတိအကျ အကောင်ထည်ဖော်နိုင်မယ်လို့ ထင်ပါတယ်။ လုပ်ပိုင်ခွင့်အာဏာရှိပေမယ့် မလုပ်ဘူး။
ဒါမှမဟုတ် မလုပ်တတ်ဘူး ဆိုရင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့ဘုတ်
အဖွဲ့ရဲ့ အရည်အချင်းပေါ်မူတည်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး