တရုတ်က အမေရိကန်မှ ၀က်သားလုပ်ငန်းကို ၀ယ်ယူရန် ကြိုးပမ်းနေ

တရုတ်က အမေရိကန်မှ ၀က်သားလုပ်ငန်းကို ၀ယ်ယူရန် ကြိုးပမ်းနေ

အမေရိကန် ပြည်ထောင်စုရှိ ဘီလျံဒေါ်လာများစွာတန်ကြေးရှိသော ၀က်သားကုမ္ပဏီကြီးကို တရုတ်
ကုမ္ပဏီကြီးတစ်ခုက ၀ယ်ယူလိုက်ခြင်းသည် တရုတ် နိုင်ငံ၏ ကမ္ဘာ့စီးပွားရေး ရည်မှန်းချက်များ
အနက် လတ်တလောတွင် အထင်ရှားဆုံးသော သာဓကတစ်ခုဖြစ်သော်လည်း ပြည်တွင်းစားသုံးမှု
နှင့်ပတ်သက်၍ အရည်အသွေးပိုင်းကို ထိန်းသိမ်းရန်လိုအပ်ကြောင်း လေ့လာသုံး သပ်သူများက
ပြောသည်။

အသားထုတ်လုပ်ရေးလုပ်ငန်းစု ရွှမ်ဟွေအင်တာနေရှင်နယ်ကုမ္ပဏီက ၎င်းသည် အမေရိကန်
Smithfield Foods စားသောက်ကုန်လုပ်ငန်းကို အမေရိကန်ဒေါ်လာ ရ ဒသမ ၁ ဘီလျံ ဖြင့်
၀ယ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း လွန်ခဲ့သည့် သီတင်းပတ် အတွင်း ပြောကြားခဲ့သည်။

အကယ်၍သာ အဆိုပါ အရောင်းအဝယ် အမှန်တကယ် အကောင်အထည်ပေါ်ခဲ့ပါက တရုတ်
ကော်ပိုရေးရှင်းတစ်ခုအနေဖြင့် အမေရိကန်ပြည်ထောင်စု၌ အကြီးမားဆုံး ၀ယ်ယူမှုသည် ဖြစ်လာ
မည်ဖြစ်သည်။

တရုတ်ကုမ္ပဏီများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုး၍လုပ်လာလျက်ရှိရာ ဘဏ္ဍာရေးမဟုတ်
သည့် ကဏ္ဍများ၌ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံနှင့် ဒေသကြီး
၁၄၁ ခု၌ ၂၈ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကာ ဒေါ်လာ ရ၇ ဒသမ ၂၂ ဘီလျံအထိရှိခဲ့
သည်။

တရုတ်နိုင်ငံ၏ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ရေးအတွက် မရှိမဖြစ်လိုအပ်သည့်
လောင်စာဆီ၊ သဘာဝဓာတ်ငွေ့နှင့် လူသုံးကုန်ပစ္စည်းများကဲ့သို့သော အရင်းအမြစ်များ ဖူလုံရေး
အပေါ် အလေးထားလာသည့်အတွက်လည်း အခြေအနေများသည် ယခုအခါ ပိုမိုရှုပ်ထွေးလျက်ရှိ
သည်။

"တရုတ်ကုမ္ပဏီတွေရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုကြည့်ရင် တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး
လောကမှာ သူ့ရဲ့အနေအထားကို ပြန်ပြီးပုံဖော်နေတယ်ဆိုတာ သိနိုင်ပါတယ်" ဟု လူမှုရေး
သိပ္ပံဆိုင်ရာ တရုတ်အကယ်ဒမီကျောင်းမှ သုတေသန ပညာရှင် လီကော့ရွှယ်က ပြောသည်။

"တရုတ်နိုင်ငံရဲ့ ကမ္ဘာ့အပေါ်ပိုပြီး ဩဇာကြီးလာတာကြောင့်လည်း တရုတ်ကုမ္ပဏီတွေအတွက်
ပည်ပရင်းနှီးမြှုပ် နှံရာမှာ ပိုပြီး အဆင်ပြေသွားစေပါတယ်" ဟု ၎င်းက ဆိုသည်။

ကုမ္ပဏီကြီးများသည် ပိုမိုကြီးမားလာသည့်အတွက်ကြောင့်လည်း သဘော သဘာဝအလျောက်
ယင်းသို့ဖြစ် ရခြင်းဖြစ်သည်ဟု ရှန်ဟိုင်းမြို့ရှိ တရုတ် ဥရောပနိုင်ငံတကာစီးပွားရေးကျောင်း(CEIBS)
မှ စီးပွားရေး ပါမောက္ခ ဘာလာရာမာဆာမီက ပြောသည်။

"ကုမ္ပဏီတွေဟာ ကြီးကြီးလာတာနဲ့အမျှ အခွင့်အလမ်းသစ်တွေရှာလာကြတယ်။ အခွင့်အလမ်းသစ်
တွေဟာလည်း သဘာဝအရတော့ ပြည်တွင်းထက်စာရင် ပြည်ပမှာက ပိုများ တတ်တယ်" ဟု
၎င်းက ဆိုသည်။

သို့ရာတွင် တရုတ်နိုင်ငံ၏ ပြည်ပရင်နှီးမြှုပ်နှံမှုများသည် နိုင်ငံရေး အတိုက်အခံများနှင့် ကြံုတွေ့ရနိုင်
သည်။

တရုတ်နိုင်ငံ၏ အကြီးမားဆုံးသော ပြည်ပကုမ္ပဏီတစ်ခုကို သိမ်းပိုက် ၀ယ်ယူမှုသည် ယမန်နှစ်
အတွင်းကဖြစ်ခဲ့ပြီး ယင်းအချိန်က တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီကြီး CNOOC သည် ကနေဒါ
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး Nexen ကို ဒေါ်လာ ၁၅ ဒသမ ၁ ဘီလျံဖြင့် ၀ယ်ယူခဲ့ခြင်း
ဖြစ်သည်။

အမေရိကန်ရေနံနှင့် သဘာဝဓာတ် ငွေ့ထုတ်လုပ်သည့် Unocal ကုမ္ပဏီ ကို CNOOC က ၂၀၀၅
ခုနှစ်တွင် ၀ယ်ယူရန် ကြိုးပမ်းခဲ့မှုသည်လည်း အမေရိကန်နိုင်ငံ၏ လုံခြံုရေးဆိုင်ရာကိစ္စရပ်များနှင့်
ပတ်သက်၍ စိုးရိမ်ဖွယ်အခြေအနေများ ရှိနေခြင်းကြောင့် နောက်ဆုတ်ရန် ဖိအားပေးခြင်းခံခဲ့ရသည်။

ဆယ်စုနှစ်များချီ၍ အရင်းရှင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသည့်တိုင် တရုတ်
ကုမ္ပဏီများစွာ တို့သည် အစိုးရပိုင်(သို့) ကွန်မြူနစ် ပါတီအဆက်အနွှယ်စသဖြင့် တစ်နည်းမဟုတ်
တစ်နည်းဖြစ်လျက်ပင်ရှိသေးသည်။

အများနှင့် ပူးပေါင်းဆောင်ရွက်ရသည့်အပေါ် တရုတ်အစိုးရ၏ ဖုံးကွယ်ထားရှိမှုနှင့် သင်္ကာမကင်းဖြစ်
မှုများကြောင့် သံသယများကိုသာ ပိုမို ဖြစ်စေခဲ့သည်။

အမေရိကန် အာဏာပိုင်များက တရုတ်နည်းပညာကုမ္ပဏီများ ဖြစ်ကြသည့် Huawei နှင့် ZTE တို့
အပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသကဲ့သို့ တရုတ်နိုင်ငံပိုင် တရုတ်နေ့စဉ်
သတင်းစာကလည်း Smithfield ကို ၀ယ်ယူရေးအတွက် သဘောတူညီချက်သည် ခက်ခဲကြမ်း
တမ်းသည့် လမ်းတစ်ခုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ပြောဆိုခဲ့သည်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး