ရန်ကုန်ကားဈေးကွက် အပ်ကားစလစ်ဈေးနှုန်း မြင့်တက် တိုး

ရန်ကုန်ကားဈေးကွက် အပ်ကားစလစ်ဈေးနှုန်း မြင့်တက် တိုး

ဇွန်လ ပထမပတ် ရန်ကုန်ကား ဈေးကွက်အတွင်း အပ်ကားများ ရှားပါးလာကာ စလစ်ဈေးနှုန်းများ
မြင့်တက်လာပြီး အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်လာကြောင်း ကားဝယ် ရောင်းလုပ်ကိုင်သူများက
ပြောသည်။

"အခုလတ်တလော အရောင်းအဝယ် ပုံမှန်နီးပါး ပြန်ဖြစ်လာတယ်။ စလစ်ဈေးလည်း မြင့်လာတယ်။
ပြီးခဲ့တဲ့လတွေက အရောင်းအဝယ် သိပ်ပြီးမကောင်းဘူး။ မေလ နောက်ဆုံးပတ် လောက်ကစပြီး
အရောင်းအဝယ် ပုံမှန် ပြန်ဖြစ်လာတယ်။ မင်းရဲကျော်စွာ ကားပွဲစားတန်းက ပြောင်းရမယ်ဆိုပေမယ့်
သူဟာနဲ့ သူတော့ ရှိနေသေးတယ်။ သီရိမင်္ဂလာ ကားပွဲစားတန်းကတော့ လက်ရှိအရောင်းအဝယ်
က မဆိုးဘူးလို့ ပြောလို့ရတယ်။ သိန်း ၁၀၀ အောက်ကားတွေ တော်တော်လေး အရောင်းအဝယ်
လိုက်လာတယ်" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးမင်း ညွန့်က ပြောသည်။

ပြင်ပဈေးကွက်တွင် ကားအရောင်းအဝယ် ဖြစ်လျက်ရှိသော်လည်း ကားကုမ္ပဏီများတွင် အရောင်း
အဝယ်အနည်းငယ်သာ ဖြစ်ပေါ်ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သည့် ကိုစိုးမြင့်ဝင်း က ပြော
သည်။

"ကားအရောင်းအဝယ် ပြန်လိုက်လာလို့ ၀မ်းသာပါတယ်။ ကျောင်းဖွင့် ရာသီဖြစ်ပေမယ့် လုပ်ငန်း
သုံးကားတွေ သိပ်အရောင်းဝယ်မဖြစ်ဘူး။ လုပ်ငန်းသုံးကားတွေအနေနဲ့ သိန်း ၁၀၀ စွန်းစွန်းလေးနဲ့
အရောင်းအဝယ် ဖြစ်နေတော့ ၀ယ်သူအတွက် ပိုပြီးအဆင်ပြေ နိုင်တယ်"ဟု ကား အရောင်းအဝယ်
လုပ်ကိုင်သူ ကိုမင်းထွဋ် က ပြောသည်။

ကားဈေးကွက်အတွင်း အပ်ကား ရှားပါးနေသဖြင့် စလစ်ဈေးနှုန်း မြင့်တက်လာပြီး 'လ' အက္ခရာ
အမည်ပေါက် စလစ်စျေးမှာ ကျပ် ၉၅ သိန်းဝန်းကျင်ခန့်အထိ မြင့်တက်လာကာ ထိုသို့ မြင့်တက်
လာခြင်းမှာ 'လ' အက္ခရာ အပ်နှံပြီးချိန် သုံးလအတွင်း ဆက်လက် အပ်နှံမည့် 'သ' အက္ခရာအပ်နှံ
ရန်မခေါ် ယူခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ သက်ဆိုင်ရာက အဆိုပါ 'သ'အက္ခရာများကို ဇွန်လ ၅
ရက်နေ့တွင် စတင်လက်ခံသွားမည်ဖြစ်ကြောင်း ပြင်ပသတင်းများထွက်ပေါ်နေသော်လည်း တရား
၀င်ထုတ်ပြန်ခြင်းများ မရှိသေးခြင်းကြောင့် ပြင်ပကားဈေးကွက်တွင် အပ်ကားရှားပါးလာကာ စလစ်
ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။

" 'လ'အက္ခရာကား အပ်နှံဖို့ စီးရေ ၈၀၀ လောက်ပဲ ကျန်တော့တယ်လို့ ဂျာနယ်တွေမှာ ဖတ်လိုက်
ရတယ်။ အဲဒီကျန်တဲ့ကားတွေက အပ်နှံဖို့ သိပ်ပြီးတော့ မျှော်လင့်ချက်ရှိမယ်လို့ မထင်ပါဘူး။ 'လ'
အက္ခရာ စီးရီးထဲမှာ ကားကောင်းကားသန့်တွေ အများကြီးကျန်နေသေးတဲ့အတွက် မအပ်ဖြစ်တာ
ဖြစ် နိုင်ပါတယ်" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးမင်းညွန့်က ပြောသည်။

ကားဈေးကွက်အတွင်း တရားဝင် ယာဉ်ရောင်းဝယ်ရေးစခန်းများနှင့် ပြင်ပ ယာဉ်ရောင်းဝယ်ရေး
သတ်မှတ်နေရာဈေးကွက်တို့တွင် အရောင်းအဝယ်အနည်းငယ် ပြန်ဖြစ်လာသော်လည်း ငွေပေါ်နိုင်
ရေးအတွက် အရှုံးခံရောင်းချမှုများလည်း ရှိကြောင်း ကားဝယ်ရောင်းများက ပြောသည်။

"အခုတောင် လက်ရှိစီးနေတဲ့ ကားကိုရောင်းပြီး ဆီစားသက်သာပြီး ကားသစ်လည်း ဖြစ်တဲ့ TATA
ကားကို စီးဖို့ စိတ်ဝင်စားပါတယ်။ လူလေးယောက် ကောင်းကောင်း စီးနိုင်ပြီး ဆီစား အများကြီး
သက်သာတယ်။ တရုတ်က တင်သွင်းလာတဲ့ ချယ်ရီ၊ စက်မှုဝန်ကြီး ဌာနက ထုတ်တဲ့ မြန်မာမီနီ
ကားတွေတောင် TATA ကား ဈေးကွက်ထဲကို ရောက်လာတဲ့အချိန်မှာ မူလဈေးကနေ ၁၅ သိန်း
လောက်ကျသွားတယ်။ TATA က ရ၅ သိန်း လောက်ရှိတယ်။ ဆီစား သက်သာတဲ့အတွက်
လုပ်ငန်းသုံးဖို့ အဆင်ပြေတယ်"ဟု ကားဝယ်ရောင်း ကိုလွင်မင်းစိုးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး