ထိုင်းစက်မှုဇုန် စီမံကိန်းများကို ကန့်ကွက်မှုများကြောင့် မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ပိုမိုအလားအလာ များနိုင်

ထိုင်းစက်မှုဇုန် စီမံကိန်းများကို ကန့်ကွက်မှုများကြောင့် မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ပိုမိုအလားအလာ များနိုင်

ထိုင်းနိုင်ငံတွင် ရေနက်ဆိပ်ကမ်း စီမံကိန်းများနှင့် စက်မှုဇုန်လုပ်ငန်းများ အပေါ် ပြည်သူများနှင့်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများက ဆန့်ကျင်မှုများ များပြားလာခြင်းကြောင့်
ထိုင်းရှိအချို့ စီမံကိန်းများ မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလာစေရန် တွန်းအားတစ်ခုဖြစ်လာကြောင်း
ထိုင်း နိုင်ငံဒေသခံများနှင့် စီမံကိန်းလုပ်ငန်းမှ တာဝန်ရှိသူများက ပြောသည်။

ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတွင် စက်မှုဇုန်စီမံကိန်းများ ဖော်ဆောင်ရေး ကော်ပိုရေးရှင်းတစ်ခုဖြစ်သော အမ တနခွန်း ကော်ပိုရေးရှင်းမှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ကမ်ဂျွန်ဘိုရာ ရောင်စကူ က "အမတကော်ပိုရေးရှင်းက မြန်မာ နိုင်ငံမှာလာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိပါတယ်။ အစိုးရပိုင်းမှာ ပေါ်လစီပိုင်း ဆိုင်ရာ ကိစ္စတွေ မရှင်းလင်းတာလေး တွေရှိသေးလို့ စောင့်နေတာပါ။ ထိုင်း မှာက နောက်ပိုင်းစီမံကိန်းတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ကန့်ကွက်တာတွေများ လာတာကလည်း မြန်မာနိုင်ငံကို သွား ရောက်ဖို့ စိတ်ဝင်စားစေတဲ့အကြောင်း တစ်ချက်ပါပဲ" ဟု ပြောသည်။ အမတကော်ပိုရေးရှင်းသည် ထိုင်း နိုင်ငံတွင် အိမ်ရာဖော်ဆောင်ရေးနှင့် လျှပ်စစ်---ဓာတ်အားပေးစက်ရုံများအပါ အဝင် စက်ရုံ ၅၀၀ ခန့်ပါ၀င်သော စီမံကိန်းများကို ဖော်ဆောင်ထားပြီး အများစုမှာ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းတွင်လည်း စက်မှုဇုန်ဖော် ဆောင်မှုများ ပြုလုပ်ထားပြီး နောက် ပိုင်းတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း နှင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိ ကြောင်း ပြောသည်။ "ကျွန်တော်တို့အနေနဲ့ အဆင်ပြေ ရင် မြန်မာနိုင်ငံက ထားဝယ်ရေနက် ဆိပ်ကမ်းမှာ ကျောက်မီးသွေးဓာတ် အားပေးစက်ရုံဆောက်ဖို့ကို စိတ်ဝင် စားပါတယ်။ လူတွေနဲ့ စက်မှုဇုန်တွေ ဆိုတာအတူ ယှဉ်တွဲနေလို့ရတယ်ဆို တာမျိုးပဲဖြစ်စေချင်လို့ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းမှုကို ကျွန်တော်တို့ ကော်ပိုရေးရှင်းအနေနဲ့ အထူးအလေး ထားဆောင်ရွက်ပါတယ်" ဟု ၎င်းက ပြောသည်။ သို့ရာတွင် အဆိုပါ စီမံကိန်းနယ်မြေ ထဲတွင် အမတနှင့် အခြားစက်ရုံများက လာရောက် စွန့်ပစ်ထားခြင်းများရှိသည် ဟု သဘာဝပတ်ဝန်းကျင်လေ့လာသူ များက ယူဆနေကြသော အမှိုက်ကန် ကြီးကို မီးရှို့ရာမှထွက်လာသော အငွေ့ အသက်များသည် လူနေအိမ်များနှင့် နီးကပ်နေပြီး ဒေသခံများမှာ အဆိုပါ အနံ့ဆိုးများကို ခံစားရလျက် ရှိသည်။ မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ် ကမ်းစီမံကိန်းသည် ဘန်ကောက်မြို့နှင့် ၁၈၃ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသော ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနက်ဆိပ်ကမ်း စီမံကိန်းဖြစ်သော မက်တာဖွတ်ထက် လေးဆခန့် ပိုမိုကြီး မားပြီး ဂျပန်နိုင်ငံအနေဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် စိတ်ဝင် စားမှုများလာပါက အမတကော်ပိုရေး ရှင်းအနေဖြင့် မြန်မာသို့လာရောက်ရန် အလားအလာပိုများကြောင်း အမတမှ ဒုဥက္ကဋ္ဌက ပြောသည်။ မက်တာဖွတ် စက်မှုဇုန်စီမံကိန်း၊ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံမှ



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး