မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အာရှဖွံ့ဖြိုးရေး
ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၅၀၀ အား အတိုးနှုန်း သုည ဒသမ ရ၅ ဖြင့်ထုတ်ချေးမည်
ဖြစ်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ဒုတိယဥက္ကဋ္ဌဖြစ်သူ စတီဖင်ဂရော့ဖ်က ပြောကြားသည်။
"လာမယ့် သုံးနှစ်အတွင်း ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးသွားမှာပါ။ စုစုပေါင်းနှစ်သုံးဆယ်။ ထပ်တိုး
နှစ်နှစ် နဲ့ဆို စုစုပေါင်း ၃၂ နှစ်စာ ထုတ်ချေးတဲ့သဘောပါ။ ခုထုတ်ချေးတဲ့ အသေးစားချေးငွေကို
ပထမရှစ်နှစ်အတွင်းမှာ အတိုးမဲ့ချေးတာပါ"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
အာရှဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ရေပေးဝေရေး၊
လယ်ယာ ကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမည့်
အပြင် နည်းပညာနှင့် ဖွံ့ဖြိုး ရေး အကူအညီများလည်း ပေးအပ်သွားမည် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးလုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံသွားရန်ရှိ
ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်မှ စွမ်းအင်ရေးရာကျွမ်းကျင်သူ ဂျောင်အင်ကင်က ပြောသည်။
"မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍဟာ အခုဆိုရင် ရင်းနှီးမြှုပ်နှံ လိုသူတွေ အများကြီးဖြစ်နေတယ်။
အေဒီဘီကလည်း အစိုးရနဲ့ ညှိနှိုင်းနေပါတယ်။ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍတွေရဲ့ အခြေခံ အဆောက်
အအုံဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်သွားဖို့တော့ ရှိပါတယ်။ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကိုလည်း
လုပ်ကိုင်သွားဖို့ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။
ဖွံ့ဖြိုးရေးနှင့် နည်းပညာအကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ
အနီးကပ်ကြီးကြပ်ဆောက်ရွက်နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာရုံးခွဲကို
ယခုလကုန်ပိုင်းတွင် နေပြည်တော်၌ တရားဝင်ဖွင့်လှစ်သွားမည် ဖြစ်သည်။
















