၁၃၀၀ စီစီ အိမ်စီးကားများ အရောင်းအဝယ်လိုက်လာ

၁၃၀၀ စီစီ အိမ်စီးကားများ အရောင်းအဝယ်လိုက်လာ

ဇွန်လ၊ ဒုတိယပတ် ရန်ကုန်ကားဈေးကွက်အတွင်း အင်ဂျင်ပါ၀ါ ၁၃၀၀ စီစီ ရှိ အိမ်စီးကားများ
အရောင်းအဝယ် လိုက်လာကာ ကျန်ကားများ အရောင်းအဝယ်မှာ အနည်းငယ်အေးနေကြောင်း
ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။

"ကားဈေးကွက်ကတော့ ပုံမှန်လောက်ပဲ ရှိပါတယ်။ ကောင်းတယ်လို့ ပြောလို့မရဘူး။
နယ်ဝယ်လက် နည်းသွားပြီ။ မြို့နယ်တွေမှာရှိတဲ့ ကားဝိုင်းတွေမှာတော့ သူဟာနဲ့သူ အလုပ်ဖြစ်တာ
တွေရှိတယ်။ အများဆုံး အရောင်းအဝယ်ဖြစ်တာက အိမ်စီးကားအုပ်စုတွေပါပဲ" ဟုကားဝယ်ရောင်း
လုပ်ကိုင်သူ ကိုစိုးမိုးက ပြောသည်။

ကားအရောင်းအဝယ်လုပ်နေသည့် မင်းရဲကျော်စွာဝင်းအတွင်း ခုတင် ၁,၀၀၀ ဆံ့ ဆေးရုံ
တည်ဆောက်မည်ဆိုသော်လည်း တစ်နှစ်ထပ်မံ လုပ်ကိုင်ခွင့်ပြုမည်ဟု သတင်းများထွက်ပေါ်နေ
ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။

"ကားဝင်းကတော့ လတ်တလောမပြောင်းရသေးဘူးလို့တော့ အသံထွက်လာတယ်။ တစ်နှစ်
ထပ်ပြီး လုပ်ကိုင်ခွင့်ပြုမယ်ဆိုပြီးတော့ ကြားပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် ဟိုပြောင်း
ဒီပြောင်းဆိုရင် အလုပ်လုပ်ရတာအဆင်မပြေနိုင်ဘူး။ ပွင့်လင်းတဲ့ ရာသီရောက်တော့မှ ပြောင်း
ရမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီကွင်းက ရွှံ့ထတဲ့အချိန် ဖြစ်တဲ့ အတွက်ကြောင့်
၀ုိင်းထဲသိပ်ပြီး မကြည့်ကြဘူး။ ၀ုိင်းပြင်မှာ ထွက်ပြရတယ်။ အပ်ကားဖြစ်တဲ့ 'လ' အက္ခရာကားတွေ
ကတော့ ဈေးမာနေသေးတယ်"ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးမင်းညွန့်က ပြောသည်။

မင်းရဲကျော်စွာ ကားရောင်းဝယ်ရေးစခန်းတွင် ပုံမှန်အရောင်းဝယ်ပြန် ကောင်းလာသော်လည်း
သီရိမင်္ဂလာ ကားဈေးကွက်တွင်မူ အရောင်းအဝယ်ပုံမှန်မရှိဘဲ ၀ယ်လက်ကိုစောင့်မျှော်နေရကြောင်း
ကားဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။

"အခု တိုက်ကြေကားတွေ တင်သွင်းတဲ့ ကုမ္ပဏီတွေကို ထပ်ပြီးအရေးယူလိုက်တယ်ဆိုတဲ့ သတင်း
တွေ ကြားတယ်။ နိုင်ငံတော်ရဲ့ မူဝါဒအသစ်အရ ဈေးနှုန်းသက်သက်သာသာနဲ့ ပြည်ပ နိုင်ငံထုတ်
ကားတွေကို စီးနိုင်အောင်လုပ်ဆောင်ပေးနေတဲ့ အခြေအနေမှာ စီးပွားရေးသမားတွေက တိုက်ကြေ
ကားတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ သွင်းတယ်။ နယ်စပ်ဘက်က တင်သွင်းလာတဲ့ မျိုးတူ
ကားတွေကို ဖြတ်တောက်ပြီး Chassis နံပါတ်ပြောင်း တာတွေလုပ်မယ်။ ပြီးရင် ဈေးကွက်ထဲမှာ
ပေါက်ဈေးနဲ့ ပြန်ရောင်းတာတွေလုပ်လာကြတဲ့အတွက် သက်ဆိုင်ရာက ဒီလိုကိစ္စတွေကို အရေးယူ
လာတယ်။ ဒီလိုလုပ်ပေးတာ ကားအကြောင်း မသိနားမလည်တဲ့သူတွေအတွက် အများကြီး
အကျိုးဖြစ်စေပါတယ်"ဟု လမ်းမတော်မြို့နယ်နေ ကားပိုင်ရှင် ကို၀င်းထွန်း က ပြောသည်။

နယ်စပ်မြို့များတွင် အောက်လမ်းမှ တရားမဝင်တင်သွင်းလာသည့် လိုင်စင်မဲ့ကားများမှာ ရန်ကုန်
ကားဈေးကွက်တွင် တရားဝင်တင်သွင်းလာသည့် ကားဈေးများအောက် ဈေးနှစ်ဆကျော်ခန့်
သက်သာမှုရှိပြီး အများဆုံးတင်သွင်းသည့် ကားများမှာ Honda Fit၊ Mark II၊ Super Saloon၊
Pajero နှင့် Suzuki Swift အစရှိသည့် ယာဉ်များ ဖြစ်ပြီး ဈေးနှုန်းမှာမူ ကျပ် ၁၅ သိန်းမှ ကျပ်သိန်း
၆၀ ၀န်းကျင်ခန့်ရှိကာ အမျိုးအစားအလိုက် ဈေးနှုန်းကွဲပြားသော်လည်း တရားဝင်တင်သွင်းလာ
သည့် ကားများနှင့် နှိုင်းယှဉ်ပါက ဈေး နှုန်း များစွာ သက်သာခြင်းကြောင့် နယ်စပ်မြို့များတွင် ပိုမို
သုံးစွဲလာကြောင်း ကားဝယ်ရောင်းသမားများက ပြောသည်။

ထို့ပြင် ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် ကားများကို ၀ယ်ယူသူများအနေဖြင့် တာယာကြံ့ခိုင်မှု
ကို စစ်ဆေးသင့်ကြောင်း နယ်ဝယ်လက်အများစုက ရန်ကုန်ကာဈေးကွက်များမှ ကားများ ၀ယ်ယူ
ရာတွင် တာယာစစ်ဆေးမှု အားနည်းသည်ကိုတွေ့ရပြီး ၀ယ်ယူပြီး မိမိတို့နေထိုင်ရာမြို့များသို့
ပြန်လည်မောင်းနှင်သွားချိန်တွင် လမ်းခရီး၌ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်စေနိုင်ပြီး
အသက်အန္တရာယ် စိုးရိမ်ရသည့်အထိ ဖြစ်ပေါ်နိုင်မှုများရှိ ခြင်းကြောင့် ကားဝယ်ယူလိုသူများ
အနေဖြင့် အဆိုပါကိစ္စများကို သတိပြုသင့်ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦးကပြော
သည်။

"လိုင်စင်မဲ့ တင်သွင်းလာတဲ့ ကားတွေက လမ်းကြောင်းရှိတယ်။ ရန်ကုန်မြို့ လိုနေရာမျိုးတောင်
ရောက်အောင်သယ်နိုင်တဲ့သူတွေကို တော်တော်ကို ချီးကျူးပါတယ်။ ဟိုတစ်လောက ပဲခူးဘက်မှာ
လိုင်စင်မဲ့ကားတွေ တော်တော်လေး အရောင်းအဝယ် ဖြစ်တယ်လို့ ကြားပါတယ်။ ရန်ကုန်
အရောက်ဆိုရင် သူဈေးနဲ့သူတော့ပေးရတယ်။ကျွန်တော်တို့က လိုင်စင်မဲ့ကားတွေ အရောင်းအဝယ်
မလုပ်ဘူး။ ၀ယ်ရောင်းလုပ်သက် အနှစ် ၂၀ ကာလတွင်းမှာ ရိုးရိုးသားသား အရောင်းအဝယ်လုပ်
ခဲ့လို့ နာမည်တစ်လုံးရခဲ့တယ်။ ဖောက်သည်တွေအများကြီးရခဲ့တယ်"ဟု ကားဝယ်ရောင်း
လုပ်ကိုင်သူ ဦးကြည်ညွန့်က ပြောသည်။

လက်ရှိ ကားဈေးကွက်တွင်း 'သ'အက္ခရာ ကျပ်သိန်း ၉၀ ၊ 'လ' ၈၅ သိန်းနှင့် 'အ' အက္ခရာ သိန်း
၈၀ နီးပါးဖြင့် အရောင်းဝယ်ဖြစ်နေပြီး ၁၃၀၀ စီစီ အိမ်စီးကားများသာ အဓိက အရောင်းအဝယ်ဖြစ်
ကြောင်း ၀ယ်ရောင်းများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး