ပြည်တွင်းဆေးဝါးဈေးနှုန်း ဆက်လက်မြင့်တက်

ပြည်တွင်းဆေးဝါးဈေးနှုန်း ဆက်လက်မြင့်တက်

ပြီးခဲ့သည့်လတစ်လအတွင်း မြင့်တက်ခဲ့သည့် ဒေါ်လာငွေ လဲလှယ်နှုန်းကြောင့် ပြည်ပမှတင်သွင်း
သည့် ဆေးဝါးများ မေလ နောက်ဆုံးပတ်ခန့်မှ စတင်ကာ ဈေးနှုန်းများ မြင့်တက်လာကြောင်း
ပြည်တွင်းဆေး ကုမ္ပဏီများနှင့် ဆေးဆိုင်ပိုင်ရှင်များက မြန်မာတိုင်း(မ်) ကို ပြောသည်။

"ပြည်ပနိုင်ငံတွေကနေ တင်သွင်းမှုလုပ်တဲ့အခါ ပေးချေရတဲ့ ဈေးနှုန်းက လက်ရှိဒေါ်လာပေါက်ဈေး
ပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒေါ်လာဈေးတက်တဲ့အခါ ပြည်တွင်းဈေးကပါလိုက်တက်တာ
ကတော့ သဘာဝပဲ။ ဒါပေမဲ့ ပြည်တွင်းက ဆေးတင်သွင်းတဲ့သူတွေနဲ့ ဆေးရောင်းတဲ့သူတွေရ ဲ့
လက်ထဲမှာ ဈေးဟောင်းနဲ့ ၀ယ်ထားတဲ့ ဆေးတချို့ ကျန်နေသေးတဲ့အတွက် ဈေးက ဒေါ်လာဈေး
တက်သလောက်တော့ အချိုးကျလိုက်မတက်သေးဘဲ ပျမ်းမျှခြင်းအားနဲ့ပဲ တက်နေသေးတယ်"ဟု
မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး
ဦးဇော်မိုးခိုင်က (၁၁) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောသည်။

ပြည်ပမှဆေးဝါးများတင်သွင်းရာတွင် ပြည်ပဆေးတင်သွင်းမှု၏ ရ၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ
ကို အိန္ဒိယနိုင်ငံမှ အများဆုံးတင်သွင်းခြင်းဖြစ်ပြီး ထိုင်း၊ ဂျာမနီ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊
ဩစတြေးလျတို့မှလည်း တင်သွင်းမှုများရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။

"ပြည်ပနိုင်ငံတွေကနေ သွင်းလာတဲ့ဆေးတွေက အနည်းဆုံး ငါးရာခိုင်နှုန်းကနေ အများဆုံး ၁၃
ရာခိုင်နှုန်းလောက်အထိ ဈေးတက်သွားတယ်" ဟု စမ်းချောင်းမြို့နယ်ရှိ ရွှေအိုးဆေးဆိုင်ပိုင်ရှင်က
ပြောသည်။

ရန်ကုန်ဆေးဝါးဈေးကွက်တွင် ပြည်တွင်းမှထုတ်လုပ်သည့် ဆေးသုံးစွဲမှုမှာ အများဆုံး နှစ်ဆယ်
ရာခိုင်နှုန်းခန့်သာရှိပြီး နယ်မြို့များတွင် ပြည်တွင်း ဆေးသုံးစွဲမှုမှာ လေးဆယ်ရာခိုင်နှုန်းခန့်ရှိကြောင်း
ဒေါက်တာနိုင်အောင်ကိုက ပြောသည်။

"နယ်ဘက်မှာ ပြည်တွင်းထုတ်ဆေးတွေကို ပိုအသုံးများတယ်။ ဈေးအရမ်းကြီးတဲ့ နိုင်ငံခြားဆေး
တွေကို သိပ်မသုံးနိုင်တာကြောင့်လည်းပါမယ်" ဟု ၎င်းက ပြောသည်။

ပြည်တွင်းဆေးများတွင် ဘီပီအိုင်နှင့် FAME တို့မှ ထုတ်လုပ်သည့် ဆေးများကို အသုံးများကြောင်း
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး