ဇွန်လ ၁၄ ရက်နေ့မှစ၍ ပို့ကုန်နှင့် သွင်းကုန်ခွန်များ ကြိုတင်ကောက်ခံမည်
ပို့ကုန်သွင်းကုန်များအတွက် ကောက်ခံသော ကုန်သွယ်လုပ်ငန်းခွန် နှစ်ရာခိုင်နှုန်း ကြိုတင်
ကောက်ခံသည့် စနစ်ကို ဇွန်လ ၁၄ ရက်နေ့မှစတင်၍ ကျင့်သုံးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ငွေပင်ငွေရင်း မထိခိုက်အောင် ကြိုကောက်ဖြစ်တာပါ။ သွင်းလာတဲ့ လိုင်စင်တွေပေါ်မူတည်ပြီး
အခွန်ကောက်ခံသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အထိ ပို့ကုန်နှင့် သွင်းကုန်ခွန်များကို ကြိုတင်ကောက်ခံမှုများ ရှိခဲ့သော်
လည်း ပြီးခဲ့သည့်ဘဏ္ဍာနှစ် နှစ်နှစ်အတွင်း နှစ်ကုန်မှသာ နှစ်ချုပ်စာရင်းအဖြစ် စုပေါင်း ကောက်ခံ
ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ကြိုတင်ကောက်ခံသည့်စနစ်ကို ပြန်လည်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
















