တောင်ကိုရီးယားက မြန်မာနိုင်ငံကို 'ကန်'ဒေါ်လာ သန်း ၁၀၀ ကူညီမည်

တောင်ကိုရီးယားက မြန်မာနိုင်ငံကို 'ကန်'ဒေါ်လာ သန်း ၁၀၀ ကူညီမည်

တောင်ကိုရီးယားနိုင်ငံ၏ အတိုးနှုန်းသက်သာသော ချေးငွေအပါအဝင် ထောက်ပံ့ငွေ အမေရိကန်
ဒေါ်လာ သန်း ၁၀၀ ကို ယခု ဘဏ္ဍာနှစ်အတွင်း ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
ကိုရီးယားသံရုံးမှ ကောင်စစ်ဝန် မစ္စတာဘက်ဂျယ်ဂရောင်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

အဆိုပါ ဒေါ်လာသန်း ၁၀၀ မှ ၁၀ သန်းကိုထောက်ပံ့မှုအဖြစ် ပေးအပ်မည်ဖြစ်ပြီး ကျန်သန်း ၉၀ မှာ
အတိုး သက်သာသောချေးငွေအဖြစ် စိုက်ပျိုးရေး၊ စည်ပင်သန့်ရှင်းနှင့် အခြေခံအဆောက်အအုံများ
တည်ဆောက်မြှင့် တင်ခြင်းကဏ္ဍများအတွက် ပေးအပ်သွားမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင်း တောင်ကိုရီးယားမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ နှင့် နှစ်နိုင်ငံကုန်သွယ်မှု
မြှင့်တင်ရန် ဇွန်လ၊ ၁၉ ရက်နေ့မှ စတင်၍ ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သော
စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွ့ံဖြိုးတိုးတက်မှု
၀န်ကြီးဌာနဝန်ကြီး ဒေါက်တာကံဇော် အပါအဝင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် အခြားဝန်ကြီး
ဌာနများနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အိုင်စီတီ၊ အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေးနှင့် ငါးလုပ်ငန်း စသည့် ကဏ္ဍပေါင်းစုံမှ
စီးပွားရေး လုပ်ငန်းရှင် ကိုယ်စားလှယ် ၅၀ ဦးခန့် ပါ၀င်သော အဆိုပါစီးပွားရေး ကိုယ်စားလှယ်အဖွဲ့
သည် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကဏ္ဍများတွင် သဘောတူ လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်
ကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး