ဆင်းရဲမှုလျှော့ချရန် လယ်ယာကဏ္ဍတွင် ရင်းနှီးသင့်

ဆင်းရဲမှုလျှော့ချရန် လယ်ယာကဏ္ဍတွင် ရင်းနှီးသင့်

မြန်မာနိုင်ငံတွင် ဆင်းရဲမှု လျှော့ချနိုင်ရေးအတွက် လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံများ ပိုမိုလုပ်ကိုင်
သင့်ကြောင်း နေပြည်တော်တွင် ကျင်းပခဲ့သော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပညာရှင်များ
နှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသနှင့် လယ်သမားများ၏ လူနေမှုဘဝမြှင့်တင်ရေး
တို့အတွက် ဦးစားပေးနည်းလမ်းရှာရန်အတွက် လည်းစီးပွားရေးဖိုရမ် တက်ရောက်လာသည့်
ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။

"အခုလက်ရှိ အချိန်မှာ လယ်ယာကဏ္ဍကို အများကြီး ဦးတည် အလေးပေးနိုင်ဖို့က အခရာကျပါ
တယ်။ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ် အမြန်ဆုံးအောင်မြင်နိုင်မယ့် နည်းလမ်းလည်း ဖြစ်ပါတယ်"
ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အကြီးအကဲဖြစ်သူ ဟဲလင်ကလက်က ပြောသည်။

မြန်မာနိုင်ငံ၌ အလုပ်လုပ်နိုင်သော လူဦးရေ၏ ရ၀ ရာခိုင်နှုန်းသည် လယ်ယာကဏ္ဍတွင် တည်မှီနေ
သောကြောင့် လယ်ယာထုတ်ကုန် တိုးတက်ရေးအတွက် လယ်ယာကဏ္ဍ အခြေခံအဆောက်အအုံ
များ ဖွံ့ဖြိုးရေး၌ ရင်းနှီး မြှုပ်နှံသင့်သည်ဟု ၎င်းက ပြောသည်။

လယ်ယာကဏ္ဍ၌ သုတေသနနှင့် နည်းပညာပိုင်းတို့တွင် ရင်းနှီးမြှုပ်နှံမှု အားနည်းခြင်းကြောင့်
ထုတ်လုပ်မှုနိမ့် ကျနေကြောင်း မြန်မာနိုင်ငံမှ အက်ဖ်အမ်အိုင်လုပ်ငန်းစု ဥက္ကဋ္ဌဖြစ်သူ မစ္စတာ
ဆာ့ဂျ်ပန်းက ပြောသည်။

"လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့အားပေးပါတယ်။ လက်ရှိမှာ ကျွန်တော်တို့အနေနဲ့
ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေပေမယ့် လယ်ယာကဏ္ဍကို တွန်းအားပေးတာမျိုး
မဖြစ်သေးပါဘူး" ဟု ၎င်းက ပြောသည်။

အမေရိကန်နိုင်ငံတွင် ပက်ပ်စီ ကုမ္ပဏီအနေဖြင့် အာလူးကို ဈေးကောင်း ပေးဝယ်ကာ စားသောက်
ကုန်အဖြစ် ပြောင်းလဲပေးခြင်းဖြင့် အာလူးစိုက်ပျိုးသော တောင်သူများအား ကူညီရာရောက်
ကြောင်းလည်း ပက်ပ်စီကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ အင်ဒရာနူရီက ပြောသည်။

"မြန်မာနိုင်ငံက လူတွေကို ကိုယ်ပိုင် ၀င်ငွေ ရရှိစေနိုင်မယ့် တစ်ခုတည်း သောနည်းလမ်းကတော့
အဲဒီလူတွေ လုပ်ကိုင်စားသောက်နိုင်မယ့် အခွင့်အလမ်းကို ဖန်တီးပေးလိုက်တာပါပဲ" ဟု ၎င်းက
ပြောသည်။

လယ်ယာကဏ္ဍတွင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်
မှုသည် ရေရှည် တည်တံ့ခိုင်မာပြီး၊ အခြားကဏ္ဍများကိုလည်း အထောက်အကူပြုနိုင်ကြောင်း
ကမ္ဘာ့စီးပွားရေး ဖိုရမ်တက် ရောက်ခဲ့သူများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး