လက်လီရောင်းချသူများအသင်း ဟောပြောပွဲ ဇူလိုင်တွင် ကျင်းပမည်

လက်လီရောင်းချသူများအသင်း ဟောပြောပွဲ ဇူလိုင်တွင် ကျင်းပမည်

မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း၏ ပထမဆုံးအကြိမ် ဟောပြောပွဲကို မင်းရဲကျော်စွာ
လမ်းရှိ ကုန်သည် စက်မှုအသင်းချုပ်တွင် ဇူလိုင်လ ၂၇ ရက်နေ့၌ ကျင်းပမည် ဖြစ်ပြီး ဩဂုတ်နှင့်
စက်တင်ဘာလများတွင်လည်း ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌက
ပြောသည်။

လက်လီရောင်းချသူများအသင်းသည် ဇူလိုင်လ ၂၇ ရက်နေ့တွင် 'လက်လီလုပ်ငန်းမိတ်ဆက်'၊
ဩဂုတ်လ ၂၄ ရက်နေ့တွင် 'ထိရောက်သော လက်လီ စီးပွားရေးလုပ်ငန်းတစ်ခု မည်သို့ဆောင်ရွက်
မည်'နှင့် စက်တင်ဘာလ ၂၈ ရက်တွင် 'သင်၏ လက်လီလုပ်ငန်းတိုးတက် အောင်မြင်အောင်မည်
သို့လုပ်ဆောင် နိုင်မည်နည်း' စသည့်ခေါင်းစဉ်များဖြင့် ဟောပြောပွဲများကို ပြုလုပ်သွားမည်
ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်က ပြောသည်။

လက်လီရောင်းချသူများအသင်းကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် စတင်ဖွဲ့စည်း
ခဲ့ပြီး လက်ရှိအသင်းဝင် ၂၄ ယောက် ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး