ငွေလဲနှုန်း အတက်အကျကြောင့် ပြည်တွင်းကုန်ဈေးနှုန်းနှင့် ဈေးကွက်ထိခိုက်မှုမရှိစေရန် မျှတသည့်
ငွေလဲနှုန်း တစ်ခုကို ဗဟိုဘဏ်က ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်
၏ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဗရတ်ဆင်းက ပြောသည်။
ဇွန်လဆန်းပိုင်းက ဗဟိုဘဏ်၏ နေ့စဉ်သတ်မှတ်သည့်ငွေလဲဈေးမှာ အမေရိကန် တစ်ဒေါ်လာလျှင်
၉၄၅ ကျပ်ဖြစ်ပြီး တဖြည်းဖြည်းမြင့်တက်လာကာ ဇွန်လ ၁၇ ရက်နေ့ တွင် ၉၅၂ ကျပ်အထိ
တက်လာခဲ့သည်။
ငွေလဲကောင်တာများ၏ တရားဝင် ဈေးကွက်ပေါက်ဈေးမှာ ၀ယ်ဈေး ၉၄၈ ကျပ်နှင့် ရောင်းဈေး ၉၅၈
ကျပ်တို့ ဖြစ်ပြီး ပြင်ပဈေးကွက်တွင်မူ ၀ယ်ဈေး ကျပ် ၉၅၀ နှင့် ရောင်းဈေး ၉၆၀ ကျပ် ရှိခဲ့သည်။
"ငွေလဲနှုန်းက သွင်းကုန်အတွက် သက်သာပြီး ပို့ကုန်အတွက်ယှဉ်ပြိုင် နိုင်စွမ်းရှိတဲ့ ငွေလဲနှုန်းမျိုး
ဖြစ်သင့်ပါတယ်။ ဒါကြောင့် တည်ငြိမ်တဲ့ ဈေးကွက် အခြေခံငွေလဲနှုန်းဖြစ်ဖို့ ပို့ကုန်နဲ့ သွင်းကုန်
နှစ်မျိုးစလုံးအတွက် အားမျှခြေရှိတဲ့ ငွေလဲနှုန်းဖြစ်လာအောင် ထိန်းသိမ်းဆောင်ရွက်နေပါတယ်"ဟု
ဦးဗရတ်ဆင်းက ပြောသည်။
"နိုင်ငံခြားငွေကြေးဈေးကွက် ဖွံ့ဖြိုးလာမယ့်အချိန်ကျရင် ဈေးကွက်ရဲ့ အမှန်တကယ် ၀ယ်လိုအားနဲ့
ရောင်းအားကို ထင်ဟပ်စေမယ့် ငွေလဲနှုန်းမျိုး သတ်မှတ်ပေးသွားဖို့ ရှိပါတယ်"ဟု ၎င်းက
ပြောသည်။
ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲနှုန်းစနစ်သစ်အရ နိုင်ငံခြားငွေလဲနှု န်းတည်ငြိမ်မှုရှိစေရန် ငွေကြေးမူ
၀ါဒနည်းလမ်း တစ်ခုဖြစ်သည့် နိုင်ငံခြား ငွေဈေးပြိုင်စနစ်ဖြင့် ရောင်းဝယ်ခြင်း ကို ၂၀၁၂ ခုနှစ်၊
ဧပြီလဆန်းမှ စတင်ခဲ့ပြီး အဆိုပါ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို နိုင်ငံခြားငွေဈေးပြိုင်စနစ်အရ
ဖြစ်ပေါ်လာသော ၀ယ်လိုအားနှင့် ရောင်းအားပေါ်မူတည်ကာ ဘဏ်ဖွင့်ရက်များတွင် နေ့စဉ်
ထုတ်ပြန်ပေးလျက်ရှိသည်။
ထိုသို့ ငွေလဲနှုန်း သတ်မှတ်ထုတ်ပြန်ခြင်းတွင် ပြင်ပဈေးကွက် နိုင်ငံခြားငွေ ပေါက်ဈေး၊ ရွှေဈေးနှုန်း၊
အမေရိကန်ဒေါ်လာနှင့် အခြားအဓိက နိုင်ငံခြားသုံးငွေများ၏ နေ့စဉ်ငွေလဲလှယ်နှုန်းများကို
ဆန်းစစ်ပြီး ရည်ညွှန်းငွေလဲလှယ ်နှုန်းနှင့် ပြင်ပဈေးကွက်ငွေလဲလှယ ်နှုန်းအကြား ကွာဟချက်
ကြီးမားမှု မရှိစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုသို့လုပ်ဆောင်ရာတွင် ဗဟိုဘဏ်၏ သက်ဆိုင်ရာဌာနများမှ စိစစ်သုံး သပ်ချက်များအပါအဝင်
နိုင်ငံခြား ငွေကြေး ရန်ပုံငွေ အဖွဲ့အစည်းနှင့် ဂျပန်အစိုးရ၏ ထောက်ပံ့မှုဖြင့် နည်းပညာအကြံပေးမှု
များလည်း ပါ၀င်မည် ဖြစ်သည်။
ဗဟိုဘဏ်၏ ငွေလဲနှုန်းမူဝါဒမှာ နိုင်ငံခြားငွေလဲနှုန်းအပေါ် အဓိကမထားပဲ ပြည်ပကုန်သွယ်မှုတွင်
ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းစေရန်၊ ပြည်ပငွေပေးငွေယူ ရှင်းတမ်းအခြေ အနေကောင်းမွန်စေရန်နှင့်
ငွေလဲနှုန်း တည်ငြိမ်စေရန်တို့ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိငွေလဲနှုန်းမြင့်မား နေရခြင်းမှာ ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်နေ
ခြင်းနှင့် မြန်မာနိုင်ငံတွင်းရှိ ပြင်ပဈေးကွက်အတွင်း နောင်တွင် ငွေလဲလှယ်နှုန်း ပိုတက်မည်ဟု
ယူဆချက်များရှိနေခြင်း ကြောင့် အမေရိကန် ဒေါ်လာကို ၀ယ်ယူလိုအား များနေခြင်းတို့ကြောင့်
ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းကို ဗဟိုဘဏ်အနေဖြင့် အားမျှခြေ ငွေလဲနှုန်းအား Macro စီးပွားရေး ကိန်းရှင်များအပေါ်
အခြေခံကာ Economic model များ၊ အချိန်ကိန်းစဉ်လေ့ လာဆန်းစစ်ခြင်းများနှင့် တွက်ချက်
လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး ငွေလဲလှယ်နှုန်း စီမံခန့်ခွဲမှု အထောက်အကူပြုကော်မတီ၏
နိုင်ငံခြားငွေလဲလှယ ်နှုန်းဆိုင်ရာ သုံးသပ်ချက်များ အစည်းအဝေးများမှ ထိရောက်သော လေ့လာ
ဆန်းစစ်မှု လုပ်နေကြောင်း ၎င်းက ပြောသည်။

















