'အမေရိကန်' ခွင့်ပြုသည့် GSP ရရန် ပြင်ဆင်နေ

'အမေရိကန်' ခွင့်ပြုသည့် GSP ရရန် ပြင်ဆင်နေ

အမေရိကားသို့ တင်ပို့သည့် ပို့ကုန်များအပေါ် အခွန်ကင်းလွတ်ခွင့် Generalized System of
Preferences (GSP) ပြန်လည်ရရှိရန် အသိဉာဏ် ပစ္စည်းဆိုင်ရာဥပဒေ၊ အလုပ်သမား အခွင့်
အရေးဥပဒေနှင့် ကုန်ပစ္စည်းများ နှင့်ပတ်သက်သည့် အရေးပါသော စံချိန်စံနှုန်းဆိုင်ရာ အချက်
အလက်များကို ပြင်ဆင်နေကြောင်း တာဝန်ရှိသူများက ပြောသည်။

ပြည်သူ့လွှတ်တော်၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဖွ့ံဖြိုးတိုးတက်မှုကော်မတီ အတွင်းရေးမှူး
ဦးအေးမောက်က ဇွန်လ၂၅ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်တွင် ယင်းဥပဒေ တစ်ရပ်ကို
ထည့်သွင်း တင်ပြသွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော်၏ နှစ်လတာ ကာလအတွင်း အတည်ပြု
နိုင်ရန် မျှော်လင့်ကြောင်း ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်အသိုင်းအဝိုင်းမှ တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံ
အနေဖြင့် GSP ပြန်လည်ရရှိရေးနှင့် ပတ်သက်၍ အပြုသဘောဆောင်သော ပြောဆိုချက်များရှိခဲ့ပြီး
အမေရိကန် အစိုးရကလည်း အဆိုပါကိစ္စကို ယခု နှစ်အတွင်း ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း
ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ World Intellectual Property Organization (WIPO)အဖွဲ့ အာရှနှင့်
ပစိဖိတ်ဒေသဆိုင်ရာမှ အကြီးတန်းအရာရှိဖြစ်သူ ဦးရဲမင်းသန်းက ၀န်ကြီးဌာနများ နှင့်ကုမ္ပဏီ
အသင်းအဖွဲ့များ ပူးပေါင်းတိုင်ပင်ပြီး မူပိုင်ခွင့်ဥပဒေကြမ်း အပြီးသတ် ထွက်ပေါ်လာစေရန် ၎င်းတို့
အဖွဲ့ အစည်းကလည်း ဥပဒေနည်းလမ်းအ ကူအညီများနှင့် နိုင်ငံတကာဥပဒေစံ အတွင်း ၀င်ရောက်
နိုင်ရန် ကူညီနေကြောင်း ပြောသည်။

"အဓိကက ဒီနိုင်ငံရဲ့မူပိုင်ခွင့်ဥပဒေနဲ့ အလုပ်သမားအခွင့်အရေးပါ။ ဒါကိုလည်း သက်ဆိုင်ရာဝန်ကြီး
ဌာန အားလုံးကို စာပို့ထားပါတယ်။ အနောက်နိုင်ငံတွေကို ပို့တဲ့ပို့ကုန်အပေါ် အခွန်ကင်းလွတ်ခွင့်
ရရေးမှာ ကိုယ့်ကိုထောက်ခံတဲ့သူ ရှိသလို ကန့်ကွက်တဲ့သူလည်း ရှိမှာပဲ။ မြန်မာနိုင်ငံအတွက်
စိန်ခေါ်မှုပေါ့"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးအောင်စိုးက ပြောသည်။

"လူ့အခွင့်အရေးနဲ့ အညီလုပ်ဖို့ ကုန်ပစ္စည်းတွေကို သတ်မှတ်တဲ့စံနှုန်းတွေနဲ့အညီ ထားဖို့ဆိုတဲ့
အချက်တွေနဲ့ ကိုင်ထားတယ်"ဟု ၎င်းက ပြောသည်။

GSP ပြန်လည်ရရှိရေးအတွက် မြန်မာနိုင်ငံတွင်းသို့ မကြာခင်ဝင်ရောက်လာနိုင်ဖွယ်ရှိသော
နိုင်ငံတကာ ဥပဒေအဖွဲ့အစည်းဖြစ်သည့် Herzfeld & Rubin နှင့် International Property
Alliance တို့က ထောက်ခံခဲ့သော်လည်း Earth Rights Intrernational၊ US Campaign for
Burma နှင့် Burma Fund စသည့် အဖွဲ့အစည်းများက ကန့်ကွက်မှုများရှိခဲ့ကြောင်း ၎င်းက
ပြောသည်။

အီးယူ၏ GSP ရပြီးနောက် ရော်ဘာ တန် ၂၀ ကျော်တင်ပို့ခဲ့ရပြီး အမေရိကားသို့လည်း မကြာမီ
တင်ပို့ခွင့်ရနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက
ပြောသည်။

၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်၏ ပထမခြောက်လတာ ကာလပတ်အတွင်း ကုန်သွယ်မှု တန်ဖိုးပေါင်း
အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၄ သန်းရှိခဲ့ရာတွင် မြန်မာနိုင်ငံဘက်မှ ဒေါ်လာ ၁၀၀,၀၀၀ ကျော်ဖိုး
သာတင်ပို့နိုင်ခဲ့ပြီး တိုက်ရိုက်မဟုတ်ပဲ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ အများဆုံးဖြတ်သန်းသွားရ
ခြင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး