ဈေးကွာဟမှုကြောင့် တရားဝင် ဒေါ်လာ အရောင်း ကန့်သတ်

ဈေးကွာဟမှုကြောင့် တရားဝင် ဒေါ်လာ အရောင်း ကန့်သတ်

ဗဟိုဘဏ် သတ်မှတ်ဈေးပေါ်မူတည်သော တရားဝင်ငွေလဲကောင်တာသတ် မှတ်ဈေးနှုန်းနှင့် ပြင်ပ
ဈေးကွက်ပေါက် ဈေးကွာဟမှု မြင့်မားလာခြင်းကြောင့် ယခုသီတင်းပတ်မှစတင်၍ ဒေါ်လာအဝယ်
သာရှိပြီး ရောင်းချမှုတွင် သတ်မှတ်ချက်များရှိလာကြောင်း တာဝန်ရှိသူများက ပြောသည်။

တစ်ဖက်တွင်လည်း ၀ယ်လိုအားတက်လာသောကြောင့် နေ့စဉ်ဗဟိုဘဏ်သို့ပေးသော ဘဏ်များ၏
ဈေး နှုန်းမှာ မြင့်တက်လျက် ရှိသည်။

"ဘဏ်တွေဈေးနဲ့ အပြင်ဈေးက အရမ်းဟနေတယ်။ ဈေးက ၂၀ ကျော် ၃၀ လောက်ကွာနေတော့
ကျွန်မတို့လည်း အရမ်းနစ်နာပါတယ်။ မဖြစ်မနေ တကယ်လိုအပ်တဲ့ လူမှပဲ အဓိကထား ရောင်းပေး
တယ်။ မဟုတ်ရင် ဘဏ်ရဲ့ အကျိုးစီးပွားထိခိုက်လာနိုင်တယ်"ဟု သမဝါယမဘဏ်၏ အထွေထွေ
မန်နေဂျာ ဒေါ်သိင်္ဂ ီနွယ်က ပြောသည်။

ဘဏ်များက အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနှင့် ယူရိုကို အဓိက ထားရောင်းချရာတွင်
၀ယ်လိုအား နည်းပါးသည့် ယူရိုမှာ ဈေးကွာဟမှု မရှိသော်လည်း ၀ယ်လိုအားမြင့်မားပြီး ဈေးကွက်
တွင်း ဈေးကစားနိုင်သည့် ကျန်ငွေကြေး နှစ်မျိုးကိုမူ လာဝယ်ယူတိုင်း မရောင်းချတော့ကြောင်း
၎င်းက ပြောသည်။

ကမ္ဘောဇဘဏ်၏ အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းမှ အကြီးတန်းအထွေထွေမန်နေဂျာ
ဦးဇော်လင်းထွဋ်က ဘဏ်များမှာ ပြင်ပဈေးကွက်ပေါက် ဈေးအတိုင်း လိုက်လံသတ်မှတ်ပါက
နစ်နာမှုများရှိလာနိုင်ပြီး ဗဟိုဘဏ်၏ စည်းမျဉ်းနှင့်လည်း မကိုက်ညီသောကြောင့် ဗဟိုဘဏ်၏
နေ့စဉ်သတ်မှတ်သော ဈေးတွင်သာ အဝယ်အရောင်း ပြုလုပ်ကြောင်းပြောသည်။

"ဈေးက အရမ်းကွာတဲ့အတွက် ဘဏ်ရဲ့ ဖောက်သည်တွေကလည်း ဘဏ်တွေကပဲ လှိမ့်ဝယ်နေကြ
ပါတယ်။ လက်ရှိ အခြေအနေအရ တကယ်လိုအပ်တဲ့သူအတွက်ပဲ ရနိုင်မယ်။ ဈေးကစားတဲ့သူကို
ရောင်းပေးဖို့ မဖြစ်နိုင်ဘူး" ဟု ၎င်းက ပြောသည်။

ဘဏ်များ၏ ငွေလဲကောင်တာများတွင် ကုန်သွယ်မှုပြုလုပ်ရန် စာရွက်စာတမ်းအမှန်တကယ်ပြနိုင်
ခြင်း၊ ကြေးနန်းဖြင့် ငွေလွှဲခြင်းနှင့် ဘဏ်စာရင်း လွှဲပြောင်းမှုအတွက် ငွေကြေးလဲလှယ်မှုတွင်သာ
ရောင်းချတော့ပြီး ကျန်ဝယ်ယူမှုများကို ကန့်သတ်ထားကြောင်း ဘဏ်လုပ်ငန်းရှင်များက
ပြောသည်။

ဇွန်လ ၂၅ ရက်နေ့ဈေးအရ ဗဟိုဘဏ်၏ သတ်မှတ်သော တန်ဖိုးမှာ တစ်ဒေါ်လာ ၉၅၇ ကျပ်ရှိပြီး
ငွေလဲကောင်တာ အရောင်းအဝယ်ဈေးမှာ ၉၅၇ နှင့် ၉၆၅ အတွင်း ဈေးခွာထားပြီး ပြင်ပဈေးကွက်
တွင် ကျပ် ၁,၀၀၀ ဈေးအထိ ဖြစ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ငွေလဲဈေးမှာ ဇွန်လဆန်းပိုင်းက အနည်းငယ် ကျဆင်းခဲ့သော်လည်း လွန်ခဲ့သည့် သီတင်းနှစ်ပတ်မှ
စတင်ကာ ပြန်လည်မြင့်တက်လာပြီး ဗဟိုဘဏ် Website က နေ့စဉ် ကြေညာသည့်နှုန်းထားမှာ
တစ်နေ့လျှင်တစ် ကျပ်(၀ ဒသမ ၁ မှ ၀ ဒသမ ၂ ရာခိုင်နှုန်း) ပြန်မြင့်လာခဲ့သည်။

ပြင်ပ ဈေးကွက်တွင်မူ အပြောင်းအလဲသိသာစွာ ဖြစ်ပေါ်ခဲ့သည်။

"ဒီမှာတော့ အရောင်းအဝယ် ပုံမှန်ပါပဲ။ အပြင်ကပေးသလောက် ဘဏ်တွေမှာ လိုက်မပေးနိုင်ဘူး
လေ။ ပို့ကုန် ရောင်းရငွေလည်း ဈေးတက်ပြီး ရွှေ ဈေးလည်းကျသွားတော့ ဒေါ်လာ ဈေးတက်လာ
တယ်။ ကျွန်တော်တို့လည်း မဂိုလမ်းဈေးကွက်က သတ်မှတ်တဲ့အတိုင်း လိုက်တာပါ"ဟု
ကျောက်တံတားမြို့နယ်ရှိ ပြင်ပငွေကြေးဈေးကွက် မှ ၀ယ်ရောင်းတစ်ဦးက ပြောသည်။

ရွှေဈေးမှာ တစ်ပတ်အတွင်း ဒေါ်လာ ၁,၃၀၀ ကျော်မှ ၁,၂၇၅ သို့ ကျဆင်းသွားခြင်း အပါအဝင်
အမေရိကန် ဒေါ်လာ၏ ငွေလဲနှုန်းမှာ နိုင်ငံတကာတွင် မြင့်တက်နေခြင်း၊ ကုန်သွယ်မှုတွင်လည်း
ဒေါ်လာနှင့် အခွန်ဆောင်ရမှုများရှိခြင်း စသည့်အကြောင်းအချက်များကြောင့် ၀ယ်လိုအားမြင့်လာ
ခြင်းဖြစ်သည်။

ပြင်ပ ဈေးကွက်အတွင်း ထိုသို့ မြင့်တက်နေသည့် ငွေဈေးမှာ ကုန်သည်များ နှင့် နိုင်ငံခြားငွေသုံးစွဲ
သူများ အမှန်တကယ်လိုအပ်သည့် ဈေးဟုတ် မဟုတ်ကို ဗဟိုဘဏ်က အနီးကပ် စောင့်ကြည် ့
လေ့လာနေကြောင်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဗဟိုဘဏ်က စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ ငွေဈေးကစားလိုတဲ့ လူတစ်စုက
ဆွဲတင်နေတာမျိုးရှိတယ်။ ဒီဈေးတွေက ပို့ကုန်နဲ့ သွင်းကုန် လုပ်ငန်းရှင်တွေဆီမှာ အမှန်တကယ်
ဖြစ်ပေါ်နေတဲ့ဈေး ဟုတ် မဟုတ်ကို စောင့်ကြည့်နေတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာများ၏ ဈေးနှုန်းကို ဗဟိုဘဏ်က သတ်မှတ်
ပေးနေပြီး ယင်းထက် ၀ ဒသမ ၈ ရာခိုင်နှုန်း တိုးခြင်း သို့မဟုတ် လျှော့ခြင်းထက် ကျော်လွန်သော
ဈေးနှုန်းကို ပုဂ္ဂလိကဘဏ်များက ခေါ်ဆိုခွင့် မရှိပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး