မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် နိုင်ငံတကာကုမ္ပဏီများက ကားနှင့် ဆက်စပ်ပစ္စည်းများ၊
လျှပ်စစ်မော်တာနှင့် ယန္တရားစက်ပစ္စည်းများ တစ်ပေါင်းတစ်စည်းတည်း ပြသမည့် နိုင်ငံတကာ
အရည်အသွေးမြင့် စက်ပစ္စည်းပြပွဲကြီးကို ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ တပ်မတော်ခန်းမ
တွင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပြပွဲအား ထိုင်ဝမ်နိုင်ငံမှ Yorkers Trade and Marketing Service နှင့် Taipei World
Trade Center ကုမ္ပဏီတို့ ပူးပေါင်းကာ စီစဉ်ခြင်းဖြစ်ကြောင်း ပြပွဲကျင်းပရေးအဖွဲ့ တာဝန်ရှိသူ
တစ်ဦးဖြစ်သူ မမျိုးကြည်ဖြူထွန်းက ပြောသည်။
"ကျွန်မတို့ကုမ္ပဏီက ပွဲစီစဉ်မှုတွေကို သီးသန့်လုပ်တဲ့ ထိုင်ဝမ်ကုမ္ပဏီ ဖြစ်ပါတယ်။ အခုပွဲက
ကား သီးသန့်၊ စက် သီးသန့်မဟုတ်ဘဲ သက်ဆိုင်ရာကဏ္ဍအသီးသီးက စက်ပစ္စည်းတွေကို
ပေါင်းပြီး ပြသတဲ့အတွက် မြန်မာနိုင်ငံအနေ နဲ့ ပထမဦးဆုံးအကြိမ်မျိုး ဖြစ်သွားတာပါ။ နောက်ပြီး
ကျွန်မတို့ ကုမ္ပဏီအနေနဲ့လည်း မြန်မာနိုင်ငံမှာ လုပ်တဲ့ပွဲက ဒါပထမဦးဆုံး မဟုတ်ပါဘူး" ဟု
၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံမှစက်ပစ္စည်း အမျိုးအစားပေါင်း ၁၁၅ မျိုး ပြသ
သွားမည်ဖြစ်ပြီး ၈၀ရာခိုင်နှုန်းမှာ ကား နှင့် ဆက်စပ်ပစ္စည်းများ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကိုရီးယား၊ ဟောင်ကောင်၊ မြန်မာ၊ ထိုင်ဝမ်၊ ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုမ္ပဏီပေါင်း
၁၁၂ ခုလာရောက် ပြသမည် ဖြစ်သည်။
"ပြပွဲမှာ လာရောက် ကြည့်ရှုသူတွေ အနေနဲ့ကတော့ ဒီမှာပြမယ့် ပြည်ပက ကုန်ပစ္စည်းတွေကို
စိတ်ဝင်စားလို့ ကိုယ်စားလှယ် ယူချင်တယ်ဆိုရင် အဲဒီ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းလို့ရပါတယ်။ အရင်ပွဲ
တွေတုန်းကလည်း ကိုယ်စားလှယ် ချိတ်ဆက်မှုတွေ အများကြီးရတာ ကိုတွေ့ရပါတယ်" ဟု
မမျိုးကြည်ဖြူထွန်းက ပြောသည်။
















