မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံသည် နောက်ဆုံးတည်ရှိနေသည့် နယ်စပ်ဖြတ်
ကျော် ပေါင်းစည်းမှုလက္ခဏာတစ်ခုအဖြစ် သတ်မှတ်ထားကြသည့် နှစ်နိုင်ငံပူးတွဲစက်မှုဇုန်ကို
ပြန်လည်ဖွင့်လှစ်ရန် သဘောတူလိုက်ခြင်းဖြင့် လပေါင်းများစွာ ကြာမြင့်နေသည့် တင်းမာမှုများကို
လျှော့ချရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ကို ဇူလိုင်လ ရ ရက်နေ့တွင် စတင်ခဲ့ကြသည်။
၁၅ နာရီကြာ အကြိတ်အနယ်ဆွေး နွေးပြီးနောက်တွင် နှစ်နိုင်ငံနယ်စပ်အနီး ကေဆောင်စက်မှုဇုန်ရှိ
ပိတ်ထားရသည့် တောင်ကိုရီးယားကုမ္ပဏီပိုင် စက်ရုံများကို အခါအခွင့်သင့်သည့်အခါ ပြန်ဖွင့်ရန်
နှစ်နိုင်ငံစလုံးက သဘောတူလိုက်ကြောင်း ပူးတွဲကြေငြာချက်ကို ထုတ်ပြန်ခဲ့ကြသည်။
"ကေဆောင်ကကုမ္ပဏီတွေ သူတို့ စက်ရုံကို ပြန်ဖွင့်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် လုပ်ငန်းပြန်စကြဖို့
တောင်နဲ့ မြောက် နှစ်နိုင်ငံစလုံးက ခွင့်ပြုပေးမှာပါ" ဟု ပူးတွဲကြေငြာချက်တွင် ဖော်ပြထားသည်။
စက်မှုဇုန်ပြန်ဖွင့်ရေးနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုဆွေးနွေးရန် နှစ်နိုင်ငံ
အဖွဲ့သည် ကေဆောင်စက်မှုဇုန်တွင် ဇူလိုင်လ ၁၀ ရက်နေ့၌ ပြန်လည်တွေ့ဆုံဆွေးနွေးမည်
ဖြစ်သည်။
တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်သည့် ရှားပါး
လက္ခဏာတစ်ရပ်အဖြစ် နှစ်နိုင်ငံနယ်စပ် မြောက်ဘက် ခြောက်မိုင်အကွာခန့်တွင် ၂၀၀၄ ခုနှစ်၌
ဆောက်လုပ်ခဲ့သည့် အဆိုပါပူးတွဲစက်မှုဇုန်သည် အများအားဖြင့် ပြီးခဲ့သည့်နှစ်များတွင် နှစ်နိုင်ငံ
ဆက်ဆံရေး တင်းမာနေသည့် ကြားတွင် အလိုက်သင့် တည်ရှိနေနိုင်ခဲ့သည်။
သို့သော် စစ်ရေးအရတင်းမာမှုများနှင့် တောင်ကိုရီးယားအစိုးရ၏ ရန်လိုမှုများကိုထောက်ပြပြီး
မြောက်ကိုရီးယား အစိုးရသည် ဧပြီလတွင် တောင်ကိုရီးယားပိုင်စက်ရုံ ၁၂၃ ရုံ မှ မြောက်ကိုရီးယား
၀န်ထမ်း ၅၃,၀၀၀ ကို ပြန်ခေါ်ခဲ့ရာ တောင်ကိုရီးယားအစိုးရကလည်း မေလအစောပိုင်းတွင်
ကုမ္ပဏီပေါင်း ၁၂၀ ခန့်မှ မန်နေဂျာများကို တောင်ကိုရီးယားသို့ ပြန်လည်ခေါ်ယူခဲ့သည်။
ဆင်းရဲမွဲတေနေသည့် ကွန်မြူနစ်နိုင်ငံ မြောက်ကိုရီးယားအတွက် ငွေရင်း အခိုင်အမာရရှိရန်
အရေးပါသည့် ရင်းမြစ်တစ်ခုဖြစ်သည့် စက်မှုဇုန်ပြန် စတင်ရေးဆွေးနွေးပွဲတွင် မြောက်ကိုရီးယား
တာဝန်ရှိသူများသည် ဆွေးနွေးရန် စိတ်အားထက်သန်မှုရှိသည်ကို တွေ့ရကြောင်း နောက်ဆုံး
ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုကိုတာဝန်ယူခဲ့သည့် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်
ဆူဟိုက နှစ်နိုင်ငံသဘောတူညီမှုကို လက်မှတ်ရေးထိုး ပြီးနောက် ပြောကြားခဲ့သည်။
အဆိုပါစက်မှုဇုန်ရှိ စက်ရုံများ ရပ်ဆိုင်းထားရခြင်းကြောင့် အပြန်အလှန် အပြစ်တင်နေကြသော်
လည်း ယင်း စက်မှုဇုန်ကို တရားဝင်ပိတ်ပစ်လိုက်ကြောင်း နှစ်ဖက်စလုံးက ကြေညာခြင်းမရှိပဲ
ယာယီပိတ်ထားခြင်းအဖြစ်သာ ရည်ညွှန်းပြောဆိုခဲ့ကြသည်။
"ကေဆောင် စက်မှုဇုန်ကိစ္စကို ဖြေရှင်းဖို့အတွက် မြောက်ကိုရီးယားဖက် ကတက်ကြွနေတာ
ကျွန်တော်တွေ့ရပါတယ်"ဟု ဆူဟိုက သတင်းထောက်များကို ပြောသည်။
ယခုပြုလုပ်ခဲ့သည့် သဘောတူညီမှုအရ တောင်ကိုရီးယားလုပ်ငန်းရှင်များသည် ၎င်းတို့၏စက်ရုံများ
ကို စစ်ဆေးရန် ယခုလ ၁၀ ရက်နေ့တွင် နယ်စပ်ဖြတ်ကျော်သွားလာခွင့် ရမည်ဖြစ်သည်။
အဆိုပါသတင်းကို ကေဆောင်ရှိ တောင်ကိုရီးယား ကုမ္ပဏီများက လက်ခံ ကြိုဆိုခဲ့ကြသည်။
"ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တောင်ကျမိတယ်" ဟု ကုမ္ပဏီ ၁၂၃ ခု၏
ကိုယ်စားလှယ်ခေါင်းဆောင် ဩသည Moon Chang Seop က ပြောသည်။
သို့သော် ပြီးခဲ့သည့်သုံးလအတွင်း စက်ရုံနားထားရသည့်အတွက် တခြားသို့ ရောက်သွားသည့်
၀ယ်လက်များကို ပြန်ဆွဲဆောင်ရန် အခက်အခဲရှိနေမည်ကို စိုးရိမ်ပူပန်မိကြောင်းလည်း ကုမ္ပဏီ
ပိုင်ရှင်အချို့က ပြောသည်။
ပူးတွဲစက်မှုဇုန်ရှိစက်ရုံများ ရပ်ဆိုင်းထားရသည့် ဖြစ်ရပ်သည် ကိုရီးယားကျွန်းဆွယ်တွင်
မကြာသေးခင်က တိုးပွားလာသည့် တင်းမာမှုများကြောင့် ဖြစ်ရသည့် မတော်တဆထိခိုက်ပျက်စီးမှု
များတွင် အထင်ရှားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာသည်။
ပျက်သုဉ်းလုနီးပါးဖြစ်နေသော စက်မှုဇုန်ကို ပြန်လည်ပတ်နိုင်အောင် ဆွေး နွေးမှုများစတင်ရန်
ယင်းစက်မှုဇုန်ရှိ တောင်ကိုရီးယားကုမ္ပဏီများ၏ ကိုယ်စားလှယ်များက နှစ်ဖက်စလုံးကို
ထပ်တလဲလဲ တောင်းဆိုခဲ့သည်။
ကုမ္ပဏီအချို့ကလည်း ပြိုင်ဘက်နှစ် နိုင်ငံအကြား နိုင်ငံရေးအရ ငြင်းခုံမှုတွင် မြေစာပင်ဖြစ်ရသည်ဟု
ပြောဆိုပြီး ကေဆောင်တွင် စက်ရုံဆက်လက်မဖွင့်တော့ဘဲ လုပ်ငန်းသိမ်းတော့မည်ဟု ခြိမ်းခြောက်
ပြောဆိုခဲ့ကြသည်။
တောင်ကိုရီးယားအစိုးရနှင့် အမေရိကန်အစိုးရတို့ကို သာမန်စစ်ဆင်ရေးနှင့် နျူကလီးယားစစ်ဆင်
ရေးအရပါ တိုက်ခိုက်မည်ဟု အကြိမ်ကြိမ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား
အစိုးရက အပြန်အလှန်ဆွေးနွေးမှုပြုလုပ်ရန် ဆန္ဒရှိလာခြင်း ဖြစ်သည်။
အမေရိကန်အစိုးရနှင့် မည်သည့်တိုက်ရိုက်ဆွေးနွေးမှုမှ မပြုလုပ်ခင် တောင်ကိုရီးယားနှင့် ဆက်ဆံ
ရေး ပိုကောင်းအောင်ပြုလုပ်ရန် အမေရိကန်၏ တောင်းဆိုမှုကို မြောက်ကိုရီးယား အစိုးရက
ထည့်သွင်းစဉ်းစားနေကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့တွင် မြောက်ကိုရီးယား အစိုးရသည် မျှော်လင့်မထားသည့် စစ်ရေး
အရ နယ်စပ်ဖြတ်ကျော် ဆက်သွယ်သည့် သီးသန့် တယ်လီဖုန်းလိုင်းကို ပြန်လည် ချိတ်ဆက်ပေး
ခဲ့ခြင်းနှင့် တောင်ကိုရီးယားလုပ်ငန်းရှင်များ ကေဆောင် စက်မှုဇုန်သို့ သွားရောက်ကြည့်ရှုရန်
ကိုလည်း ခွင့်ပြုပေးခဲ့သည်။
"ဆွေးနွေးပွဲမှာ ရလာတဲ့ သဘောတူညီမှုကတော့ ကေဆောင်စက်မှုဇုန်ကို တစ်ဖက်သတ်ရပ်ဆိုင်း
တဲ့ အဖြစ်မျိုး ထပ်မပေါ်ပေါက်အောင် မြောက်ကိုရီးယားက တာဝန်ယူပေးဖို့ တောင်ကိုရီးယားက
တောင်းဆိုခဲ့ပြီး မြောက်ကိုရီးယားကလည်း ကေဆောင်စက်မှုဇုန်ကို ပြန်လည်ပတ်ပေးဖို့ တောင်းဆို
ထားပါတယ်"ဟု North Korean Studies တက္ကသိုလ် ပါမောက္ခယန်မူဂျင်းက အေအက်ဖ်ပီကို
ပြောသည်။
ကေဆောင်စက်မှုဇုန်နှင့် ပတ်သက်၍ ယခုအချိန်အထိ မဖြေရှင်းနိုင် သေးသော်လည်း နှစ်ဖက်အဖွဲ့
သည် အဆိုပါကိစ္စကို ဆွေးနွေးဆဲဖြစ်ပြီး နောက်တစ်ကြိမ် ဆွေးနွေးမည့်ရက်ကိုလည်း သတ်မှတ်
ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
"ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲဟာ ကိုရီးယားနှစ်နိုင်ငံဟာ အငြင်းပွါးနေတဲ့ နှစ်နိုင်ငံနယ်စပ်
ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှုဆက်လုပ်မလား ဆက်လက်တင်းမာနေ မလားဆိုတာကို မြင်ရမယ့်
အချက်ပြစနစ်ကောင်းတစ်ခု ဖြစ်လာမှာပါ" ဟု ၎င်းက ပြောသည်။
တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သည့် သဘောတူညီမှုသည် ကေဆောင်ပြည်နယ်၏ အနာဂတ်နှင့်
ပတ်သက်၍ ပြီးခဲ့သည့်လတွင်ပြုလုပ်ခဲ့သည့် ဆွေး နွေးမှုပျက်ပြားသွားသည့်ဖြစ်ရပ်နှင့် ပြောင်းပြန်
အနေအထားဖြစ်သည်။
ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့တစ်ခုစီတွင် ဦးဆောင်ပါ၀င်ဆွေးနွေးသင့်သူနှင့်ပတ်သက်ပြီး
အငြင်းပွါးမှုဖြစ်ပေါ်ကာ အဆိုပါအဆင့်မြင့်ဆွေးနွေးပွဲ ပျက်ပြားသွားခြင်း ဖြစ်သည်။
(အေအက်ဖ်ပီ)

















