လုပ်ငန်းသုံးနှင့် ခရီးသည်တင် ဟွန်ဒိုင်းကားစင်တာ ဖွင့်

လုပ်ငန်းသုံးနှင့် ခရီးသည်တင် ဟွန်ဒိုင်းကားစင်တာ ဖွင့်

HYUNDAI အမှတ်တံဆိပ် ကိုရီးယားနိုင်ငံထုတ် လုပ်ငန်းသုံး ကားများနှင့် ခရီးသည်တင်
ဘတ်စ်ကား အရောင်းစင်တာကို ဇူလိုင်လ ၆ ရက်နေ့က အောက်မင်္ဂလာဒုံလမ်း၊ အင်းစိန်မြို့ နယ်
တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါကားများကို ဂျင်နရယ် အားမာန်သစ် ကုမ္ပဏီမှ တင်သွင်းလာခြင်း ဖြစ်ပြီး အိုဟောင်းအပ်နှံ
ဒိုင်နာ အစားထိုး ခရီးသည်တင် စီးတီးဘတ်စ်များ နှင့် မော်ဒယ်လ်သစ် လုပ်ငန်းသုံး ကားများကို
တရားဝင် ယာဉ်နံပါတ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

"ဒိုင်နာ အစားထိုးယာဉ် စီးတီး ဘတ်စ် ၁၀၂ စီး သွင်းထားတာရှိတယ်။ လောလောဆယ်တော့
နမူနာ နှစ်စီးပြထားတယ်။ အုံနာတွေလက်ထဲကို ရောင်းပေးပြီးပြီ။ ကားပြင်ဆင်ပြီး စီအင်န်ဂျီ
စာအုပ်လုပ်ပြီးရင် အဲဒီ ကားတွေက လိုင်းဆွဲလို့ရပြီ။ သမ္မတကြီး ချထားပေးတဲ့ စီအင်န်ဂျီ ကုဗပေ
တစ်သန်းထဲက ခွဲတမ်းနဲ့ ပြေးဆွဲမှာ။ ကုမ္ပဏီက အဲဒီခွဲတမ်းရတာကို ကားသွင်းပေးလိုက်တာ။
ကားအုံနာတွေကို ဈေးသက်သာအောင် အရစ်ကျရောင်းပေးတယ်။ ဒီကားတွေက အကောက်ခွန်
မဆောင်ရပဲ သွင်းထားတာကြောင့် ဈေး နှုန်းသက်သာတဲ့အပြင် အရစ်ကျလည်း ရောင်းပေးထား
တယ်။ အရစ်ကျမှာ ပထမတစ်နှစ်ကို ရှစ်ရာခိုင်နှုန်းပဲ အတိုးယူတယ်။ ကားတန်ဖိုးရဲ့ သုံးဆယ်
ရာခိုင်နှုန်း ငွေသွင်းပြီးရင် ကားထုတ်လို့ရပြီ" ဟု ဂျင်နရယ်အားမာန်သစ်ကုမ္ပဏီ မှ မန်နေဂျာ
ဦးခင်မောင်သန်း က ပြောသည်။

အဆိုပါကားများ အရစ်ကျရောင်းချမှုကို မြန်မာ့ရတနာဘဏ်နှင့် ချိတ်ဆက်ကာ ရောင်းချပေးခြင်း
ဖြစ်ပြီး အသစ်တစ်စီးလျှင် ကျပ်သိန်း ၂၅၀ နဲ့ ရောင်းပေးခြင်းဖြစ်သည်။

ထို့အပြင် အသုံးပြုပြီးသော ကားလေးများကို ဈေးနှုန်း ပိုမိုသက်သာစွာဖြင့် ကျပ်သိန်း ၂၀၀ မှ ၂၂၀
ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကာ ပိုဟောင်းသည့်ကားများကို ဈေးထပ်မံ လျှော့ပေးမည်ဖြစ်ကာ
အနည်းဆုံး ကျပ်သိန်း ၁၉၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း ဦးခင်မောင်သန်း က
ပြောသည်။

၎င်းအပြင် လုပ်ငန်းသုံးကားများကိုလည်း အရစ်ကျ ရောင်းပေးသွားမည် ဖြစ်ပြီး ထိုသို့အရစ်ကျ
၀ယ်ယူနိုင်ရန်အတွက် ၀ယ်သူမှ အလုံးစုံအာမခံထားပေးရန်လိုကြောင်း ၎င်းက ပြောသည်။

"လုပ်ငန်းသုံး ကားတွေကိုလည်း အရစ်ကျရောင်းပေးတယ်။ အရစ်ကျရောင်းပေးတဲ့အခါ
ယာဉ်ပိုင်ရှင်ဘက်က အလုံးစုံ အာမခံထားပေးရမယ်။ နိုင်ငံတကာမှာ အလုံးစုံ အာမခံထားတာကို
လုပ်ကြတယ်။ ကားတစ်ခုခုဖြစ်သွားမယ်ဆိုရင် ဘဏ်ကပြဿနာရှိတယ်။ အဲဒီတော့ အာမခံတင်
ထားတဲ့အတွက် ကားတစ်ခုခုဖြစ်ရင် အာမခံရုံးက တာဝန်ယူတယ်။ အဲဒါကြောင့် ဘဏ်ကလည်း
အဲဒီကိစ္စကို လုပ်ခိုင်းတယ်။ ယာဉ်ပိုင်ရှင်တွေအားလုံး အလုံးစုံ အာမခံလုပ်ထားတာ အကောင်းဆုံး
ပဲ။ အခုချိန်မှာ အလုံးစုံအာမခံကလည်း လျော်တာ မြန်တယ်။ အပျက်အစီးမှာ နောက်ကြည့်မှန်
ပျက်စီးတာကအစ တွက်ပေးတယ်။ ကျွန်တော်ကတော့ ထားသင့်တယ်လို့ ယူဆတယ်။ အခုဆို
ယာဉ် မတော်တဆမှုတွေလည်း ခဏခဏဖြစ်တယ်။ တစ်နှစ်တစ်ခါပဲ ဆောင်ရတာပါ။ ကားပေါ်
မူတည်ပြီး တစ်နှစ်၊ တစ်နှစ်ခွဲ စသည်ဖြင့်ရှိတယ်။ မတော်တဆမှုမဖြစ်ရင် နောက်နှစ်ပေးရတာ
လျော့သွားတယ်။ ဒါကြောင့် အလုံးစုံအာမခံကတော့ ထားသင့်တယ်" ဟု ဦးခင်မောင်သန်းက
ပြောသည်။

ကားအရောင်းစင်တာ အချို့တွင် ၀ယ်သူများကြံုလေ့ရှိသည့် အခက်အခဲတစ်ခုဖြစ်သော အရောင်း
စင်တာတွင် ယာဉ်မဝယ်ခင်တွင် ပြသထားသော နံပါတ်နှင့် အမှန်တကယ် ထွက်ရှိလာသော
ယာဉ်နံပါတ်မှာ ကွာခြားမှုများရှိခဲ့ဖူးရာ ထိုသို့မဖြစ်အောင် ကညနမှ နံပါတ်ထွက်ရှိပြီးသားကို
ရောင်းချခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

"၀ယ်သူတွေအနေနဲ့ ဘာမှ အခက်အခဲမဖြစ်အောင် ကားကဆိပ်ကမ်းက ရောက်လာပြီဆိုရင်
ဆိပ်ကမ်းမှာ စာရွက်စာတမ်း အားလုံး လုပ်ပြီးတာနဲ့ ကညနမှာ နံပါတ်သွားယူရတယ်။ ကားမှာ
ပါလာတဲ့ Chassis နံပါတ်နဲ့ပဲ ထုတ်ရတယ်။ အဲဒီတော့ လွဲစရာတော့မရှိဘူး။ ကျွန်တော်တို့ကတော့
မလွဲဖူးဘူး။ ဒီနံပါတ်လေးပြပြီး ကညနမှာ လိုင်စင် နံပါတ်ပြားထုတ်ရတယ်။ ရောက်တာနဲ့ စာရွက်
စာတမ်းမဲနှိုက်ပြီး နံပါတ် ယူလိုက်တယ်။ နံပါတ် မတပ်ရသေးရင် လိုင်စင်မဝင်ရသေးရင် ကားရွှေ့ရ
ပြောင်းရတာ ဒုက္ခရောက်တယ်။ ကားပြု ပြင်မယ်ဆိုရင် အခက်အခဲရှိတယ်။ နံပါတ် တစ်ခါတည်း
ထွက်ပြီးသား လုပ်ပေးထားလို့ ကားဈေးတက်တာမရှိပါဘူး" ဟု ဦးခင်မောင်သန်းက ပြောသည်။

ဂျင်နရယ် အားမာန်သစ် ကုမ္ပဏီအနေဖြင့် ၎င်းတို့ထံမှ ၀ယ်ယူသော ကားသစ်များအတွက် အာမခံ
တစ်နှစ်ပေးထားပြီး တစ်နှစ်အတွင်း စက်ပစ္စည်း တစ်စုံတစ်ရာချွတ်ယွင်းခဲ့ပါက ပစ္စည်းဖိုးနှင့် လက်ခ
မယူပဲ တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

"ကားအသစ်တွေအကုန်လုံးကို တစ်နှစ် အာမခံပေးတယ်။ လက်ခအခမဲ့အပြင် ဒိုင်နမိုမော်တာလို
ဟာမျိုးဆိုရင် အသစ်တစ်လုံး အစားထိုးပေးမယ်။ တာယာ ပွင့်တာမျိုးဆို အစားထိုးပေးမယ်။
ဘေးက ကွဲတာမျိုးပေါ့။ ဘက်ထရီတစ်ခု ခုဖြစ်သွားခဲ့ရင်လည်း အခမဲ့လဲပေးမယ်" ဟု
ဦးခင်မောင်သန်းက ပြောသည်။

လက်ရှိတွင် အရောင်းစင်တာ၌ ကားအမျိုးအစား ၁၃ မျိုးခန့် ပြသထားပြီး ၂၀၁၃ မော်ဒယ်လ်အထိ
ရရှိနိုင်ကာ ဈေးနှုန်းမှာ ကားအမျိုးအစားနှင့် မော်ဒယ်လ်ပေါ် မူတည်၍ အနိမ့်ဆုံး ကျပ် ၉၇ သိန်းမှ
အများဆုံး ကျပ် ရ၅၀ အထိ ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး