မြေဈေး မြင့်တက်မှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်း မှုတို့ကြောင့် ငွေဖောင်းပွမှု မြင့်တက်လာနိုင်

မြေဈေး မြင့်တက်မှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်း မှုတို့ကြောင့် ငွေဖောင်းပွမှု မြင့်တက်လာနိုင်

ပြီးခဲ့သောလများအတွင်း ဈေးကစားမှုများနှင့် ကောလာဟလ သတင်းများ ကြောင့်
သက်ဆိုင်ရာနေရာများ အ လိုက် မြေဈေးနှုန်းများ သုံးဆခန့် မြင့် တက်သွားပြီး မြန်မာကျပ်ငွေ
တန်ဖိုး မှာလည်း၁၀ ရာခိုင်နှုန်းခန့် ကျဆင်းလာခြင်းကြောင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာနိုင်
ကြောင်း စီးပွားရေးပညာရှင်များက သတိပေး ပြောဆိုလာ ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ထုတ်လုပ်မှု လုပ်ငန်းအပါအဝင် ကဏ္ဍအတော်များ များသည် သွင်းကုန်ကို
တည်မှီနေရ ခြင်းကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းလာသောအခါ စိုက်ပျိုးရေးသွင်းကုန် များဖြစ်သည့်
ဓာတ်မြေဩဇာ လူ သုံးကုန်ပစ္စည်းများဖြစ်သည့် ဒီဇယ်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများအပါ အဝင်
စားသောက်ကုန်ပစ္စည်းဈေးနှုန်း များလည်း မြင့်တက်လာနိုင်ခြင်းကြောင့် နေထိုင်မှုစားရိတ်များပါ
မြင့်တက်လာနိုင်ကြောင်း ၎င်းတို့က ပြောသည်။

လွန်ခဲ့သောသုံးလခန့်က တံတား ဆောက်ရန်၊ စက်မှုဇုန်အသစ်ဖော် ထုတ်ရန် စသည့်စီမံကိန်းအပါ
အဝင် ကောလာဟလများကြောင့် ဒလမြို့ နယ်တွင်းရှိမြေကွက်ဈေးများမှာ ကျပ်သိန်း ၁၀၀ မှ ၃၀၀
အထိ မြင့်တက်သွားခဲ့ရာ အဆိုပါ အခြေအနေမှာ ရင်းနှီးမြှုပ်နှံသူများ၏ ဈေးကစားမှုအပေါ်တွင်သာ
အခြေခံနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော သည်။

အထူးသဖြင့် အမြတ်အစွန်း တင်ပြီး ပြန်လည်ရောင်းချရန် ရည်ရွယ် သော ဘဏ်လုပ်ငန်းများမှ
တစ်ဆင့် ရင်းနှီးမြှုပ်နှံသူများ၊ နယ်စပ်ဒေသတွင်နေထိုင်သော တရုတ်လူမျိုးများက နိုင်ငံ သား
ကတ်ပြကာ သို့မဟုတ် ၎င်းတို့၏အမည်ပေါက်များဖြင့် ၀ယ်ယူလျက်ရှိ သောကြောင့် မြေဈေးများ
လျင်မြန်စွာ မြင့်တက်လာရခြင်း ဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။

မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ဩစ တြေးလျ ကွာရီတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာ
ရှောင်တာနဲလ် က ငွေကြေးဖောင်းပွမှု အခြေအနေထို့ ထက် မြင့်မားသွားပါက လက်ရှိ ဖြစ်ပေါ်
နေသော တစ်နှစ်လျှင် ခြောက်ရာ ခိုင်နှုန်း မြင့်တက်လျက်ရှိသည့် လူသုံး ကုန်ပစ္စည်းတန်ဖိုး ပိုမိုမြင့်
တက်သွား နိုင်ကြောင်း ပြောသည်။


 

သိမ်ဖြူငွေလဲကောင်တာတွင် ဇွန်လ ၁၈ ရက်နေ့က ငွေလဲလှယ်နှုန်းများကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်

ငွေလဲနှုန်းဈေး နှုန်း မြင့်တက်လာမှု မှာလည်း ကျပ်ငွေဖောင်းပွစေသည့်အကြောင်းတစ်ရပ်
ဖြစ်ကြောင်း ၎င်းက ပြောသည်။ စီးပွားရေးပညာ လေ့လာလျက်ရှိသူ ဦးခိုင်ထွန်းကလည်း သွင်းကုန်ကိုမှီခိုအားထားနေရသော မြန်မာနိုင်ငံအနေနှင့် ငွေလဲနှုန်းမြင့်တက်မှုမှာ ငွေကြေး
ဖောင်းပွမှုနှင့် များစွာ ဆက်စပ်နေကြောင်း ပြောသည်။ ၎င်းက မြန်မာနိုင် ငံ၏ ငွေကြေးဖောင်း
ပွမှုကို အိမ်ခြံမြေနှင့် ရွှေဈေးများကိုပါ ထည့်သွင်း တွက်ချက်မည်ဆိုပါက အိမ်ခြံမြေဈေး က ငွေဖောင်းပွမှုကို ဖြစ်ပေါ်စေပြီး ရွှေဈေးမှာမူ ငွေကြေးကျုံ့ဝင်မှုကို ဖြစ် စေကြောင်း ပြောသည်။

ဇန်နဝါရီလအတွင်းက ကမ္ဘာ့ရွှေ ဈေး တစ်ဒေါ်လာလျှင် ၁,၂၄၀ အထိ ၂၇ ရာခိုင်နှုန်းကျော် ကျဆင်း
လာခဲ့သော်လည်း မြန်မာ့ရွှေဈေးမှာ တစ်ကျပ် သားလျှင် ကျပ် ၆၈၀,၀၀၀ အထိ ၁၁ ရာခိုင်နှုန်းခန့်
သာ ကျဆင်းခဲ့သည်။ ထို သို့ဖြစ်ရခြင်းမှာ ယခုနှစ်ဆန်းပိုင်းမှစတင်၍ ဒေါ်လာဈေးတရိပ်ရိပ်မြင့်တက်
လာမှုကြောင့် ထင်သလောက်ဈေးမကျခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

"ငွေကြေးဖောင်းပွမှုကို ကုန်စည်အမျိုးးမျိုးရဲ့ဈေးနှုန်းတွေယူပြီး တွက်ချက်ရတဲ့အတွက် အဲဒီကုန်
စည်တွေရဲ့ဈေးအတက်အကျပေါ် မူတည်ပြီး ပြောင်းလဲမှာပါ။ ကုန်စည်တချို့က ဈေးတက်ပြီး တချို့
ကဈေးကျခဲ့ရင် ငွေကြေးဖောင်းပွမှုနှုန်းကလည်း သိသိသာသာပြောင်းလဲစရာမရှိပါဘူး။ အဲဒီအခြေ
အနေမှာတော့ ငွေဖောင်းပွမှု နိမ့်ပေမယ့် ဈေးနှုန်းတည်ငြိမ် တယ်လို့ ပြောလို့ မရပါဘူး။

အစိုးရရဲ့တရားဝင် စာရင်းအရကတော့ ဒီနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ အထွေထွေဈေးနှုန်းတွေ
အနည်းငယ်ကျခဲ့ပြီး မတ်လမှာ ပြန်တက်လာပါတယ်။ အရင်ကထက် ၀ ဒသမ ၁၄ ရာခိုင်နှုန်း
တက်ခဲ့တယ်လို့ ဖော်ပြပါတယ်"ဟု ၎င်းက ပြောသည်။ အဆိုပါ ငွေကြေးဖောင်းပွမှုနှုန်းကို
စားသုံးသူဈေးဆနှုန်းကိန်းနှင့်တိုင်း တာသည့်အနက် အိမ်ငှားစရိတ်နှင့် လောင်စာဆီစရိတ်များမှာ
ဈေးအတက် ဆုံးဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်မြို့လယ်ကောင် တိုက်ခန်းအငှားစရိတ်မှာ ခြောက်လတစ်ကြိမ် ၁၀ ရာခိုင်နှုန်း မြင့်တက်
လျက်ရှိပြီး တင် သွင်းဒီဇယ်နှင့် အောက်တိန်းဆီများမှာ မူ ဒေါ်လာဈေးဆက်လက် မြင့်တက် လာ
လျှင် ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များက ခန့်မှန်းသည်။

သို့သော် ယခုအခြေအနေသည် လွန်ခဲ့သောနှစ်၂၀ ကျော်အတွင်းအစိုးရ၏ အသုံးစရိတ် အများစု
ကို ငွေစက္ကူအသစ်ရိုက်ထုတ်ပြီး ဘဏ္ဍာငွေရှာဖွေခဲ့စဉ်က ဖြစ်ပေါ်ခဲ့သော ၂၀ ရာခိုင်နှုန်း နှင့်အထက်
ငွေကြေးဖောင်းပွမှု လောက် အခြေအနေ မဆိုးသေးပေ။

"အစိုးရသစ်ပြောင်းလဲခါနီးအချိန်မှာ ငွေစက္ကူတွေ ရိုက်ထုတ်မယ့်အစား နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ မြေ
ယာအဆောက် အအုံတွေကို ရောင်းထုတ်ပြီး ငွေရှာသွားလို့ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ ငွေဖောင်းပွ
မှုနှုန်းက ၁၀ ရာခိုင်နှုန်းအောက်ကျသွားတာ တွေ့ရပါတယ်"ဟု ဦးခိုင်ထွန်းက ပြောသည်။ ၎င်းက
ကုန်ဈေးနှုန်းတည်ငြိမ်ရေး နှင့် ငွေကြေးဖောင်းပွမှုထိန်းချုပ်ရေး များတွင် ဗဟိုဘဏ်တစ်ခုတည်းက
သာ တာဝန်ရှိသည်မဟုတ်ဘဲ အစိုးရ၏ အခြေခံအဆောက်အအုံနှင့် အခွန်ကောက်ခံရေးဆိုင်ရာ
မူဝါဒများဖြင့် လည်း ထိန်းကျောင်းပေးရန် လိုအပ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ၊တာ ၀န်ရှိသူတစ်ဦးကမူ လက်ရှိအနေအ ထားတွင် ငွေကြေးဖောင်းပွ
မှု ဖြစ်ပေါ်လျက်ရှိသော်လည်း ဘဏ်များ က အပ်ငွေအပေါ်ပေးသော အတိုးနှုန်း တစ်နှစ် ရှစ်ရာခိုင်
နှုန်းအောက်နိမ့်နေ သေးကြောင်းပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး