မြန်မာ့ရော်ဘာ ဥရောပဈေးကွက်ဝင်ရန်၊အရည် အသွေးနှင့် ထုတ်လုပ်ပမာဏ ပြည့်မီရန်၊လိုအပ်

မြန်မာ့ရော်ဘာ ဥရောပဈေးကွက်ဝင်ရန်၊အရည် အသွေးနှင့် ထုတ်လုပ်ပမာဏ ပြည့်မီရန်၊လိုအပ်

မြန်မာနိုင်ငံသည် ဇွန်လအတွင်းက ဥရောပသမဂ္ဂမှ ပေးအပ်ခဲ့သော
အထူးအခွန်ကင်းလွတ်ခွင့်ရရှိခဲ့သော်လည်း ဥရောပ ရှိ ရော်ဘာဈေးကွက်ကို ထိုးဖောက်နိုင်ရန်
အရည်အသွေးနှင့် လုံလောက်သော ပမာဏထုတ်လုပ်နိုင်ရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ
ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ရော်ဘာစိုက်ပျိုးသူတွေက အရည်အသွေးကို သိပ်ဂရုမစိုက်ကြဘူး။ ဥရောပနိုင်ငံတွေကို တင်ပို့ဖို့
လိုအပ်တဲ့စံချိန် စံညွှန်းနဲ့ ကိုက်ညီအောင် မစိုက်နိုင်ကြဘူး။ ရော်ဘာရဲ့ အမှိုက် သရိုက်ပါ၀င်မှုနှုန်းနဲ့
ရေခိုးရေငွေ့ပါ၀င်မှုနှုန်းတွေကို သေချာ စစ်ဆေးပြီးမှ တင်ပို့ရတာ။ သူတို့လိုချင်တဲ့ အရည်အသွေး
မျိုးရှိတဲ့ ရော်ဘာအမျိုးအစားကို ကိုယ်က ထုတ်လုပ်နိုင်ဖို့ လိုတယ်" ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်
ပျိုးထုတ်လုပ်သူများ အသင်းမှာ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ပြော သည်။

ရော်ဘာအမျိုးအစားများမှာ Ribbed Smoked Sheet RSS-1 မှ RSS-5 ထိ ရှိပြီး မြန်မာနိုင်ငံတွင်
RSS-3 နှင့် RSS-5 တို့ကိုသာ ထုတ်လုပ်သည်။ ျွှှ၁အမျိုး အစားရော်ဘာသည် အရည်အသွေး
အကောင်းဆုံးဖြစ် ပြီး မြန်မာနိုင်ငံမှအများဆုံးတင်ပို့နိုင်သော အမျိုးအစားမှာ ျွှှ၃ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရော်ဘာဝယ်လိုအားသည် ရောင်းအား ထက် အလွန်များပြားလျက်ရှိပြီး EU
ဘက်မှ ကမ်းလှမ်းမှုများရှိလာပါက မှာယူသောပမာဏကို အချိန်နှင့် တစ်ပြေးညီ တင်ပို့ပေးနိုင်ရန်
လိုကြောင်း ဦးခိုင်မြင့်က ပြောသည်။

"EU နိုင်ငံတွေကို တင်ပို့တော့မယ်ဆိုရင် သူတို့လိုချင်တဲ့ အရည်အသွေးရှိတဲ့ရော်ဘာကို လိုသ
လောက် တစ်နှစ်ပတ် လုံး ပို့ပေးနိုင်ရမှာ။ အဲလို မပို့ပေးနိုင်ရင်တော့လျှော်ကြေး ပေးကို ပေးရလိမ့်
မယ်" ဟု ၎င်းက ပြောသည်။

ရော်ဘာအရည်အသွေးမပြည့်မီမှုကြောင့် အခြားသော နိုင်ငံများထက် ဈေးနှိမ်၍ ရောင်းချနေကြရ
ကြောင်းနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုမှာလည်း အိမ်နီးချင်းနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက အလွန်
လျော့နည်းလျှက်ရှိကြောင်း ဦးခိုင် မြင့်က ပြောသည်။

"RSS-3 ဆို သူများနိုင်ငံတွေက တစ်တန်ကို အမေရိကန် ဒေါ်လာ ၂,၃၅၀ ၀န်းကျင်ရပေမဲ့
ကျွန်တော်တို့ဆီက ရော်ဘာ က ဒေါ်လာ ၂,၁၀၀ ပဲရတယ်။ ထုတ်လုပ်မှုမှာလည်း ထိုင်း က
တစ်နှစ်ကို တန်ပေါင်း ၃ ဒသမ ၂ မီလျံလောက် ထုတ်ပြီး အင်ဒိုနီးရှားက ၂ ဒသမ ၃ မီလျံ
လောက် ထုတ်နိုင်တယ်။ ကျွန် တော်တို့ကတော့ မနှစ်က စာရင်းဇယားတွေ အရဆို တန်ချိန်
တစ်သိန်းခွဲလောက်ပဲ ထုတ်နိုင်တယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ရော်ဘာကို မန္တလေးတိုင်းနှင့် မကွေး တိုင်းတို့မှအပ တစ်နိုင်ငံလုံးတွင် စိုက်ပျိုးနိုင်
သော်လည်း မွန် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသာင်္ရီတိုင်းတို့တွင်သာ အများဆုံး စိုက်ပျိုး
လျှက်ရှိသည်။

"ဒီမှာက ရော်ဘာကို ထိထိရောက်ရောက် မစိုက်နိုင်ကြ ဘူး"ဟု ဦးခိုင်မြင့်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး