ဇူလိုင်လ တတိယပတ် ကားဈေးကွက် အတွင်း ကိုရီးယားနိုင်ငံထုတ် လုပ်ငန်း သုံးကားများ
အဝယ်လိုက်ပြီး စလစ် ဈေးနှုန်းနှင့် အနိမ့်ကားဈေးကွက် အရောင်းအဝယ်အေးခဲ့ကာ ပုံမှန်ကား
ဈေးများမှာလည်း တည်ငြိမ်မှုမရှိ ကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များက ပြောသည်။
လတ်တလော လုပ်ငန်းသုံးကား ဈေးကွက်တွင် ၀ယ်လက်အများစုက ယခင်ရှိနှင့်ပြီးသားဖြစ်သော
ဂျပန်နိုင်ငံထုတ်Light Truck များနှင့် နောက် ပိုင်းတင်သွင်းသည့် ကိုရီးယားနိုင် ငံထုတ် KIA နှင့်
Bangoလုပ်ငန်း သုံးကားများကိုသာ အကြိုက်များ ကြောင်း ၀ယ်ရောင်းများက ပြောသည်။
" ကားဈေးတွေလည်း အကျဘက်ကို ဦးတည်နေတော့ ကားအရောင်းပြခန်းတွေက ဈေးချပြီးရောင်း
တာတွေ လုပ်လာကြတယ်။ ဈေးကွက်အခြေနေကိုကြည့်ပြီး အရောင်းဝယ်လုပ်လာကြတော့ တော်
တော်လေး အဆင် မပြေတာတွေဖြစ်လာတယ်။ ပြီးခဲ့တဲ့နှစ်မိုးတွင်းတုန်းကဆိုရင် အရောင်းအဝယ်
က တော်တော်ကောင်းခဲ့တယ်"ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုဦး က ပြောသည်။
ဈေးကွက်တွင်း အရောင်းအဝယ်မှာ ယခင်အနေထားသို့ပြန်လည်ရောက် ရှိရန်မှာမူ ချက်ချင်း
မဖြစ်နိုင်ဘဲ ကားအရောင်းပြခန်းများသာမက လမ်းလျှောက်ပါမစ်ဖြင့်တင်သွင်းထား သည့်
ကားပိုင်ရှင်များကလည်း အရောင်းအဝယ်ပုံမှန်အနေထားသို့ ပြန်လည်ရောက်ရှိလာရန် မျှော်
လင့်နေကြကြောင်း ၀ယ်ရောင်းလုပ်ငန်းရှင် များက ပြောသည်။
"အရောင်းအဝယ်ကောင်းဖို့ဆိုတာ ချက်ချင်းဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ဒီလထဲမှာ မိုးရာသီကားပြ
ပွဲတွေ ရှိတယ်။ အဲဒီကားပြပွဲမှာ ကုမ္ပဏီတော်တော်များများက ကားတွေကို ဈေးလျှော့ရောင်းချဖို့
အစီစဉ်ရှိတယ်။ ငွေပေါ်အောင်လုပ်တဲ့ သဘောပေါ့။ အဲဒီပြပွဲလုပ်မယ်လို့ သတင်းစာမှာကြေညာပြီး
တဲ့နောက်ပိုင်း ဈေးကွက်ထဲမှာ ပုံမှန်အရောင်းအဝယ် သိပ်မဖြစ်တော့ဘူး။ ၀ယ်မယ့်သူတွေက ဈေး
လျှော့ရောင်းမယ် ဆိုတာကိုသိထားတော့ တော်တော်လေးစိတ်ဝင်တစားရှိကြမယ်ထင်တယ်" ဟု
ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကြည်ညွန့်က ပြောသည်။
မိုးရာသီ ကားအရောင်းပွဲတော်ကို ရန်ကုန်မြို့တွင် ဇူလိုင်လ ၂၀ မှ ၂၃ ရက်နေ့အထိ၊ မန္တလေးမြို့
တွင် ဇူလိုင် လ ၂၁ မှ ၂၄ ရက်နေ့ အထိ ကျင်းပ သွားမည်ဖြစ်သည်။ "မင်းရဲကျော်စွာကားဝင်းမှာ
တော့ အရောင်းအဝယ်အေးနေပြီး မနက်နဲ့ ညနေပိုင်းတွေလောက်ပဲ ပုံမှန် လူစည်ပါတယ်။
သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးနေရာမှာတော့ လမ်း ပေါ်မှာ ရောင်းမယ့်ကားတွေရပ်ထားလို့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေတယ်ဆိုတဲ့သတင်း မြန်မာ့အလင်းသတင်းစာမှာပါလာတယ်။ ဒီအတိုင်း
ဆိုရင် ကားပွဲစားတန်းက လူအသွား အလာနည်းတဲ့ ကွင်းပြင်လိုနေရာကိုရောက်ဖို့ သေချာတဲ့
အနေထားကိုရောက်နေပြီ"ဟု ကားဝယ်ရောင်းလုပ် ကိုင်သူ တစ်ဦးက ပြောသည်။
ဈေးကွက်အတွင်း၊ကားဝယ်ရောင်း အချို့ကလည်း ကားတင်သွင်းမှုတရားဝင်တင်သွင်းခွင့်ပေးပြီး
နောက် ပိုင်း၊ ကားဈေးကွက် အနေအထား မှာ အပြောင်းအလဲ ပိုမြန်လာကာ လုပ်ငန်းမှာလည်း
ယခင်ကဲ့သို့ အဆင် ပြေမှုများ မရှိတော့ကြောင်းလည်း ကားဝယ်ရောင်းအလုပ်အား အနှစ် ၂၀
ကျော် လုပ်ကိုင်ခဲ့သူ ကိုနိုင်မင်း က ပြောသည်။
















