ထိုင်ဝမ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ဈေးကွက် ပိုမိုရရှိရန် မျှော်လင့်

ထိုင်ဝမ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ဈေးကွက် ပိုမိုရရှိရန် မျှော်လင့်

အနောက်နိုင်ငံများ၏ စီးပွားရေးပိတ် ဆို့မှုများ ရုတ်သိမ်းပြီးမကြာမီ
ထိုင်ဝမ် ကမြန်မာနိုင်ငံ၏ အီလက်ထရွန်းနစ်ဈေးကွက်သို့ တိုက်ရိုက် ၀င်ရောက် သည့် အနေဖြင့်
ဇူလိုင်လက EMMA Fair Myanmar ကုန်စည်ပြပွဲကို ရန်ကုန်တွင် ပထမဦးဆုံးလာရောက် ပြသ
ခဲ့ပြီး မကြာမီရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်ဝမ်လုပ်ငန်းရှင်များက ပြောသည်။

ဇူလိုင်လ ၁၂ မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သော ထိုပြပွဲတွင် နိုင်ငံပေါင်း ခုနစ်နိုင်ငံမှကုမ္ပဏီပေါင်း၊
၁၂၀ ကျော် တို့က ထုတ်ကုန်ပစ္စည်းပေါင်း ၂,၅၀၀ ကျော်ကို ပြသခဲ့သည်။

"မနှစ် နို၀င်ဘာလက ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ
မှုတွေ တိုးတက်လာသလို အာရှဖွံ့ဖြိုးရေး ဘဏ်ကလည်း မြန်မာနိုင်ငံရဲ့ လျှပ်စစ် သုံးစွဲမှု တိုးတက်
လာနိုင်ပါတယ်လို့ ခန့်မှန်းပါတယ်။ အဲဒီမျှော်မှန်းချက် တွေကြောင့် မြန်မာနိုင်ငံမှာ အရည် အသွေး
ကောင်းတဲ့ အီလက်ထရွန်းနစ် ဈေးကွက်တစ်ခုပေါ် ပေါက်လာဖို့နဲ့ ဈေးကွက်နေရာယူနိုင်ဖို့ ရည်ရွယ်
ပါ တယ်"ဟု တိုင်ပေကမ္ဘာ့ကုန်သွယ်မှု စင်တာ၏ အမှုဆောင်နှင့် ဒုက္ကဋ္ဌ Mr. Walter Yeh က
ပြောသည်။

ယခုတစ်ကြိမ်သည် မြန်မာနိုင်ငံဈေး ကွက်အတွင်း ၎င်းတို့၏ လျှပ်စစ်နှင့် မော်တော်ယာဉ်ပိုင်းဆိုင်
ရာ အသုံး အဆောင်ပစ္စည်းများတင်သွင်းရန် ဈေး ကွက်ရှာဖွေခြင်းဖြစ်ပြီး နောက်ပိုင်းလာ ရောက်
ရင်းနှီးမြှုပ်နှံသွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

"ဒီကုန်စည်ပြပွဲတွေက၊မြန်မာနိုင် ငံအတွက် အကျိုးရှိပါတယ်"ဟု ကုန်သည် စက်မှု အသင်းချုပ်
ဥက္ကဌ ဦးဝင်းအောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး