ပင်လယ်ရေကြောင်း မှောင်ခိုကုန်သွယ်မှု စစ်ဆေးမည်

ပင်လယ်ရေကြောင်း မှောင်ခိုကုန်သွယ်မှု စစ်ဆေးမည်

နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှု များအား စစ်ဆေးအပြီးသုံးလအကြာတွင်
ပင်လယ်ရေကြောင်းကုန်သွယ်မှုများအတွက် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

တရားမဝင် ကုန်သွယ်မှုအတွက် လှုပ်ရှားရှာဖွေ စစ်ဆေးအဖွဲ့ (Mobile Team) ကို ၂၀၁၂ ခုနှစ်
ကုန်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် နှစ်ဆန်း ပိုင်းတွင် မြန်မာနှင့် အဓိကကုန်သွယ် ဖက်ဖြစ်
သော ထိုင်းနှင့် တရုတ်နိုင်ငံတို့ နှင့် ဆက်စပ်လျက်ရှိသည့် နယ်စပ်ဂိတ် များတွင် အပိုင်းတစ်
အဖြစ်စတင်ခဲ့ကာ မြဝတီ ရန်ကုန် လမ်းကြောင်းနှင့် မူဆယ်-မန္တလေး လမ်းကြောင်းများတွင်
ထပ်မံစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယခု ပင်လယ်ရေကြောင်းကုန်သွယ်မှုများ အတွက် ထပ်မံစစ်
ဆေးမည် ဖြစ်သည်။

"နယ်စပ်ကတော့ အခြေအနေပေးတဲ့အတွက် အရင်စလုပ်ဖြစ်တာပါ။ ပင် လယ်ရေကြောင်း
ကုန်သွယ်မှုက တစ် နိုင်ငံလုံးရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့အတွက် ပိုပြီး အရေးကြီးပါတယ်။ တချို့ကုန်
သည်တွေက ၀န်ကြီးဌာနက လိုင်စင်ပေးပေမယ့်လည်း မယူဘဲ တချို့ပစ္စည်း တွေကို တရားမဝင်
တင်သွင်းတာ၊ ျွှင် ပို့တာတွေလုပ်ခဲ့တယ်"ဟု ကုန်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြား
ရေးမှူး ဦးစိုးအောင်က ပြောသည်။

လိုင်စင်မယူဘဲ အများဆုံးတင်သွင်း ခဲ့သည့်ပစ္စည်းများမှာ စက်သုံးဆီ၊ ဟန်း ဆက်၊ အီလက်ထရွန်း
နစ်ပစ္စည်းစီးက ရက်၊ ဏားသောက်ကုန်နျင့် လူသုံးကုန် ပစ္စည်းများဖြစ်ပြီး အများဆုံးမှောင်ခိုပို့ကုန်
များမှာ ကျောက်စိမ်းနျင့် သစ် တောထွက်ပစ္စည်းများ ဖြစ်သည်။

ယခု စစ်ဆေးမှု စတင်မည့်အဖွဲ့အတွက် စီးပွားရေးနျင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၏ ဌာန
ခွဲသုံးခုမှတာဝန်ရှိသူ ၆၆ ဦးအပြင်နယ်မြေခံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ ဆိပ်ကမ်းအာဏာ
ပိုင်၊ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နျင့် သတင်းမီဒီယာမှ အပါ အဝင်
စုစုပေါင်းဝန်ထမ်းဦးရေ ၁၆၀ ကျော် ပါ၀င်မည် ဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဌာနကလည်း ဒီကိစ္စကိုခွင့်ပြုချက်ပေးလိုက်ပါပြီ။ စီမံကိန်းတွေ
လည်းရေးဆွဲပြီးပါပြီ။ အသေးစိတ်ကို မကြာခင်ထပ်ကြေညာပါ့မယ်"ဟု ၎င်းက ပြောသည်။ နယ်
စပ်ဒေသများတွင် ထိုသို့ ဖမ်းဆီးအရေးယူမှုများ စတင်လုပ်ဆောင်ခဲ့ ချိန် ၂၀၁၂ ခုနှစ်၊ နို၀င်ဘာ
လမှ ၂၀၁၃ ခုနှစ်၊ ဇါန်လအထိ ပညာပေးကာလနှင့် အရေးယူကာလများတွင် အမှုတွဲပေါင်း
၁,၇၆၂ မှု ဖော်ထုတ်နိုင်ခဲ့ပြီး ကျပ်သန်း ပေါင်း ခုနစ်ဘီလျံနီးပါးကာကွယ်နိုင်ခဲ့ကြောင်း ၎င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး