ငါးသလောက်ရှားပါးလာမှုအပေါ် နော်ဝေနိုင်ငံက ကူညီမည်

ငါးသလောက်ရှားပါးလာမှုအပေါ် နော်ဝေနိုင်ငံက ကူညီမည်

မြန်မာ့ပင်လယ်ပြင်တွင် ကျက်စားလေ့ ရှိသည့် ငါးသလောက်ငါးများ
ရှားပါး လာသည့်အတွက်ကုန်ကြမ်းရရှိမှုမှာ လည်း နည်းပါးလျက်ရှိရာ ငါးသလောက် ပြန်လည်ပေါ
များလာရန် နော်ဝေနိုင်ငံNorfimaအဖွဲ့အစည်းမှ ပညာရှင်များ က မျိုးသားပေါက်နည်းများသင်ကြား
ပေးကာ ကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာ ၀န်ရှိသူ များက
ပြောသည်။

"ပြီးခဲ့တဲ့လကလည်း Norfima က ခေါ်လို့ မြန်မာလုပ်ငန်းရှင် သုံးဦး နော်ဝေနိုင်ငံက ငါးမွေးမြူရေး
လုပ်ငန်း တွေ သွားလေ့လာနေတယ်။ အခုဒီတစ်ခါတော့ မြန်မာနိုင်ငံမှာ ငါးသလောက်သားဖောက်
နည်းနဲ့ သားပေါက်ထိန်းသိမ်းနည်းတွေကို သူတို့ကိုယ်တိုင်လာ ပြီး သင်ပေးမယ်ဆိုပြီး ဆက်သွယ်
လာ တယ်။ စက်တင်ဘာလမှာ လာမယ်လို့ ပြောတယ်။ သူတို့လာရင်တော့ နည်း ပညာတွေအ
များကြီး ရနိုင်ပါတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ၏ အမှုဆောင်ဒုတိယဥက္ကဌ
ဦးဟန်ထွန်းက ပြောသည်။

ငါးသလောက် ငါးမျိုးသည် မြန်မာ့ပင်လယ်ပြင်မှ ဖမ်းဆီးရရှိနိုင်သည့် ပင်လယ်ငါးမျိုးဖြစ်ပြီး
ငါးကုန်ကြမ်းလျော့ကျမှုမှာ ဆယ်စုနှစ် တစ်ခန့် ရှိလာရာ လက်ရှိ ဈေးကွက်တွင် တစ်ပိဿာအောက်
အရွယ်သာရှိသည့် ငါး သလောက်များကိုသာ ရောင်းချနေသည်ကို တွေ့ရကြောင်း ငါးလုပ်ငန်းအဖွဲ့
ချုပ်မှ ဗဟိုအလုပ်မှုဆောင်ဖြစ်သူ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

"ကျွန်မတို့ငယ်ငယ်တုန်းက ငါးသ လောက်တွေကို အကောင်အကြီးတွေပဲမြင်ဖူးတာ။ တစ်ပိဿာ
အထက်ရှိတဲ့အကောင်တွေပဲ ရောင်းကြတာလေ။ အခုတော့ အကောင်သေးသေး လေးက အစ
ဈေးထဲမှာ ရတယ်။ အဲဒါက အကောင်အသေးတွေပဲရှိတော့တယ် ဆိုတဲ့ သဘောပါ။ နောက်ပြီး
ဒီက ငါးသ လောက်ဖမ်းတဲ့ ပိုက်ကွန်က အကွက်စိပ်ဖြစ်တဲ့ ၀ိုင်းချုပ်ပိုက်တွေနဲ့ ဖမ်းလာ တယ်။
အဲလိုဖမ်းတာကလည်း ငါးသယံ ဇာတကို အရမ်းထိခိုက်တယ်။ သား ပေါက်ကအစ မိကုန်တော့
ငါးမျိုးကိုအရမ်းထိခိုက်တာပေါ့" ဟု ၎င်းက ပြောသည်။

ယခင်က ငါးသလောက်ဖမ်းရာတွင် ပိုက်ကွက်အကျဲဖြစ်သည့် ၀ိုင်းပတ်ပိုက် ကွန်များဖြင့်သာ
ဖမ်းဆီးကြသော်လည်း ၁၉၉၆ ၀န်းကျင်မှ စတင်ခါ ပိုက်ကွန်အစိပ်ဖြစ်သည့် ၀ိုင်းချုပ်ပိုက်များဖြင့်
ဖမ်းဆီးလာကြသည်။ ၀ိုင်းပတ်ပိုက်မှာ ပိုက်ကွက်တစ်ကွက်လျှင် အကျယ် ၄ ဒသမ ၃ လက်မရှိပြီး
၀ိုင်းချုပ်ပိုက်မှာ ပိုက်ကွက် တစ်ကွက်လျှင် အကျယ် တစ် လက်မသာ ရှိသည်။


 

"ငါးသလောက်က အုပ်စုဖွဲ့ပြီး ကျက် စားသွားလာတတ်တဲ့ငါးမျိုးဖြစ်ပြီး သူ တို့ ငါးအုပ်စုထဲမှာ
ငါးအကောင် အကြီးကနေ သားပေါက်အထိ ပါ တယ်။ အခုနောက်ပိုင်းမှာ ခေတ်မီတဲ့ငါးဖမ်းပစ္စည်း
တွေပေါ်လာပြီး ပိုက်ကွန်တွေကိုလည်း ပြောင်းသုံးလာကြ တယ်။ အခုလို ၀ိုင်းချုပ်ပိုက်နဲ့ဖမ်းရင် ငါး
က အသေးကအစ အကုန်မိပြီး ငါးသားပေါက်တွေပါဖမ်းမိရင်ငါးမျိုး စိတ်ကို တဖြည်းဖြည်းထိခိုက်
လာလိမ့် မယ်။၀ိုင်းချုပ်ပိုက်ဆိုတာ ဆာဒင်း၊ ပလာတူးနဲ့ ပလာလန်းငါးတွေကိုဖမ်းတဲ့ ပိုက်မျိုးတွေပါ။
ငါးသလောက် ဖမ်းရမယ့် ပိုက်မျိုးမဟုတ်ဘူး" ဟု ဦးဟန်ထွန်းက ပြောသည်။

ငါးသလောက် ငါးမျိုးစိတ်သည် ပင် လယ်ပြင်တွင် ကျက်စားလေ့ရှိကာ သား ပေါက်ချိန်တွင် ရေချို
ဒေသများဖြစ် သော မြစ်၊ ချောင်းနှင့် အင်းအိုင်များ သို့ လာရောက်ပြောင်းရွှေ့သားပေါက် သည့်
ဓလေ့ရှိခြင်းကြောင့် ငါးသလောက် ငါးသည် ရေငံနှင့် ရေချိုနှစ်မျိုးလုံးတွင် ရှင်သန်ကျက်စားနိုင်သော
ငါးမျိုးဖြစ်ကြောင်း ဦးဟန်ထွန်းက ပြောသည်။

ငါးသလောက်ကုန်ကြမ်းရရှိမှု လျော့ နည်းလာခြင်းအား ထိန်းသိမ်းမည် ဆိုပါ ကမြန်မာလူမျိုးတို့၏
စားသုံးမှုနည်းလမ်းပါ ပြောင်းလဲရမည်ဟု ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။

"ငါးသလောက်မျိုးကို ထိန်းသိမ်း မယ်ဆိုရင် ကျွန်မတို့လူမျိုးတွေရဲ့ စားသုံးနည်းကိုလည်း ပြောင်း
လဲရမယ် လို့ ကျွန်မတော့ထင်တယ်။ မြန်မာလူမျိုး တွေက ငါးသလောက်ဥကို အရမ်း ကြိုက်ကြပြီး
နှစ်နှစ်ခြိုက်ခြိုက်စားကြ တယ်။ အဲဒီတော့ ငါးသလောက်ဥစား ရင် ဥမှာပါတဲ့ သောင်းနဲ့သိန်းနဲ့ ချီ
တဲ့ငါးတွေကို စားသလိုဖြစ်နေတာပေါ့။ ငါးဥ ကို စားလိုက်တော့ ငါးသားပေါက်တွေ ဖြစ်မလာနိုင်
တော့သလို ငါးအကောင် ကြီးလည်း ဖြစ်လာမှာမဟုတ်ဘူး။ ငါး အကောင်ကြီးမရှိရင် ငါးဥဆိုတာ
လည်း ရတော့မှာ မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ နှစ်တွေကြာသွားရင် ငါးသလောက်က ရှားသွားပြီး
မြန်မာ့ပင်လယ်ပြင်မှာ ဖမ်း လို့မရဖြစ်သွားမယ်" ဟု ၎င်းက ပြော သည်။

ယခုကဲ့သို့ နော်ဝေနိုင်ငံမှ ပညာရှင် များ လာရောက်၍ ငါးသလောက်သား ဖောက်နည်းများ လာ
ရောက်သင်ကြား ပေးပါက မြန်မာနိုင်ငံ ငါးသားလောက်ရှားပါးမှုကို ထိန်းသိမ်းမှု တစ်ခုအဖြစ်ရရှိနိုင်
ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောသည်။

"နော်ဝေနိုင်ငံက ပညာရှင်တွေလာပြီး ဒီလိုသားပေါက်နည်းတွေ ဝေငှမယ် ဆိုရင် ငါးတွေပြန်ပေါ
များလာနိုင်ပါ တယ်။ မြန်မာနိုင်ငံမှာက ငါးသလောက် ကို အခုထိ သားမဖောက် နိုင်သေးဘူးဆို
တော့ သူတို့ဆီကပညာနဲ့ ငါးသားပေါက်တွေကို စနစ်တကျ မွေးမြူမယ်ဆိုရင် ငါးသလောက်ပြန်
ပေါလာနိုင်ပါ တယ်။ နောက်ပြီးငါးဥစားသုံးမှုကို လည်း လျော့ချနိုင် မယ်ဆိုရင် ပိုကောင်း တာပေါ့"
ဟု တာဝန်ရှိသူတစ်ဦးက ပြော သည်။

ငါးသလောက် ငါးဖမ်းဆီးရရှိမှုနှုန်း သည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ပျမ်းမျှ တစ်နှစ်လျှင် တန်ချိန်
တစ်သိန်းနီး ပါးခန့်ရရှိကြောင်း သုတေသနပြုချက် တစ်ခုတွင် တွေ့ရှိရပြီး ထိုအချိန်က ပြည်ပတင်ပို့
မှုမှာလည်း အလွန်နည်း ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

၁၉၉၀ နောက်ပိုင်းတွင် နှစ်စဉ် ငါးသ လောက်ပြည်ပတင်ပို့မှုမှာ တန်ချိန် ၄၀,၀၀၀ ခန့်ရှိပြီး ယခု
နောက်ပိုင်းနှစ် များတွင် နှစ်စဉ်တန်ချိန် ၁၆,၀၀၀ ၀န်းကျင်ခန့်သာ တင်ပို့လျက်ရှိသည်။ နော်ဝေနိုင်
ငံသည် နိုင်ငံတကာ အဆင့်မီ မျိုးဗီဇမြှင့်တင်သည့်နည်း ပညာဆိုင်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် နှင့်
ပတ်သက်၍ အောင်မြင်မှုရရှိသည့် နိုင်ငံတစ်ခုဖြစ်ကာ အဆိုပါအဖွဲ့အ စည်းမှာလည်း ကမ္ဘာ့နိုင်ငံ
အသီးသီးရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ကဏ္ဍများနှင့်ပတ်သက်သော လုပ်ငန်း များအတွက်
ထိရောက်သော သုတေသနများပြုလုပ်ကာ ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်သည့်အထိ အကူအညီ
များပေးလျက်ရှိသော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး