မုတ်သုံရာသီ ကုန်စည်နှင့် ကားပြပွဲ Monsoon Expo & Car show ပွဲများကို
ရန်ကုန်မြို့ တပ်မတော်ခန်းမနှင့် မန္တလေးမြို့ မြို့တော်ခန်းမတို့တွင် ဇူလိုင်လ ၂၀ နှင့်
၂၁ ရက်နေ့များမှ စတင်၍ လေးရက်ကြာ အထူးလျှော့ဈေးနှုန်းဖြင့် ရောင်းချ သွားမည်
ဖြစ်သည်။
ပြပွဲတွင် ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ပြခန်းများ၊ ရန်ကုန်၊ မန္တလေးနှင့် မြန်မာ
နိုင်ငံတစ်ဝန်းရှိ အခြား မြို့ကြီးများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများမှ စုစု ပေါင်းပြခန်း
၁၇၀ ကျော်တို့ကို နံနက် ၉ နာရီ မှာ ညနေ ၆ နာရီ အထိ ပြသွားမည်ဖြစ်သည်။
မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်အပိုပစ္စည်းများ၊ ကွန်ပျူတာနှင့်
ဆက်စပ်ပစ္စည်းများ၊ အီ လက်ထရွန်းနစ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန် များ၊ ဖက်ရှင်
အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည် များ၊ စားသောက်ကုန်များ၊ ပြည်တွင်းပြည်ပဆေးဝါး
များ၊ ပြည်တွင်း ပြည်ပတက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊
လုပ်ငန်းသုံးဆေးနှင့် ဆက်စပ်ပစ္စည်း များ၊ ပရိဘောဂများ၊ ဂက်စ်မီးဖိုများ၊ အိမ်ဆောက်ပစ္စည်းများ
၊ အိမ်အလှဆင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ် ရာ အရောင်းပြခန်းများ၊ စက်မှုဇုန်ထုတ်
ကုန်များနှင့် အခြား ဒေသဆိုင်ရာ လိုအပ်ချက်များကိုလည်း အဆိုပါပြပွဲတွင်ပြသ ကာ အထူးလျှော့
ဈေးများဖြင့် ရောင်းချသွားမည် ဖြစ်သည်။
အဆိုပါကုန်စည်ပြပွဲတွင် ပြခန်းများပါ၀င်ပြသရောင်းချ လိုပါက ပြပွဲကျင်းပရေးကော်မတီ
Smart Group၊ ဖုန်း ၀၁ ၆၅၆၈၇၅၊ ၀၉၇၃၀၁၄၇၇၇ သို့ ဆက်သွယ်နိုင်သည်။
















