ကြက်ဥနှင့် ကြက်သားများ ရောင်းအားထက် ၀ယ်အား ပိုပြီး၊ဈေးများ ပိုတက်လာ

ကြက်ဥနှင့် ကြက်သားများ ရောင်းအားထက် ၀ယ်အား ပိုပြီး၊ဈေးများ ပိုတက်လာ

လူတန်းစားအလွှာ ပေါင်းစုံအတွက် အဓိကကျသော နေ့စဉ်စားသောက် ကုန်များဖြစ်သည့်
ကြက်ဥနှင့် ကြက် သားဈေးများ၏ လက်ရှိဈေးနှုန်းမှာ ပြီးခဲ့သည့် နှစ်နှစ်အတွင်းအမြင့်ဆုံး ဈေး
အထိ မြင့်တက်ခဲ့ပြီး လာမည့်လ များအတွင်း ဈေးဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း
ကြက်သားနှင့် ကြက်ဥထုတ်လုပ်ရေး လုပ်ငန်းရှင်များ က ပြောသည်။

ပုံမှန်အားဖြင့် ကြက်သားနှင့် ကြက်ဥ ဈေးနှုန်းများမှာ မိုးရာသီတွင် ဈေးကျ ဆင်းလေ့ရှိသော်လည်း
ယခုနှစ်အတွင်း ၀ယ်ယူစားသုံးမှုအားမှာ ထုတ်လုပ်နိုင်မှုအားထက် မြင့်မားလာခြင်းကြောင့်
ယခင်နှစ်များနှင့်မတူပဲ ဈေးတက်လာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

"ကြက်ဥနဲ့ ကြက်သားဈေးတက်တာက ၀ယ်လိုအားနဲ့ ရောင်းအားမမျှ လို့ပါ။ ကြက်ဥနဲ့ ကြက်သား
စားသုံးမှုကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတယ်။ ဒါပေမဲ့ ထုတ်လုပ် မှုက ကျဆင်း
မသွားဘူးဆိုရင်တောင် တိုးတက်မလာဘူး။ စားသုံးမှုက တစ်နှစ် ကို ပျမ်းမျှ ၂၀ ရာခိုင်နှုန်းလောက်
တိုး နေတယ်။ ဒီလိုတိုးလာတဲ့ နောက်ကနေ ကြက်ဥ၊ ကြက်သား ထုတ်လုပ်မှုက လည်း လိုက်တိုး
ရမှာ။ စားသုံးမှုနဲ့ထုတ် လုပ်မှု ညီမယ်ဆိုရင် ဈေးက ပုံမှန်ဖြစ်လာမှာပါ" ဟု အသားတိုးကြက်ထုတ်
လုပ်ရောင်းချသူများ အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်ကပြောသည်။

ကြက်ဥနှင့် ကြက်သားဈေးများမှာ ဇူလိုင်လဆန်းပိုင်းမှ စတင်ခါဈေးတက်ခဲ့ပြီး ဇူလိုင်လဒုတိယပတ်
တွင် အမြင့်ဆုံးဈေးများအထိဖြစ်ခဲ့သော်လည်း တတိယပတ်တွင်မှု ဈေးအနည်းငယ် ကျ ဆင်းခဲ့
ကြောင်း လက်ကားရောင်းသူ များက ပြောသည်။

"ကြက်ဥက ပြီးခဲ့တဲ့သီတင်းပတ် မှာ ဈေးတော်တော်မြင့်သွားတယ်။ ဒါပေမဲ့ ကြက်ဥဈေး အရမ်းမြင့်
တယ် ဆိုရင်တောင် ကျွန်တော်တို့ ကြက်ဥ ဒိုင်တွေမှာ ရောင်းတဲ့ အမြင့်ဆုံးဈေးက တစ်လုံး ၁၁၅
ကျပ်ပါပဲ။ အဲဒါကို အပြင်လက်လီဆိုင်တွေက ဈေးအရမ်းတင်ပြီး ရောင်းလိုက်ကြတယ်။တချို့လက်
လီ ဆိုင်တွေဆို တစ်လုံး ၁၃၀ ကနေ ၁၃၅ ကျပ် အထိတောင် ရောင်းတယ်။ အခု ကြက်ဥက နည်း
နည်းပြန်ကျသွားပါပြီ လက်ကားဈေး တစ်လုံးကို ၁၀၃ ကျပ် ပဲရှိတော့တယ်" ဟု ကြက်ဥ၊
ဘဲဥရောင်း ချသူများအသင်း ဥက္ကဌဖြစ်သူ ဦးဂျိုး ဇက် က မြန်မာတိုင်း(မ်) ကိုပြောသည်။

ရန်ကုန်မြို့တွင်းရှိ ကြက်ဥဒိုင်များ သို့ တစ်ရက်လျှင် ကြက်ဥအလုံးရေ ၁၂ သိန်းခန့် ပုံမှန်ဝင်ရောက်
လေ့ရှိသော် လည်း ၀ယ်ယူစားသုံးမှုများမှာ ယင်း ထက်များပြားကြောင်း ၎င်းက ပြော သည်။

"ကြက်ဥစားသုံးမှုက တစ်နှစ်ထက် တစ်နှစ်များလာတယ်လို့ ပြောလို့ရ တယ်။ မနှစ်က ရန်ကုန်မြို့
မှာ ကြက်ဥရောင်းချတဲ့နှုန်းက တစ်ရက်ကို ၁၀ သိန်း ၀န်းကျင်လောက်ပဲ ရှိပေမဲ့ ၀ယ် အားနဲ့ ရောင်း
အားမျှတော့ ဈေးမတက် ဘူး။ ဒီနှစ်က အဝင်လည်း များတယ် ဒါပေမယ့် ၀ယ်လိုအားက ပိုများလာ
တယ်။ ဟိုတယ်တွေရဲ့ဝယ်လိုအားလည်း များတယ်၊နောက်ပြီး နိုင်ငံခြား သား ၀င်ရောက်မှုတွေက
လည်း များ တော့ နေပြည်တော်ဘက်ကလည်း အဝယ်ပိုများလာတယ်။ ဒီရက်ထဲမှာတော့ ဈေး
မပြန်ကျလောက်သေးဘူး။ ကျွန်တော့အထင် ဩဂုတ်လကုန် လောက်မှ လက်ကားဈေး တစ်လုံး
ကျပ် ၁၀၀ အောက် ပြန်ဖြစ်မယ်လို့ ထင် တယ်" ဟု ၎င်းက ပြောသည်။


ရန်ကုန်မြို့၊ ဗဟန်းဈေးအတွင်း ရောင်းချလျက်ရှိသော မြန်မာကြက်နှင့် မွေးမြူရေးကြက်သားများကိုတွေ့ရစဉ်။ ဈေးကွက်အတွင်း အများစုစားသုံးသည့် မွေးမြူရေးကြက်သားဈေးများမှာ ယခုလအတွင်း တစ်ပိဿာလျှင် ကျပ် ရ,၀၀၀ အထိဈေးတက်လာခဲ့ပြီး မြန်မာကြက်သားဈေးနှင့် တန်းတူနီးပါးရှိခဲ့။ ဓာတ်ပုံ- အောင်ဌေးလှိုင်

ထို့ပြင် ကြက်သားဈေးမှာလည်း ဇူလိုင်လဆန်းမှစတင်ခါ တဖြည်းဖြည်းဖြင့်ဈေးတက်လာခဲ့ကြောင်း
မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်ဘဲဈေးမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ဇူလိုင်ပထမပတ်မှာ အသားတိုး ကြက် ခြံဖမ်းဈေးက တစ်ပိဿာကိုကျပ် ၃,၁၀၀ နဲ့ လက်ကား
ဈေး ၃,၃၀၀ လောက်ပဲရှိသေးတယ်။ ဒုတိယပတ် လည်း ရောက်လာရော ခြံဖမ်းဈေး က ၃,၄၀၀
ကနေ ၃,၆၀၀ ကျော်လောက် ဖြစ်သွားပြီး တစ်ရက် နှစ်ရက်အတွင်း မှာတင် ၃,၈၀၀ ကျော်လောက်
အထိ ဖြစ်သွားတယ်။ အဲဒီလောက် ဈေး မြန်မြန်ဆန်ဆန် တက်လာလိမ့်မယ် လို့ မထင်ထားမိဘူး။
အခုလက်ရှိ တတိယပတ်ထဲမှာ ခြံဖမ်းဈေးအမြင့် ဆုံးအဖြစ် တစ်ပိဿာ ၄,၀၀၀ ပေးဝယ် နေရ
တယ်" ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ မွေးမြူရေး အသားတိုး ကြက်သားဈေးများ မြင့်တက်ရခြင်း သည် အချို့မွေးမြူရေးခြံများ
လုပ်ငန်းရပ်နားခြင်းနှင့် ပြည်တွင်းဈေးကွက်တွင် ငါးပုစွန်ရှားပါးခြင်းများကြောင့် ဖြစ်ကြောင်း အသား
တိုးကြက်ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာလှလှသိန်းက ပြောသည်။

"ကြက်သားဈေးတက်တာ အချက် နှစ်ချက်ကြောင့်လို့ထင်တယ်။ တစ်ခု က အရင်တုန်းက မွေးမြူ
ရေးသမားတွေ က သူတို့ရဲ့မွေးမြူရေးလုပ်ငန်းတွေကို အစိုးရဌာနတွေရဲ့ မြေတွေကို ငှားပြီး လုပ်ကြ
တယ်။ အခု အဲလိုအစိုးရပိုင်မြေ တွေနဲ့ လုပ်လို့မရတော့ မွေးမြူရေး သမားတွေအတွက် မြေနေရာ
အခက်အခဲတွေအများကြီးရှိသွားတယ်။ သူတို့ တွေက ဒီမွေးမြူရေးခြံတစ်ခြံအတွက် မြေဝယ်ဖို့ဆို
တာ ဘယ်လိုမှမဖြစ်နိုင် ဘူး။ ၀ယ်လည်း ဘယ်နည်းနဲ့မှ အကျိုး အမြတ်ရလာနိုင်မှာ မဟုတ်ဘူး။
နောက်တစ်ခုကတော့ ဒီနှစ်က ဒေါ်လာဈေးကောင်းတော့ ငါးပုစွန်တွေကိုလည်း ပြည်ပပို့တာ များ
တယ်။ အရင်နှစ်တွေတုန်းက ငါးပုစွန်ပေါတော့ အစားထိုး စားလို့ရတာ ပေါ့။ ဒီနှစ်ကတော့ ကြက်
သား က လည်း ထုတ်လုပ်မှုနည်းနည်းကျတဲ့ အချိန် ငါးပုစွန်ကလည်းအရမ်းမပေါ တဲ့အချိန် ကြက်
သားက ၀ယ်လိုအား ကောင်းပြီး ဈေးကမြင့်လာတာပါပဲ" ဟု ၎င်းက ပြောသည်။

Myanmar CP Livestock Company မှ အထွေထွေမန်နေ ဂျာ ဦးမျိုးသန့်က"မွေးမြူရေးကဏ္ဍ
က လိုအပ်သေးတယ်။ မွေးမြူတဲ့သူတွေ ဘက်မှာလည်း မြေနေရာအခက်အခဲ နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ
လိုနေတယ်။ ချေးငွေတွေကို နိုင်ငံတော်က ပံ့ပိုးပေး ရင်တော့ မွေးမြူရေးကအဆင်ပြေလာ နိုင်မှာပါ"
ဟု ပြောသည်။

စားသုံးသူအများစုအတွက်လည်း တစ်ပတ်တွင် သုံးရက်လေးရက်ခန့် မှာ ကြက်ဥနှင့်ကြက်သား
များကိုသာ အဓိကစားသုံးရသည့်အနေအထားမျိုး ရှိသည့်အတွက် ယခုကဲ့သို့ ဈေးမြင့် တက်သည့်
အခါတွင် အိမ်သုံးစရိတ်အ တွက် အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း သုဝဏ္ဏမြို့နယ်မှ၊အိမ်ရှင်မတစ်ဦး
က ပြောသည်။

"ကျွန်မတို့အိမ်က အရမ်းချမ်းသာ တဲ့အိမ်မဟုတ်ပါဘူး။ နောက်ပြီး တစ်မိသားစုလုံးက အလုပ်လုပ်
တဲ့သူတွေဆိုတော့ ကိုယ့်အိမ်ရဲ့ဟင်းစားကို လွယ်လွယ်ကူကူချက်နိုင်ပြီး စားလို့ လည်းအဆင်ပြေ
တော့ ကြက်ဥတို့ ကြက်သားတို့ကို အမြဲလိုလို ချက်စားဖြစ်တာပေါ့။ အခုကြက်ဥ တွေကလည်း
ဈေးတက်၊ ကြက်သား တွေကလည်းဈေးတက်တော့ ဒီပုံစံ အတိုင်းဆိုရင်တော့ နေ့တိုင်းဝယ်စားရ
တာတောင် သိပ်အဆင်မပြေနိုင်တော့ဘူး။ ဟိုရက်ကဆိုရင် ရပ်ကွက်ထဲကကုန်စုံဆိုင်မှာ ကြက်ဥ
တစ်လုံးကို ၁၅၀ ပေးဝယ်ခဲ့ရတယ်။ ၁၅၀ ဆိုတာတော်တော်ဈေးများပါတယ်။ မဖြစ် သင့်ဘူးလို့ထင်
တယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး