မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍမှာ အခြေခံအဆောက်အအုံနှင့် နည်း ဥပဒေဆိုင်ရာ ကိစ္စများ
တွင် ပြည့်မီရန် လိုအပ်သေးသော်လည်း နှစ်လအတွင်း နိုင်ငံခြား ဖက်စပ်ဘဏ်လုပ်ငန်းများဝင်
ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၆ မှ ၁၇ ရက်နေ့ အထိ ကျင်းပခဲ့သော ဘဏ်နှင့်
ငွေကြေးဆိုင် ရာ အစည်းအဝေးပွဲတွင် ဘဏ်လုပ်ငန်း ကဏ္ဍမှ ကျွမ်းကျင်သူများက ပြော သည်။
ဗဟိုဘဏ်၏ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်နော်အဲဖောက ဗဟိုဘဏ် သည် ပြည်တွင်းဘဏ်
လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံတကာဘဏ်များ ကို ဖက်စပ်ဘဏ်အဖြစ် ၀င်ရောက်ခွင့် ပေးခြင်း၊
ယင်းနောက် ရာနှုန်းပြည့်နိုင် ငံခြားဘဏ်အဖြစ် ၀င်ရောက်ခွင့်ပြုရေး နှင့် ဘဏ်ခွဲများ ဖွင့်လှစ်ခြင်း
တို့အတွက် အဆင့်ဆင့် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ပြောသည်။
"ဖက်စပ်ဘဏ်လုပ်ငန်းကိုပထမဆုံး ခွင့်ပြုသွားမှာဖြစ်ပြီး လတ်တလော အခြေအနေအရတော့
ဗဟိုဘဏ် ဥပဒေ ထွက်ပေါ်လာပေမယ့် နိုင်ငံ ခြားဘဏ်တွေကို ခွင့်ပြုပေးခြင်း မရှိ သေးပါဘူး"ဟု
၎င်းက ပြောသည်။
ယင်းခွင့်ပြုချက်စတင်ပါက ပြည်တွင်း ဘဏ်များ၏ နည်းပညာအားနည်းမှု အတွက် နိုင်ငံခြား
ဘဏ်များကတာ ၀န်ယူ ဆောင်ရွက်ပေးရမည် ဖြစ်သည်။ "နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ
အထူးသဖြင့်နည်းပညာနဲ့ အခြေခံ အဆောက်အအုံကဏ္ဍအတွက် ကျွန်မ တို့ အလေးထားပြီး
ဖိတ်ခေါ်ပါတယ်"ဟု ၎င်းက ပြောသည်။
ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက အဆိုပါ ရင်းနှီးမြှုပ်နှံခွင့်နှင့်ပတ်သက် သော နည်းဥပဒေကို
ရေးဆွဲနေပြီး နှစ်လအတွင်း ပြီးစီးပါက ဖက်စပ်ဘဏ် များအဖြစ်စတင်နိုင်မည်ဖြစ်ပြီး ပြည် တွင်းမှ
အဓိကဘဏ်ကြီးငါးခုသည် နိုင် ငံခြားဘဏ်များနှင့်ချိတ်ဆက်ပြီးဖြစ်ကာ ပြင်ဆင်နေကြကြောင်း
၎င်းက ပြောသည်။
နည်းဥပဒေပြီးစီးပါက ရင်းနှီးမြှုပ်နှံမှုပမာဏ မည်မျှထည့်ဝင် ရမည် စသည့်အသေးစိတ်ကို ကြေညာ
နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြော သည်။ "တချို့နိုင်ငံခြားဘဏ်တွေက ဖက် စပ်ပုံစံကို မကြိုက်ကြ
ဘူး။ မလုပ်ချင်ကြ ဘူး။ ဒါပေမဲ့ နိုင်ငံအနေအထားနဲ့ ပြန်တွေးကြည့်ရင် တစ်ဆင့်ပြီးမှ တစ် ဆင့်
လုပ်သွားတာက အသင့်တော် ဆုံးဖြစ်လိမ့်မယ်"ဟု ၎င်းက ပြောသည်။
ဗဟိုဘဏ်ခွင့်ပြုချက်အရပြည်တွင်း တွင် လာရောက်ဖွင့်လှစ်ထားသော နိုင်ငံတကာဘဏ်ကိုယ်
စားလှယ်ရုံး ခွဲပေါင်း ၂၅ ခုကျော်ရှိပြီး အာရှနိုင်ငံ များဖြစ်သည့် ဂျပန်၊ တောင်ကိုရီး ယား၊ အိန္ဒိယ
နှင့် အခြားအနောက်နိုင်ငံ များမှ ဘဏ်များ ပါ၀င်သည်။ လက်ရှိ အခြေအနေအရ ကိုယ်စားလှယ်
ရုံးများ သည် လိုအပ်သော အချက်အလက်များ ကို ရှာဖွေနေပြီး ခွင့်ပြုပါက ၎င်းတို့ နိုင်ငံနှင့်
အခြားနိုင်ငံများ၏ စီးပွားရေး လုပ်ငန်းများတွင်ပါ ဆောင်ရွက်ပေးနိုင် ရန် အထောက်အပံ့ပေးမည်
ဖြစ်သည်။
"ဂျပန်လုပ်ငန်းရှင် အတော်များများ က သီလဝါနဲ့ တခြားစီးပွားရေးဇုန်လို စီမံကိန်းတွေမှာ ၀င်
ရောက်မြှုပ်နှံဖို့ အတွက် စိတ်ဝင်စားနေကြတယ်။ ကျွန် တော်တို့ကလည်း လိုအပ်တဲ့ သတင်း
အချက်အလက်တွေ သူတို့အတွက် ရှာ ပေးနေတယ်။ ဒီမှာဘဏ်လုပ်ငန်းလုပ် ကိုင်ခွင့်ရမယ်
ဆိုရင် ဂျပန်အပြင် အခြား လုပ်ငန်းရှင်တွေအတွက်ပါ အထောက် အကူပေးသွားမှာပါ"ဟု
စုမိတိုမိုမီဆုရီ ဘဏ်ကော်ပိုရေးရှင်း၏ ကိုယ်စားလှယ် ချုပ် တိုရှီယုကိမော်ရီက ပြောသည်။
မြန်မာ၊ စင်ကာပူနှင့်၊ဩစတြေးလျ တွင် ရုံးခွဲများဖွင့်လှစ်ထားသော ဘဏ္ဍာ ရေးဆိုင်ရာ အတိုင်ပင်
ခံလုပ်ငန်း Consilium အဖွဲ့အစည်း၏ ဥက္ကဋ္ဌ ဒေးဗစ်ပရော့တာက မြန်မာနိုင်ငံရှိ ဘဏ်များမှာ
နိုင်ငံခြားဘဏ်လုပ်ငန်း အတွက် အတော်လေ့ကျင့်သင်ကြား ပေးရန် လိုအပ်နေသေးပြီး အခြေခံ
အဆောက်အအုံ၊ အရင်းအနှီးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိရန် လိုအပ် နေသေးကြောင်း
ပြောသည်။
၎င်းအပြင် မြန်မာနိုင်ငံတွင်းရှိ ဘဏ်များကိုလည်း အရည်အသွေးပြည့်မီအောင် ပြင်ဆင်မှု များပြု
လုပ်ပြီးမှသာ နိုင်ငံခြားဘဏ်များ ကို လာရောက်ရင်းနှီးမြှုပ်နှံကာ လုပ် ကိုင်ခွင့်ပြုသင့်ကြောင်း
ပြောသည်။ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက် တာ မောင်မောင်သိမ်းက ဘဏ်နှင့် ဘဏ္ဍာရေး
ကဏ္ဍအတွက် အဓိကလို အပ်ချက်မှာ ငွေရင်းငွေနှီးဈေးကွက် ထူထောင်နိုင်ရန်၊ နှုန်းရှင်မျှောမူဝါဒ
အတိုင်း နိုင်ငံခြားငွေဈေးကွက် တည် ဆောက်ရန် နည်းဥပဒေများထုတ်ပြန် ရန် လိုအပ်နေသေး
ကြောင်းပြောသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော် မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ခိုင် ခိုင်နွယ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံ
မှုနှင့် ခေတ်မီဘဏ်လုပ်ငန်းကဏ္ဍအတွက် ဗဟိုဘဏ်က သက်ဆိုင်ရာ စည်းမျဉ်း နှင့် မူဝါဒများ
ထုတ်ပြန်သွားရန်ရှိပြီး ပထမဆုံးအဆင့်အနေဖြင့် ၂၀၁၂ ခုနှစ်၊ ဧပြီလအတွင်းက ငွေလဲနှုန်းကို
ဈေးကွက်ပေါက်ဈေးအတိုင်းဖြစ်စေရန် ထိန်းချုပ်နှုန်းရှင်ပုံစံအတိုင်း ပြင်ဆင်ခဲ့ကြောင်း ပြောသည်။

















