ဘဏ်အချင်းချင်းချိတ်ဆက်သည့် ငွေလဲ နှုန်းရှင်စနစ်ကို ဖော်ဆောင်သွားမည်

ဘဏ်အချင်းချင်းချိတ်ဆက်သည့် ငွေလဲ နှုန်းရှင်စနစ်ကို ဖော်ဆောင်သွားမည်

ငွေလဲနှုန်းသတ်မှတ်ရာတွင် ဗဟိုဘဏ် ၏ သတ်မှတ်ချက်အတိုင်း ထိန်းချုပ်နှုန်း ရှင်စနစ်ဖြင့်
သွားခြင်းထက် ဈေးကွက် ကို အမှန်တကယ်ထင်ဟပ်နိုင်သည့် ငွေ လဲနှုန်း ပုံစံအဖြစ် တစ်နှစ်
အတွင်း ပြောင်းလဲသွားရန် အစီအစဉ်ရှိကြောင်း ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာ မောင်
မောင်သိမ်းက ပြီးခဲ့သည့် သီတင်း ပတ်က ပြုလုပ်ခဲ့သော ဘဏ်လုပ်ငန်း ဆိုင်ရာ သတင်းစာ
ရှင်းလင်းပွဲတွင် ပြောသည်။

ယင်းအတွက် ကနဦးအဆင့် အနေ ဖြင့် ရန်ကုန်နိုင်ငံခြားငွေလဲဈေးကွက်ကော်မတီကို နိုင်ငံခြား
ငွရောင်းဝယ် ဖောက်ကားခွင့် လိုင်စင်ရဘဏ် ၁၆ ဘဏ်ဖြင့် ယမန်နှစ် နို၀င်ဘာလက စတင်ဖွဲ့
စည်းခဲ့ပြီး နည်းဥပဒေများ ရေးဆွဲခဲ့သည်။ ထို့နောက် ဗဟို ဘဏ်က သတ်မှတ်သည့်ပုံစံမဟုတ်
ပဲ ဘဏ် အချင်းချင်း နိုင်ငံခြားငွေဈေးကွက် ကို ရောင်းဝယ်နိုင်မည့် ဈေးကွက် ဖော်ဆောင်ရန်
ဖြစ်သည်။

ယင်းသို့ ဘဏ်အချင်းချင်းနိုင်ငံခြား ငွေရောင်းဝယ်သည့်စနစ်ကို ဘဏ်များ က နိုင်ငံတကာဘဏ္ဍာ
ရေးအဖွဲ့အစည်း များ၏ နည်းလမ်းအကူအညီဖြင့် ဩ ဂုတ်အတွင်း စတင်သွားရန်အစီအစဉ် ရှိကြောင်း
ဗဟိုဘဏ်၏တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"Inter-bank-market ပေါ်ပေါက် လာပြီဆိုရင် ဘဏ်အချင်းချင်း ဈေး ကွက်ပေါက်ဈေးအတိုင်း
ရောင်းဈေးနဲ့ ၀ယ်ဈေးအပေါ် အခြေခံပြီးပဲဖြစ်ဖြစ်သွားနိုင်မှာပါ"ဟု ၎င်းက ပြောသည်။

"နှုန်းရှင်မျှောစနစ်နဲ့သွားတဲ့အခါ မှာ ဘယ်ဒီဂရီနဲ့တိုင်းမလဲဆိုတာရှိပါ တယ်။ င်္မနန ်ူသအေ ဆိုတာ
ထက် င်္မနနမ ်ူသအေ ပုံစံနဲ့ပဲသွားမှာပါ။ အမေရိကန် ဒေါ်လာရိုက်ထုတ်နေတဲ့ တိုင်းပြည်မှာ တောင်
ဒီလိုပုံစံမျိုးနဲ့ သွားကြပါတယ်။ လက်ရှိအခြေအနေထက်တော့ ပိုပြီး လွတ်လပ်မှာပါ" ဟု ၎င်းက
ပြော သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး ကမူ နှုန်းရှင်ပုံစံဖြင့်သွား
သည့် အတွက် ဈေးကွက်၏ဝယ်လိုအားနှင့် ရောင်းလို အားပေါ်အခြေခံကာ ငွေလဲနှုန်းများ ဖြစ်ပေါ်
လာမည်ဖြစ်ကြောင်း ပြော သည်။ ထို့အတွက် ဘဏ်နှင့် ပို့ကုန် လုပ်ငန်းရှင်များမှာ နိုင်ငံခြားငွေ
အဓိကကိုင်ဆောင်ထားနိုင်သူများဖြစ်လာပြီး လိုအပ်သလို ဈေးဆွဲတင်နိုင်ကြောင်း ၎င်းက
ပြောသည်။

"ဒီစနစ်ကို စပြီး အကောင်အထည် ဖေါ်ပြီဆိုတာနဲ့ အကောင်းနဲ့ အဆိုးက ဒွန်တွဲပြီးပေါ်လာမှာပါ။
ဈေးကွက်မှာ လွတ်လပ်ခွင့်လည်း ရှိလာမှာ ဖြစ်သလို စစချင်းအခြေအနေမှာ ကုန်သွယ်မှု ကိုထိခိုက်
တာမျိုးလည်း ဖြစ်နိုင်ပါ တယ်။ ဘာလို့လဲဆိုတော့ တစ်ယောက် ယောက်က ဈေးကစားတဲ့ ပုံစံနဲ့
ဈေး ကွက်ထဲမှာ လည်ပတ်နေတဲ့ငွေတွေကို သိမ်းကျူံးဝယ်ပြီး လက်ထဲမှာ အချိန် အတိုင်းအတာ
တစ်ခုအထိ သိမ်းထား ပြီးရှားသွားတော့မှ၊ပြန်ထုတ်တာမျိုး လည်း လုပ်လာနိုင်တယ်။ ဒါပေမယ့်
ကုန်သည်တွေကလည်း၊ ဒါကိုတွက်ထားမှာဖြစ်သလို ဗဟိုဘဏ် ကလည်း ၀င်ထိန်းပေးမှာဖြစ်တဲ့
အတွက် ဆိုးကျိုးမများနိုင်ဘူးလို့လည်း မြင်ပါ တယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး