နယူးယောက်စီးတီး အမေရိကန်နိုင်ငံ ၏ နာမည်ကြီး အသင့်စား စားသောက်ဆိုင်လုပ်ငန်း
ဖြစ်သည့် McDonald's သည် ၂၀၁၃ ခုနှစ် ဒုတိယသုံးလပတ်တွင် အမြတ်အစွန်း ၃ ဒသမ
ရ ရာခိုင် နှုန်းတိုးတက်ရရှိခဲ့ကြောင်း ဇူလိုင်လ ၂၂ ရက်နေ့တွင် ကြေညာခဲ့သည်။
သို့သော်လည်း ၂၀၁၃ ခုနှစ်၏ကျန်ရှိသည့်လများ၌ မရေရာသည့်စီးပွားရေးအနေအထားကြောင့်
အခက်အခဲဖြစ်နိုင်ဖွယ်ရှိသည်။ ယခုနှစ်တွင် မက်ဒေါ်နယ်လ်၏ဝင်ငွေမှာ ဒေါ်လာ ရ ဒသမ ၀၈
ဘီလျံရှိပြီး အမြတ်အစွန်း အားဖြင့် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ ရရှိခဲ့ကာ ယင်းမှာ ၂၀၁၂ ခုနှစ်
ကရရှိခဲ့သော ၀င်ငွေ ၆ ဒသမ ၉၂ ဘီလျံနှင့် အမြတ် ၁ ဒသမ ၃၅ ဘီလျံထက်ပိုများခဲ့သည်။
လေ့လာဆန်းစစ်သူများကမူ မက်ဒေါ်နယ်လ်၏ဝင်ငွေမှာ ဒေါ်လာ ရ ဒသမ ၀၉ ဘီလျံရရှိမည်
ဟုကြိုတင်ခန့်မှန်း ခဲ့ကြသည်။ ထို့နောက် မက်ဒေါ်နယ်လ် ၏ ရှယ်ယာတစ်ခုလျှင် ၁ ဒသမ ၃၈
ဒေါ်လာသို့ ရောက်ရှိခဲ့ကာ လေ့လာဆန်းစစ်သူများ ခန့်မှန်းထားသည့် ၁ ဒသမ ၄၀ ဒေါ်လာထက်
နှစ်ဆင့် လျော့နည်းခဲ့သည်။
"လက်ရှိ အခြေအနေအရ အသင့် စား အစားအစာဈေးကွက်ထဲမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုနဲ့
မသေချာ တဲ့ စီးပွားရေးအခြေအနေတွေက စားသုံး သူတွေရဲ့ဝယ်လိုအားကို ထိခိုက်မှုရှိ နေပါ
တယ်" ဟု မက်ဒေါ်နယ်လ်၏ အမှုဆောင် အရာရှိချုပ် ဒွန်သွန်မဆင် က ပြောသည်။
မက်ဒေါ်နယ်လ်ကုမ္ပဏီအနေဖြင့် ဇူလိုင်လ၌ ကမ္ဘာအနှ့ံရှိအရောင်းဆိုင် များ၌ ရောင်းအားအတော်
ကျလျက်ရှိသည်ကိုတွေ့ရပြီး ယင်းကြောင့် ၂၀၁၃ ခုနှစ်၏ ကျန်ရှိသည့်လများတွင်လည်း အခက်
အခဲများ ကြံုနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းသည်။
အမေရိကန်နိုင်ငံ၌ ရောင်းအား ၁ ဒသမ သုည ရာခိုင်နှုန်းတိုးလာသည့်တိုင် လုပ်ငန်းအသားတင်
၀င်ငွေမှာ ၂၀၁၃ ခုနှစ် ဒုတိယသုံးလအတွင်း အတော်လေးကျဆင်းနေခဲ့သည်။ ဥရောပတွင်မူ
ရောင်းအား သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း လုပ်ငန်းအသားတင်ဝင်ငွေ ၅ ရာခိုင်
နှုန်းတိုးတက်ခဲ့သည်။ အာရှ ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့တွင် ရောင်းအား
သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး လုပ်ငန်း အသားတင် ၀င်ငွေမှာလည်း ၁ ရာခိုင်နှုန်းကျဆင်း
ခဲ့သည်။
"လုပ်ငန်းလုပ်ဆောင်ပုံအမျိုးမျိုးနဲ့ စီးပွားရေးအခြေအနေ အမျိုးမျိုးမှာ ကျွန်တော်တို့ အောင်မြင်မှု
ရထားပါ တယ်" ဟု သွန်မဆင်က ပြောသည်။ "ကျွန်တော်တို့ရဲ့ နည်းစနစ်၊ တစ်ကမ္ဘာ လုံးဖြန့်
ကျက်ထားမှုနဲ့ ထူးခြားပြီး တိုးတက်ရရှိလာတဲ့ အတွေ့အကြံုတွေ က ရေရှည်မှာ ကျွန်တော်တို့ရဲ့
အမြတ် အစွန်းပိုများလာအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ၎င်းက ပြောသည်။
ဈေးကွက်အကြိုရောင်းဝယ်မှုတွင် မက်ဒေါ်နယ်လ်၏ရှယ်ယာ တန်ဖိုး မှာ ၂ ဒသမ ၃ ရာခိုင်နှုန်း
ထိုးဆင်းသွား ခဲ့သည်။

















