မြန်မာကို ဆန်တင်ပို့မှုအများဆုံးနိုင်ငံ ဖြစ်လာရန် အင်ဒိုစိုက်ပျိုးရေးလုပ်ငန်းရှင်များ မျှော်မှန်းထား

မြန်မာကို ဆန်တင်ပို့မှုအများဆုံးနိုင်ငံ ဖြစ်လာရန် အင်ဒိုစိုက်ပျိုးရေးလုပ်ငန်းရှင်များ မျှော်မှန်းထား

မြန်မာနိုင်ငံ၏ အိမ်နီးချင်းတိုင်းပြည် များ၌ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ လယ်ယာ
စိုက်ပျိုးမြေ များ တဖြည်းဖြည်းလျော့နည်းလာသည့် အတွက် ၎င်းတို့၏ ဒေသတွင်းဆန်ဖူလုံ မှုရှိ
စေရန် မြန်မာနိုင်ငံကို အဓိကထားမျှော်မှန်းထားကြောင်း အင်ဒိုနီးရှားနိုင်ငံ မှ ဆန်စပါးကဏ္ဍဆိုင်
ရာ တာဝန်ရှိသူ များက ပြောသည်။

အင်ဒိုနီးတွင် လူဦးရေ သန်း ၂၅၀ ကျော်ရှိပြီး လူတစ်ဦး၏ ဆန်စားသုံး မှုမှာ တစ်နှစ်လျှင် ပျမ်းမျှ
၁၃၅ ကီလို ရှိသော်လည်း စပါးစိုက်ပျိုးမြေမှာ ၆ ဒသမ ၅ မီလျံ ဟက်တာသာရှိကြောင်း အင်ဒိုနီး
ရှားဓာတ်မြေဩဇာကုမ္ပဏီ တစ်ခုဖြစ်သည့် Pupuk Indonesia Holding မှ ဥက္ကဋ္ဌ Mr. Arifin
Tasrif က ပြောသည်။

"စက်မှုကဏ္ဍထွန်းကားလာတော့ အခုဆို အင်ဒိုကလယ်သမားတစ်ဦးကို တစ်ဧကကျော်လောက်
ပဲ ပိုင်တော့ တယ် "ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ကျော်သာရှိသော်
လည်း မိုးနှင့် နွေစပါး စိုက်ပျိုးဧကပေါင်း သန်း ၂၀ ကျော်ရှိကြောင်း ဆန်စပါးစိုက်ပျိုးရေးပညာရှင်
ဒေါက်တာမင်းအောင်က ပြောသည်။

"အင်ဒိုနီးရှားနိုင်ငံမှာက တစ်နိုင်ငံ လုံးအတိုင်းအတာအရ စိုက်ပျိုးမြေ ဧကနဲ့တွက်ရင် ၁၀ သန်း
ကျော်ပဲရှိတာ။ ကျွန်တော်တို့က နွေနဲ့ မိုးစပါး နှစ်ခု ပေါင်းကို ဧကသန်း ၂၀ ကျော်လောက် စိုက်
နိုင်တယ်။ ကျွန်တော်တို့ရဲ့ ပျမ်းမျှ ဆန်စားနှုန်းကတော့ ကီလို ၁၉၀ လောက်ရှိတယ်"ဟု ၎င်းက
ပြောသည်။

လာမည့်နှစ်များအတွင်း မြန်မာနိုင် ငံတွင် ဆန်စပါးကဏ္ဍကို ဦးစားပေး မြှင့်တင်စေလိုပြီး ဆန်တင်
သွင်းမှု ကိုလည်း မြန်မာနိုင်ငံကိုသာ အားထားလိုကြောင်း Mr.Arifin က ပြောသည်။ "မြန်မာနိုင်ငံ
ဟာ အနာဂတ်ကာလ မှာ ကျွန်တော်တို့တိုင်းပြည်အတွက် သာမက အာဆီယံနိုင်ငံတွေအတွက်
ပါ အစားအစာကဏ္ဍ အထူးသဖြင့် ဆန် စပါးကဏ္ဍမှာ အရေးကြီးဆုံးတိုင်းပြည် ဖြစ်လာမယ်လို့
ယုံကြည်ပါတယ်" ဟု ၎င်းက ပြောသည်။

"မြန်မာနိုင်ငံဟာ ဟိုးအရင်တုန်း က ဆန်တင်ပို့မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
အဲလိုအချိန်မျိုး ကို အမြန်ဆုံးပြန်ရောက်နိုင်ဖို့ ကျွန်တော် မျှော်လင့်မိပါတယ်"ဟု Swiss
Singapore ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ် သည့်အိန္ဒိယနိုင်ငံသား P.D. Mahe-shwari က
ပြောသည်။

လတ်တလောတွင် အင်ဒိုနီးရှားနိုင်ငံ မှ ထုတ်လုပ်သော ယူရီးယား၊ ကွန်ပေါင်း နှင့် အော်ဂဲနစ်
ဓာတ်မြေဩဇာများကို အသုံးပြု၍ ဓနုဖြူ၊ ပြည်၊ နေပြည်တော် နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)တို့တွင်
စပါး စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"မြန်မာနိုင်ငံမှာက ဆန်တွေပိုနေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက ဓာတ် မြေဩဇာတွေ ပိုနေ
တယ်။ အဲတော့ စပါး နဲ့ ဓာတ်မြေဩဇာအလဲအလှယ်လုပ်နိုင် ရင် ကောင်းမယ်လို့ ထင်ပါတယ်"ဟု
Mr.Arifin က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး