ဆွစ်ဇာလန် ကျောက်မျက်ဓာတ်ခွဲခန်းကုမ္ပဏီ ကျောက်မျက်နှီးနှော ဖလှယ်ပွဲ ပထမဆုံးအကြိမ်ကျင်းပ

ဆွစ်ဇာလန် ကျောက်မျက်ဓာတ်ခွဲခန်းကုမ္ပဏီ ကျောက်မျက်နှီးနှော ဖလှယ်ပွဲ ပထမဆုံးအကြိမ်ကျင်းပ

ဆွစ်ဇာလန်နိုင်ငံမှ ကျောက်မျက်ဓာတ် ခွဲခန်းကုမ္ပဏီတစ်ခုဖြစ်သည့် Gubelin Gemlab က
မြန်မာနိုင်ငံတွင် ပထမဦး ဆုံးအကြိမ်အဖြစ် ကျောက်မျက်နှီးနှော ဖလှယ် ပွဲပြုလုပ်ခဲ့ပြီး မြန်မာ
ပြည်၏ကျောက်မျက်အချက်အလက်ရရှိရန်အတွက် မိုးကုတ်ဒေသထွက် ကျောက်မျက်အချို့ကို
လည်း နမူနာအဖြစ်ယူဆောင်ကာ ၎င်းတို့၏ ဟောင်ကောင် အခြေစိုက်ဓာတ်ခွဲခန်းတွင် စစ်ဆေးမူ
များပြုလုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူများက ပြောသည်။

"ဒီပွဲလုပ်တာတော့ ပထမဦးဆုံး အကြိမ်ပါ။ မြန်မာပြည်ရဲ့ ကျောက်မျက် ထွက်တဲ့ဒေသဖြစ်တဲ့
မိုးကုတ်ကို နိုင်ငံ ခြားသားတွေ တရားဝင်သွားလို့ရပြီလို့ သိရတဲ့အချိန်မှာ ကျွန်တော်ကလည်း
မြန်မာပြည်သား တစ်ယောက်ဖြစ်တဲ့အတွက် မြန်မာပြည်က ကျောက်တွေ ကိုတော့ တစ်ခေါက်
သွားကြည့်သင့်ပြီ ဆိုပြီး ကုမ္ပဏီကလူကြီးတွေကို အကြံပေး ခဲ့တယ်။ သူတို့တွေကလည်း စိတ်ဝင်
စား ကြတယ်။ အဲဒါနဲ့ပဲ ကျွန်တော်တို့ရောက် လာပြီး မိုးကုတ်ဒေသကကျောက်တွေ ကိုလာကြည့်
ရင်း မြန်မာပြည်က ကျောက်ကုန်သည်တွေနဲ့လည်း ရင်းနှီး အောင်၊ သူတို့ကိုလည်း ကျောက်မျက်
ဓာတ်ခွဲခန်းမှာအသုံးပြုတဲ့ စက်ပစ္စည်းကိရိယာတွေကို လေ့လာခွင့်ရအောင် ရန်ကုန်နဲ့ မန္တလေးမှာ
ဒီပွဲလေးလုပ်ဖြစ် ခဲ့တာပါ" ဟု Gubelin Gemlab ကုမ္ပဏီ မှ ကျောက်မျက်ပညာရှင်တစ်ဦးဖြစ်သူ
ကိုဘုဏ်းဖြိုးခန့်ညွှန့်က ပြောသည်။

အဆိုပါကုမ္ပဏီအနေဖြင့်လည်း မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဓာတ်ခွဲခန်း များအဖြစ် တစ်နှစ်လျှင်
သုံးလေးကြိမ် ခန့် လာရောက်စစ်ဆေးမှုများ ပြုလုပ် သွားနိုင်အောင်လည်း ကြိုးစားသွား မည်ဖြစ်
ကြောင်း ၎င်းက ပြောသည်။

Gubelin Gemlab ကုမ္ပဏီအနေ ဖြင့် မိုးကုတ်ဒေသထွက်ကျောက်များ အား လာရောက်ကြည့်
ရှုပြီး ကျောက်နမူနာများယူဆောင်ကာ မြန်မာနိုင်ငံ မိုးကုတ်ကျောက်မျက် အချက်အလက် ကို
သတ်မှတ်နိုင်ရန်အတွက် ၎င်းတို့၏ ဓာတ်ခွဲခန်းတွင် စစ်ဆေးသွားရန် ကျောက်မျက်နမူနာအချို့
လည်း ယူ ဆောင်သွားမည် ဖြစ်သည်။

အဆိုပါ ကျောက်မျက်နှီးနှောဖလှယ် ပွဲအား မန္တလေးမြို့တွင် ဇူလိုင်၂၀ ရက်နေ့နှင့် ရန်ကုန်မြို့တွင်
ဇူလိုင်၂၁ ရက်နေ့ တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောက်ကုန်သည်များ၊ ကျောက်ပညာရှင်များနှင့်
ကျောင်းသားများ ၁၀၀ ကျော်ခန့် တက်ရောက် လေ့လာခဲ့ကြ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး