ဂျာမနီနိုင်ငံထုတ်၊မာစီဒီး ကားများ၊မြန်မာနိုင်ငံသို့ ယခုလမှ စတင်၍ တရားဝင်၊ရောင်းချမည်

ဂျာမနီနိုင်ငံထုတ်၊မာစီဒီး ကားများ၊မြန်မာနိုင်ငံသို့ ယခုလမှ စတင်၍ တရားဝင်၊ရောင်းချမည်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် တင်သွင်းရောင်းချခွင့် ရရှိခဲ့သည့် ဂျာမနီနိုင်ငံထုတ်
Mercedes Benz ကားများမှ E-Class အမျိုး အစားကို ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန်မြို့
ဆီဒိုးနားဟိုတယ်တွင် စတင် မိတ်ဆက်ခဲ့သည်။

အဆိုပါ တင်သွင်းရောင်းချခွင့်ကို Automobile Alliance Co.,Ltd (AA) နှင့် Cycle and
Carriage Auto mobile Myanmar Co.,Ltd တို့ ပူးတွဲရရှိ ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင်
၀ယ်ယူ လိုသူများအတွက် ဂျာမနီနိုင်ငံမှ တိုက် ရိုက်တင်သွင်းပေးသွားမည်ဖြစ်ကာ အရောင်း
စင်တာကို ၂၀၁၄ ခုနှစ်အစောပိုင်းတွင် ဖွင့်လှစ်နိုင်မည် ဖြစ် သည်။

Daimler AG နှင့် Jardine Cycle and Carriage Ltdတို့ပူးပေါင်းကာ လွန်ခဲ့သော နှစ်ပေါင်း ၆၀
ကျော်မှစတင်၍ မော်တော်ကားများကို သုံးစွဲသူ များနှင့် စတင်မိတ်ဆက်ပေးခဲ့ပြီး ယခု
Automobile Alliance Co.,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မိုး ကျော်နှင့် ချိတ်ဆက်
ပူးပေါင်း၍ Mercedes Benz များကို တင်သွင်း သွားမည် ဖြစ်သည်။

"အရည်အသွေးမြင့် Mercedes Benzကားတွေကို ယာဉ်အပိုပစ္စည်း ၀န်ဆောင်မှုတွေနဲ့တကွ
မြန်မာနိုင်ငံ မှာ တရားဝင်ရောင်းချခွင့်၊ ၀န်ဆောင်မှုပြုခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ မြန်မာနိုင်
ငံမှာရှိတဲ့ ၀ယ်ယူသူတွေကြံု တွေ့နေရတဲ့ အမျိုးမျိုးသော ကားတင်သွင်းလာသူတွေ၊ တစ်ဆင့်ပြန်
လည်ရောင်းချသူတွေ၊ ၀န်ဆောင်မှုပေးသူတွေနဲ့ ပတ်သက်လို့ အဆင့်ဆင့်ဆက်သွယ်ရမှုတွေ၊
မသေချာမရေရာမှု စတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ
Mercedes Benz ကို ကြိုက်နှစ် သက်တဲ့သူတွေ အများကြီးရှိတယ်ဆို တာသိထားပါတယ်။
ကျွန်တော်တို့က သူတို့အတွက် အကောင်းဆုံး ၀န်ဆောင် မှုပေးချင်တာပါ။ ၀ယ်ယူသူတွေကို
အမြင့်မားဆုံး German Engineering service ပေးနိုင်တယ်ဆိုတာကို အပြည့် အဝ ယုံကြည်
ပါတယ်" ဟု Daimler South East Asia Pte.Ltd မှ စီအီးအို Mr Wolfgang Huppenbauer
က ပြောသည်။

" Mercedes ကထုတ်တဲ့ ကားတွေ အားလုံးကို ရောင်းပေးမှာပါ။ အခု ကတော့ စတင်ရောင်းချ
တာဖြစ်တဲ့အတွက် E-Class ကို စတင်သွင်းတာ ပါ"ဟု Automobile Alliance Co.,Ltd မှ အုပ်
ချုပ်မှုဒါရိုက်တာ ဦးအောင်မိုးကျော်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးအနေဖြင့် အဆင့်လေးဆင့်
အထိပြု ပြင် ပြောင်းလဲနေပြီဖြစ်ရာ စတုတ္ထ ကဏ္ဍအနေဖြင့် ပုဂ္ဂလိကကဏ္ဍများကို ဦးစားပေးသည့်
အဆင့်ဖြစ်သည်နှင့် အညီ ယခုကဲ့သို့ ပုဂ္ဂလိကလုပ်ငန်း များကို အခွင့်အရေးပေးခဲ့ခြင်းဖြစ် သည်ဟု
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။

"စက်တင်ဘာ၊ ဒါမှမဟုတ် အောက် တိုဘာလောက်ကျရင်၊ယာယီကားအ ရောင်းပြခန်းဖွင့်ဖို့ရှိ
တယ်။ တကယ့် အရောင်းပြခန်းအကြီးကတော့ ဒီဇင်ဘာလကုန်မှ လျှောက်လို့ပြီးမှာ ဖြစ်တယ်။
လက်ရှိမှာ အရောင်းပြခန်း မပြီးသေးတဲ့အတွက် အခုဆိုရင် အော်ဒါမှာပေးတာပဲ လုပ်လို့ ရဦး
မှာပါ။ အခုချိန်အော်ဒါမှာရင် ဒီဇင်ဘာလကုန်ရင် ကားကို ဒီကို သယ်လာပေးနိုင်မယ်။ သေချာ
မှာရင် စက်ရုံက စပယ်ရှယ်အော်ဒါ ထုတ်ပေးရမှာဖြစ်တဲ့အတွက် နောက်အကျ ဆုံး ၂၀၁၄၊
ဖေဖော်ဝါရီလောက်မှ ကားကို ၀ယ်သူလက်ထဲကို အပ်နိုင် မယ်။ နောက်ပိုင်းအရောင်းပြခန်းဖွင့်
တဲ့အချိန်မှာတော့ စောင့်ရတော့ မှာမဟုတ်ပါဘူး" ဟု Cycle & Carriage ကုမ္ပဏီမှ အရောင်းနှင့်
ဈေးကွက်တာဝန်ခံဖြစ်သူဦးအောင်သက်လွင်က ပြောသည်။

လက်ရှိ မိတ်ဆက်ပေးခဲ့သော E-class ကား၏ ဆိပ်ကမ်းအရောက် တန်ဖိုးမှာ အမေရိကန်
ဒေါ်လာ ၈၅,၅၀၀ ၀န်းကျင်ရှိကာ အဆိုပါဈေး နှုန်းမှာ ၀ယ်သူစိတ်ကြိုက်ပစ္စည်းအစုံ ပါရှိမည်ဖြစ်ပြီး
ပုံမှန်ဈေးအတိုင်းဝယ် ယူပါက ဒေါ်လာ ၆၀,၀၀၀ မှ ရ၀,၀၀၀ ရှိကြောင်း ၎င်းက ပြောသည်။

"မှာတဲ့သူရဲ့ နာမည်ပေါက်နဲ့ပဲရမှာ ပါ။ နောက်ပိုင်းမှာ နိုင်ငံခြားက တံဆိပ် မျိုးစုံနဲ့ ကားတွေဝင်
လာမှာပဲ။ ပြိုင်ဆိုင် မှုကတော့ မြင့်မားနေမယ်လို့ထင်ပါ တယ်" ဟု ဦးအောင်သက်လွင်က ပြော
သည်။

Mercedes ကားများ၏ တန်ဖိုးမှာ အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၄၀,၀၀၀ ၀န်းကျင်မှ ၁၀၀,၀၀၀
ကျော် အထိရှိသည်။ E-Class ကားများ မှာ ဒီဇိုင်းအရ ကြော့ရှင်းပြီး ခေတ်မီ ကာ Mercedes
Benz ၏ စနစ် အသစ်ဖြစ်သော အလိုအလျောက်မောင်း နှင်ခြင်း၊ သက်သောင့်သက်သာဖြစ်
ခြင်းနှင့် စွမ်းအင်မြင့်မားသောအင်ဂျင် ပါရှိသည့် အဆင့်မြင့် ဆလွန်းကား ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး