မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ပို့လွှတ်

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ပို့လွှတ်

ဒေသခံများ၊ လူ့အခွင့်အရေးအဖွဲ့များ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ များက ကန့်ကွက်
ဆဲဖြစ်သော အငြင်း ပွားဖွယ်ရာ မြန်မာျွတရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၏ တရားဝင် ဖွင့်
ပွဲအခမ်းအနားများကို ရခိုင်ပြည် နယ် ကျောက်ဖြူ၊ မန္တလေးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း
တို့တွင် ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီး သဘာဝဓာတ်ငွေ့များကို စတင်ပို့လွှတ် နေပြီ
ဖြစ်သည်။

သက်ဆိုင်ရာ ကုမ္ပဏီ တာဝန်ရှိသူ များသည် ပြီးခဲ့သည့်သီတင်းပတ်များ အတွင်း သဘာဝဓာတ်
ငွေ့ပိုက်လိုင်း အား အကြိုစမ်းသပ်ပို့လွှတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဓာတ်ငွေ့ယိုစိမ့်မှုနှင့် တစ်စုံ
တစ်ရာမှားယွင်းမှု မဖြစ်ပေါ်သည့်အတွက် ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သဘာဝ
ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

"ကုမ္ပဏီရဲ့ စစ်ဆေးကြီးကြပ်ရေးအဖွဲ့ရဲ့ အကြိုစမ်းသပ်စစ်ဆေးရေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။
အားလုံး ကောင်းကောင်းမွန်မွန် ပြီးသွားပါပြီ" ဟု အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း
ကုမ္ပဏီ(SEAGP) နှင့် အရှေ့တောင်အာရှ ရေနံပိုက်လိုင်း ကုမ္ပဏီ (SEAOP) တို့မှ ပြည်သူ့ ဆက်
ဆံရေးအရာရှိဖြစ်သူ Alice Pyr က ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။

လွန်ခဲ့သည့် သီတင်းပတ်များ အတွင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ စမ်းသပ်ပို့
လွှတ်ရာ တွင် ဓာတ်ငွေ့ယိုစိမ့်မှုနှင့် ပိုက်လိုင်း၏ တချို့နေရာများတွင် ချို့ယွင်းပျက်စီး များရှိခဲ့
ကြောင်း ဒေသခံများနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများက ပြော ကြားခဲ့ကြပြီး ပိုက်လိုင်း
ကို ပြန်လည် ပြုပြင်ရန် လိုအပ်နေသည့်အတွက် ဓာတ်ငွေ့ပို့လွှတ်မှု တစ်လမှနှစ်လ အထိ
နှောင့်နှေးနိုင်သည့်သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဌေးသည် မန္တလေးမြို့အနီးရှိ သဘာဝ
ဓာတ်ငွေ့ ပိုက်လိုင်းထိန်းချုပ်ရေးစခန်းသို့ ပြီးခဲ့ သည့်သီတင်းပတ်အတွင်း သွားရောက် ကြည့်ရှုခဲ့
သည်။

နောက်ပိုင်းတွင် ရာနှုန်းပြည့်ပြီးစီးနေသည့်ပိုက်လိုင်း အတွင်း သဘာဝဓာတ်ငွေ့ ဖြည့်တင်း လျက်
ရှိပြီး စတင်ပို့လွှတ်ရန် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ကြ
သည်။

မြန်မာနိုင်ငံလူဦးရေ၏ ၂၆ ရာခိုင် နှုန်းသာ လျှပ်စစ်ဓာတ်အားရရှိနိုင် သည့်အခြေအနေတွင် မိမိနိုင်
ငံမှထွက် ရှိသော သဘာဝဓာတ်ငွေ့အား ပြည်ပ သို့ တင်ပို့ရောင်းချခြင်းမပြုသင့်ဟု ဆန့်ကျင်သူ
များက ကန့်ကွက်နေသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း သည် အစိုးရဟောင်းလက်ထက်
က သဘောတူလက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ရခိုင်ကမ်းလွန်၌ ရွှေသဘာဝဓာတ် ငွေ့သိုက်တွေ့ရှိမှုကို တောင်ကိုရီးယား နိုင်ငံမှ ဒေဝူးကုမ္ပဏီ
သည် ၂၀၀၄ ခုနှစ် တွင် ကြေညာခဲ့သည်။ ယခင်အစိုးရ သည် တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့
၀ယ်ယူခွင့် ပြုခဲ့ရာ နှစ်ပေါင်း ၃၀ အတွင်း သဘာဝဓာတ်ငွေ့ပမာဏ ၆ ဒသမ ၅ ထရီလျံ ကုဗပေ
ထုတ်ယူနိုင်မည့် သဘောတူစာချုပ်ကို တရုတ်အမျိုး သား ရေနံကော်ပိုရေးရှင်းနှင့် ၂၀၀၈ ခုနှစ်၊
ဇွန်လက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

၇၉၃ ကီလိုမီတာအရှည် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို SEAGP ကုမ္ပဏီက တာဝန်ယူတည်
ဆောက်ခဲ့ ပြီး စီမံကိန်းကာလ သုံးနှစ်တာကြာမြင့် ခဲ့ကာ ခန့်မှန်းကုန်ကျစရိတ် အမေ ရိကန်ဒေါ်
လာ နှစ်ဘီလျံခန့် ကုန်ကျ ခဲ့သည်။

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းသည် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ ၅၀ ဒသမ ၉
ရာခိုင်နှုန်းကို ပိုင်ဆိုင်ရာ၊ ကိုရီးယားနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီနှစ်ခုက ၂၅ ဒသမ
၀၄ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယကုမ္ပဏီနှစ်ခုက ၄ ဒသမ ၁၇ ရာခိုင်နှုန်းနှင့် ၈
ဒသမ ၃၅ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ကြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်းမှ ရ
ဒသမ ၃၇ ရာခိုင်နှုန်းသာ အကျိုးအမြတ်ပိုင်ဆိုင်မှုရှိသည်။

အဆိုပါ သဘာဝဓာတ်ငွေ့ပိုက် လိုင်းသည် တစ်နှစ်လျှင် သဘာဝဓာတ် ငွေ့ ကုဗမီတာ ၁၂ ဘီလျံ
ပို့လွှတ်ရန် တည်ဆောက်ထားပြီး စီမံကိန်းကာလ ပထမအဆင့်အတွင်း သဘာဝဓာတ် ငွေ့ ကုဗ
မီတာ ၅ ဒသမ ၂ ဘီလျံပို့လွှတ် နိုင်ရန် ရည်မှန်းထားသည်ဟု ှနဗွဏ ကုမ္ပဏီက တာဝန်ရှိသူက
ပြောသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက် ဖြူမှ မကွေးနှင့်
မန္တလေးတိုင်းဒေသ ကြီးတို့ကို ဖြတ်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့
ရောက်ရှိပြီး ပိုက်လိုင်းတွင် သဘာဝ ဓာတ်ငွေ့ထုတ်ယူနိုင်သော စခန်းများ ကို ကျောက်ဖြူ၊ ရေနံ
ချောင်းနှင့် တောင် သာမြို့နယ်တို့တွင် ထည့်သွင်းတည် ဆောက်ထားသည်။

နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ရောင်းချရမှုနှင့် ပိုက်လိုင်းဖြတ်သန်း
ခအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀ ဘီ လျံခန့်ရရှိမည်ဟု စောင့်ကြည့်လေ့လာရေးအဖွဲ့
များက ခန့်မှန်းထားသည်။

"သဘာဝဓာတ်ငွေ့လိုင်းကြောင့် မြေ သိမ်းခံရတာတွေ၊ လယ်ယာစိုက်ပျိုးမြေ ထိခိုက်ပျက်စီးမှုတွေ ရှိကြောင်း ဒေသခံ တွေက ပြောနေကြပါတယ်။ ဒေသခံတွေရဲ့တိုင်ကြားစာတွေ ထောင်နဲ့ချီပြီး
ကျွန်တော်တို့ လက်ခံနေရဆဲပါ။ အစိုးရ ဒါမှမဟုတ် တာဝန်ရှိသူတွေအနေနဲ့ ဘယ်လို ဆောင်
ရွက်ပေးမယ်ဆိုတဲ့ ကတိစကားကိုတော့ ခုထိ မကြားမိသေး ပါဘူး"ဟု ရွှေသဘာဝဓာတ်ငွေ့ပိုက်
လိုင်းလှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ပိုက်လိုင်းကို အများဆုံးပိုင်ဆိုင်ထား သည့် တရုတ်အမျိုးသားရေနံကော်ပို ရေးရှင်းအနေဖြင့်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသ လျှပ်စစ်ဓာတ်အား လိုင်း သွယ်တန်းရေးအတွက် အမေရိကန်
ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့ပြီး စာသင်ကျောင်း ၄၅ ကျောင်း၊ ဆေးရုံနှင့် ဆေးပေးခန်းပေါင်း ၂၄
ခုကိုလည်း တည်ဆောက်လှူဒါန်းခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး