နှစ် ၁၀၀ နီးပါး သက်တမ်းရှိ Burma Company Act 1914 သည် ခေတ်စနစ် နှင့် မကိုက်ညီ
တော့ခြင်းနှင့် ခွဲခြားဆက် ဆံမှုများရှိနေခြင်းတို့ကြောင့် အသစ် ပြန်လည် ရေးဆွဲရန် ပြည်သူ့လွှတ်
တော် ပုံမှန်အစည်းအဝေး၌ ဇူလိုင်လ ၂၃ ရက်နေ့က အတည်ပြုခဲ့သည်။
ထိုမြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ ကို ပြင်ဆင်ရန် ရှိမရှိအဆိုကို လသာမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က တင်သွင်းခဲ့ပြီး အမျိုးသားစီမံကိန်းနှင့် စီးပွား
ရေးဖွံ့ဖြိုးတိုးတက်မှု ပြည်ထောင် စု ဒုတိယဝန်ကြီး ဒေါက်တာဆက် အောင်က ပြန်လည်ရှင်းလင်း
တင်ပြ ကာ သဘောတူထောက်ခံခဲ့အပြီးတွင် အသစ်ရေးဆွဲရန် သဘောတူခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက အဆိုပါဥပဒေသစ် ရေးဆွဲမှုကို အမြန်ဆုံးနှင့် အကောင်းဆုံး ဆောင်
ရွက်ရန် တိုက်တွန်းခဲ့သည်။
"မြန်နိုင်သမျှ မြန်အောင်၊ ကောင်း နိုင်သမျှကောင်းအောင် သက်ဆိုင်ရာ ဌာနအနေနဲ့ ဆောင်ရွက်
ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်"ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။ ဦးကြည်မြင့်
က ၁၉၁၄ အက်ဥပဒေဖော်ပြချက်များတွင်ပါရှိသော ကုမ္ပဏီ လုပ်ငန်းများလုပ်ဆောင်ရာ၌ နိုင်ငံ
သားနှင့် နိုင်ငံခြားသားတို့၏ ပိုင်ဆိုင်မှု များနှင့် ကုမ္ပဏီမှတ်ပုံတင်မှုကိစ္စရပ်များနှင့်ပတ်သက်၍
ဖော်ပြထားချက် များမှာ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ ပြဋ္ဌာန်း
ချက်များနှင့် ဆန့်ကျင်မှုများရှိ နေသဖြင့် ကိုက်ညီမှုရှိအောင် ပြင်ဆင် ရန်ရှိမရှိ တင်ပြမေးမြန်းခဲ့ခြင်း
ဖြစ် သည်။
ထိုမေးမြန်းချက်များနှင့်ပတ်သက် ၍ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာဆက်အောင်က
ပြန်လည်ရှင်းလင်း တင်ပြခဲ့အပြီးတွင် ယင်းဥပဒေကို ပြင် ဆင်ရေးဆွဲခြင်းထက် နိုင်ငံတကာ စံနှုန်း
များနှင့် အံဝင်မှု ရှိစေရန်နှင့် လုပ်ငန်းရှင်များအတွက် ကုမ္ပဏီ လျှောက်ထားရာတွင် အဆင်ပြေမှုရှိ
အောင် အီလက်ထရွန်းနစ်စနစ်ဖြင့် အသစ်ပြန် ရေးဆွဲသင့်ကြောင်း ပြော သည်။
"ဒီဥပဒေကိုပြင်ဖို့ သဘောတူပါ တယ်။ နိုင်ငံခြားရှယ်ယာ မည်မျှရှိရင် နိုင်ငံခြားကုမ္ပဏီဖြစ်တယ်၊
မြန်မာ ရှယ်ယာ မည်မျှရှိရင် မြန်မာနိုင်ငံသား ကုမ္ပဏီဖြစ်တယ်ဆိုပြီး နိုင်ငံခြားပိုင်၊ မြန်မာပိုင်ကုမ္ပ
ဏီနှစ်ခုကို ခွဲခြားဆက်ဆံတဲ့ ရည်ရွယ်ချက်မျိုး မဖြစ်သွား အောင်နဲ့ ခေတ်နဲ့ကိုက်ညီအောင် ပြင်
ဆင်ရမှာပါ" ဟု ဒေါက်တာဆက် အောင်က ပြောသည်။
နိုင်ငံတကာဥပဒေအဖွဲ့အစည်း တစ်ခုဖြစ်သော Kelvin Chia Yangon ၏ရှေ့နေ ဦးသန်းမောင်က
လုပ်ထုံး လုပ်နည်းအရ အဆိုပါအက်ဥပဒေမှာ ရှုပ်ထွေးပြီး မလိုလားအပ်သော စာရွက် စာတမ်းများ
တင်သွင်းရခြင်း၊ နိုင်ငံတကာတွင် E-Regisration စနစ်ကျင့် သုံးနေချိန်တွင် ခေတ်နှင့်မလျော်ညီ
တော့သော နည်းလမ်းနှင့်လုပ်ကိုင်ဆောင်ရွက်ရမှုများရှိနေသည့်အပြင် အနှစ်သာရအရလည်း
နိုင်ငံတကာကုမ္ပဏီများဆောင်ရွက်ပုံ နည်းလမ်းအတိုင်းမဟုတ်တော့သည့်အပြင် မြန်မာနိုင်ငံ၏
ခေတ်စနစ်အရ ကုမ္ပဏီ လှုပ်ရှားမှုများနှင့် အဆက်ပြတ်သွား သည့်ကာလများလည်းရှိခဲ့ခြင်းကြောင့်
အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း ပြောသည်။
"ဒီဥပဒေအရ ကုမ္ပဏီဖွဲ့စည်းရမှာဖြစ်တဲ့အတွက် နိုင်ငံတကာကလာတဲ့ သူတွေက ဥပဒေကိုကြည့်
ပြီး နှာခေါင်း ရှုံ့သွားကြတယ်။ စတင်ရေးဆွဲတဲ့ အချိန်ကတည်းကနေ ခေတ်အဆက် ဆက်ပြုပြင်
ခဲ့တာ မရှိသလောက်ပါဘဲ" ဟု ၎င်းက ပြောသည်။ ခေတ်နှင့်အညီ ပြန်လည်ရေးဆွဲရန် လိုအပ်သ
လို အများပိုင်နှင့် ပုဂ္ဂလိက ကုမ္ပဏီများဖွဲ့စည်းပုံနှင့်ပတ်သက်၍ လည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်
သားသားရေးဆွဲရန်လိုကြောင်း ၎င်းက ပြောသည်။
ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဆက်အောင်က "ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာ အဓိကအရေးကြီးတဲ့
အချက် ကသာ တူညီမျှရှိပြီး ခွဲခြားဆက်ဆံမှုမရှိ တဲ့ အခြေအနေဖြစ်ရေးပါပဲ။ အာဆီယံ နိုင်ငံအား
လုံးမှာလည်း နိုင်ငံသား ကုမ္ပဏီ၊ နိုင်ငံခြားသားကုမ္ပဏီဆိုပြီး ခွဲခြားတာမျိုး မရှိတော့တာတွေ့ရပါ
တယ်။ ကျွန်တော်တို့ဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့ နည်းနည်းဆင်ပါတယ်။ အဲဒီမှာ နိုင်ငံခြားသား၊
နိုင်ငံသားဆိုပြီး ကုမ္ပဏီ ခွဲခြားမှု မရှိတော့ပါဘူး။ ဒါပေမဲ့ မြေပိုင် ဆိုင်မှုကိုတော့ နိုင်ငံခြားကုမ္ပဏီ
ကို ပိုင်ဆိုင်မှုမပေးတာ တွေ့ရပါတယ်။ သူတို့ဆီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၈ မှာ
အတိအကျ ပြောထား တဲ့အချက်က 'မြေပိုင်ဆိုင်မှုမှလွဲ၍ နိုင်ငံခြားကုမ္ပဏီအား နိုင်ငံခြားသား
ပိုင်ဆိုင်သည်ဟူသော အချက်အလက်တစ်ခုတည်းနှင့် ခွဲခြားဆက်ဆံခြင်း လုံးဝမပြုပါ'ဆိုပြီး
ပြဋ္ဌာန်းထားပါတယ်။
နောက်ပြီး သူတို့ဆီမှာတော့ ၅၁ ရာခိုင် နှုန်းထက်ကျော်ပြီး နိုင်ငံခြားသားက ပိုင်ရင် နိုင်ငံခြား
ကုမ္ပဏီလို့ သတ်မှတ် ကြောင်း သူတို့ရဲ့ ဥပဒေမှာတွေ့ရပါ တယ်။ အဓိကကတော့ နိုင်ငံခြား
ကုမ္ပဏီ၊ နိုင်ငံသားကုမ္ပဏီဆိုပြီးခွဲခြား ဆက်ဆံတဲ့ ရည်ရွယ်ချက်မရှိဘဲ ခေတ် စနစ်နဲ့လိုက်
အောင် ပြုပြင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်"ဟု လွှတ် တော်တွင် ရှင်းလင်းဖြေကြား
ခဲ့သည်။
ထိုကဲ့သို့ ပြန်လည်ရေးဆွဲရာတွင် နိုင်ငံတကာ အဆင့်မီဥပဒေဖြစ်ရေး၊ စီးပွားရေးလုပ်ငန်းများ
အဆင်ပြေချော မွေ့ရေးနှင့် အနာဂတ်တွင် ဥညူငညန စနစ်ဖြင့် ကုမ္ပဏီမှတ်ပုံတင်ခြင်း ဆောင်
ရွက်ရာ၌ လိုက်လျောညီထွေမှုရှိစေရေးအတွက် လိုအပ်သလိုပြင်ဆင်ရေးဆွဲရန်၊ အာရှဖွံ့ဖြိုးရေး
ဘဏ် ဗြီ ၏အကူအညီကို ရယူဆောင်ရွက်ရန် သဘောတူညီချက်ရခဲ့ပြီး ထိုသဘောတူချက်
အရ ဗြီ မှ ပညာရှင်တစ်ဦး က ၂၀၁၂ နှစ်နှင့် ၂၀၁၃ တို့တွင် နှစ်အကြိမ်တိတိ သက်ဆိုင်ရာ
တာ ၀န်ရှိသူများနှင့် ပညာရပ်ပိုင်း ဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။
















