မလေးရှားနိုင်ငံမှ Marry Brown အသင့်စား စားသောက်ဆိုင် မြန်မာပြည်၌ စတင်ဖွင့်လှစ်

မလေးရှားနိုင်ငံမှ Marry Brown အသင့်စား စားသောက်ဆိုင် မြန်မာပြည်၌ စတင်ဖွင့်လှစ်

မလေးရှားနိုင်ငံ၏ အသင့်စား စားသောက်ဆိုင်များ ဖွင့်လှစ်ထားသည့် Marrybrown Sdn.Bhd
ကုမ္ပဏီက မြန်မာနိုင်ငံတွင် ပထမဦးဆုံး မေရီ ဘရောင်းဆိုင်ခွဲအား ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း
မကြီးတွင် ဖွင့်လှစ်ခဲ့ပြီး လာမည့်နှစ်နှစ်အတွင်း ဆိုင်ခွဲငါးခု ထပ် မံဖွင့်လှစ်မည်ဖြစ်ကြောင်းကုမ္ပဏီ
မှ တာဝန်ရှိသူများက ပြောသည်။

"ဒီမှာက အသင့်စား စားသောက် ဆိုင်တွေ မရှိဘူးလေ။ ဒါကြောင့် လာ ဖွင့်ဖြစ်သွားတာပါ။
နောက်ထပ်လည်း ဆိုင်ခွဲတွေ အများကြီးဖွင့်ဖို့ အစီအစဉ် ရှိပါတယ်။ ရန်ကုန်တစ်မြို့တည်းမဟုတ်
ဘဲ အခြားမြို့တွေမှာလည်း ဖွင့်ဖို့စီ စဉ်ထားပါတယ်" ဟု မြန်မာနိုင်ငံ၊မေရီ ဘရောင်းအသင့်စား
စားသောက်ဆိုင် ၏ အထွေထွေမန်နေဂျာဖြစ်သူ ဒေါ်စောဥမ္မာလွင်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

အဆိုပါ အသင့်စား စားသောက်ဆိုင် တွင် အဓိကရောင်းချသွားမည့် အစား အစာများမှာ
ကြက်ကြော်၊ အာလူးကြော်နှင့် ဟမ်ဘာဂါဖြစ်ပြီး အအေး နှင့် ကော်ဖီအပြင် အချိုပွဲများကိုလည်း
ရောင်းချသွားမည်ဖြစ်ရာ မြန်မာ နိုင်ငံမှ စားသုံးသူများနှင့် သင့်တော် သည့် ဈေးနှုန်း အနေအထား
ဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း ဆိုင်မှတာဝန်ရှိသူများက ပြောသည်။

မေရီဘရောင်း အသင့်စား စား သောက်ဆိုင်သည် မလေးရှားနိုင်ငံတွင် အကြီးဆုံးစားသောက်ဆိုင်
လုပ်ငန်း ဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် စတင်ခါ ဖွင့် လှစ်ခဲ့သည်။ နိုင်ငံပေါင်း ၁၅ နိုင်ငံ တွင် ဆိုင်ခွဲပေါင်း
၃၅၀ ကျော်ရှိပြီး မြန်မာနိုင်ငံသည် ၁၆ နိုင်ငံမြောက်ဆိုင်ခွဲဖြစ်သည်။ ဆိုင်ခွဲဖွင့်လှစ်ထားသည့် နိုင်ငံ
များမှာ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာ၊ အာဖရိက အပြင် အရှေ့အလယ်ပိုင်းနိုင်ငံ
များ တွင် ဖွင့်လှစ်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး