လယ်သမားအကျိုးစီးပွား၊မြှင့်တင်ရေး ဥပဒေကြမ်းကို ပညာရှင်များ ဝေဖန်

လယ်သမားအကျိုးစီးပွား၊မြှင့်တင်ရေး ဥပဒေကြမ်းကို ပညာရှင်များ ဝေဖန်

ဩဂုတ်လလယ်တွင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးအတည်ပြုမည့် တောင်သူလယ်သမား
အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေမူကြမ်းနှင့် ပတ်သက် ၍ တောင်သူလယ်သမားရေးရာဆိုင် ရာ
အဖွဲ့အစည်းရှစ်ဖွဲ့အပါအဝင် နိုင်ငံ ရေးပါတီများ၊ စီးပွားရေးပညာရှင်များ၊ ပုဂ္ဂလိက အဖွဲ့အစည်း
များနှင့် တောင်သူ လယ်သမားစစ်စစ်များက ဇူလိုင်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံဆန်စပါး အသင်း
ချုပ်က စီစဉ်ကျင်းပသော တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေမူကြမ်း သုံးသပ်
အကြံပြုဆွေးနွေးပွဲတွင် ၀ိုင်းဝန်း သုံးသပ် အကြံပြုခဲ့ကြသည်။

ထိုသို့သုံးသပ်ခဲ့ရာတွင် အများစုက ထိုဥပဒေကြမ်းသည် တောင်သူများ၏ အကျိုးစီးပွားကို အမှန်
တကယ်မြှင့်တင် ပေးနိုင်မည့် ဥပဒေမဖြစ်နိုင်ကြောင်း နှင့် ယင်းဥပဒေအစား တောင်သူများ လက်
ရှိခံစားနေရသော လယ်မြေသိမ်း ဆည်းခံရမှု ပြဿနာများကိုသာ အမြန်ဆုံး ဖြေရှင်းပေးနိုင်မည့်
တောင်သူအခွင့်ကာကွယ်ရေးဆိုင်ရာဥပဒေကို ဦးစွာ ပြဋ္ဌာန်းပေးသင့်ကြောင်း ဝေဖန် ခဲ့သည်။

သမ္မတရုံး စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင်နှင့် ယခင်ကမ္ဘာ့ကုလ သမဂ္ဂ အကြီးတန်းစီးပွား
ရေးပညာရှင် ဒေါက်တာဦးမြင့်၏ ဇူလိုင်လ ၆ ရက်နေ့ က ထုတ်ပြန်ခဲ့သော ဥပဒေကြမ်းအပေါ်
ထင်မြင်ချက်နှင့် အကြံပြုချက်များ အစီရင်ခံစာတွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးတွင် အဓိက
အချက်ဖြစ် သော လယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေးသည် သမ္မတဦးသိန်းစိန် ၏
စီးပွားရေးပြုပြင်ပြောင်းလဲမှုထဲတွင် ထိပ်တန်းဦးစားပေးဖြစ်သဖြင့် ထိုဥပဒေ ကြမ်းမှ ရလဒ်ကောင်း
များထွက်ပေါ်လာရန် အရေးကြီးကြောင်းနှင့် မြင်သာ ထင်သာရှိပြီး လယ်သမားထုက ၎င်းတို့ ၏
အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်မည် ဟု ယုံကြည်လက်ခံနိုင်သော ဥပဒေ ကြမ်းဖြစ်ရမည်ဟု
ရေးသားဖော်ပြထား သည်။

"လယ်သမားတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်မှာ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ ကုမ္ပဏီ တွေကို ဘာလို့
ထည့်သွင်းထားရလဲဆို တာ စဉ်းစားစရာပါပဲ။ သူတို့ရဲ့ အကျိုး စီးပွားကို ဘာကြောင့်မြှင့်တင်ပေး
ဖို့လိုလဲဆိုတာကို လွှတ်တော်မှာ သေသေချာချာ ဆွေးနွေးသင့်တယ်"ဟု ဒေါက်တာဦးမြင့်က သုံးသပ်ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားကွန်ရက်မှ ကိုတင်လင်းအောင်က လွှတ်တော်သို့
တင်ပြရန် ဥပဒေကြမ်းရေးဆွဲစဉ်က တောင်သူ လယ်သမားများ၏ သဘောဆန္ဒ ရယူ မှု၊ တိုင်ပင်
မှုနှင့် အသိပေးအကြောင်း ကြားမှုမရှိခြင်းနှင့် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ကို သင့်လျော်
သော သူများနှင့် ဖွဲ့စည်းမည်ဟု ဥပဒေကြမ်း တွင် ဖော်ပြထားခြင်းသည် လယ်သမားစစ်စစ်တို့၏
ထိုအဖွဲ့တွင် ဦးဆောင်မှုအခန်းကဏ္ဍ မှေးမှိန်ပျောက်ကွယ်နေကြောင်း ပြောသည်။

"၀ယ်ယူမယ့် ကောက်ပဲသီးနှံအမျိုး အစားနဲ့ ဈေးနှုန်းကို ဗဟိုအဖွဲ့က တစ်ဆင့် ပြည်ထောင်စုလွှတ်
တော် သဘောတူညီချက်နဲ့ သတ်မှတ်မယ်ဆိုတာ တောင်သူလယ်သမားတစ်ဦး ချင်းစီရဲ့ လွတ်
လပ်စွာ ရောင်းဝယ်ခွင့် ကို အဟန့်အတားပြုနေတာပါပဲ" ဟု ကိုတင်လင်းအောင်းက သုံးသပ်ဆွေး
နွေးခဲ့သည်။

'၈၈'မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တောင်သူလယ်သမားရေးရာတာဝန်ခံ
ဦးမျိုးသန့် က ယခင် ဇူလိုင်လ ၃ ရက်နေ့တွင် ၎င်းတို့ ဦးဆောင်ပြုလုပ်ခဲ့သော သတင်း စာရှင်း
လင်ပွဲတွင် ပြောကြားခဲ့သည့်အတိုင်း တောင်သူလယ်သမားများ အဓိက လိုအပ်နေသည့် လယ်
မြေသိမ်းဆည်းခံရမှုပြဿနာများကိုသာ ဦးစွာဖြေရှင်းပေးနိုင်မည့် တောင်သူလယ်သမားအခွင့်
အရေး ကာကွယ်သည့် ဥပဒေတစ်ရပ်ကိုသာ ပြဋ္ဌာန်းပေးသင့်ကြောင်း ပြောသည်။

"မူလ စဆွေးနွေးခဲ့ကြ တုန်းက တောင်သူအခွင့်ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာ
အားလုံး သိပြီးသား ဖြစ်မှာပါ။ အဲဒါကနေ ဒီအကျိုးစီးပွား မြှင့်တင်တယ်ဆိုတာ ကို ဘာလို့ပြောင်း
လဲလိုက်ရတာလဲဆို တာ စဉ်းစားစရာပါပဲ။ တောင်သူလယ် သမားအခွင့်အရေးကာကွယ်တဲ့ ဥပ
ဒေ မပေါ်ပေါက်ဖို့ အစားထိုးတဲ့ ဥပဒေများ ဖြစ်နေမလားလို့ သံသယကြီးစွာ ဖြစ်မိပါတယ်"ဟု
ကိုမျိုးသန့်က ပြောသည်။

သို့သော် မြန်မာနိုင်ငံ တောင်သူ လယ်သမားများအသင်း (ယာယီ) ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက
လက်ရှိ ဥပဒေသည် လယ်သမားဆိုသည့်နေရာ တွင် ဦးစားပေးအနေဖြင့် လုပ်ကွက် ငယ်လယ်
သမားများကို ဖြည့်စွက်ပေး ပြီးပါက ယင်းဥပဒေကို လက်ခံကြောင်း မြန်မာတိုင်း(မ်)ကို
ပြောသည်။

"အခု တောင်သူအခွင့်ကာကွယ်ရေး ဆိုင်ရာဥပဒေကိုပဲ ပြဋ္ဌာန်းပေးရမယ်။ ဒါပြီးမှ အကျိုးစီးပွားမြှင့်
တင်တာကို ပြဋ္ဌာန်းရမယ်ဆိုတာကို ကျွန်တော်ကတော့ လက်မခံပါဘူး။ လက်ရှိ လယ် သိမ်းခံထား
ရတဲ့ လယ်မြေဧကက နှစ်သန်းလောက်ရှိတာပါ။ အသိမ်းမခံရဘဲ စိုက်နေတဲ့ လယ်ဧကကသန်း ၃၀
ကျော် ပါတယ်။ ဒါတောင် စာရင်းမပေါက်တဲ့ လယ်တွေ မပါသေးဘူး။ အဲဒါတွေပါပေါင်းရင် သန်း
၅၀ လောက် ရှိနေတာ။ ဒီတော့ ဒီနှစ်သန်းပြီးမှ သန်း ၃၀ အတွက်ကို လုပ်ရမှာလား။ ဒီနှစ်သန်း
ကကော ဘယ်တော့ ဖြေရှင်းလို့ပြီးမှာ လဲ။ ငါးနှစ်လား၊ ဆယ်နှစ်လား။ စာရင်း ဇယားတွေကို
ကြည့်ပြီးမှ ပြောရပါမယ်"ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေမူကြမ်း သုံးသပ် အကြံပြုဆွေးနွေးပွဲမှ
ထွက်ရှိလာ သော ဝေဖန်သူများ၏ အကြံပြုချက် အသီးသီးကို ပြည်ထောင်စုလွှတ်တော် သို့တင်
သွင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်း
အောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး