ကားဈေးနှုန်းများကျသော်လည်း အဝယ်မလိုက်၊ အောက်ကားဈေးကွက်သာ ဈေးကောင်းနေ

ကားဈေးနှုန်းများကျသော်လည်း အဝယ်မလိုက်၊ အောက်ကားဈေးကွက်သာ ဈေးကောင်းနေ

ဇွန်လနောက်ဆုံးပတ် အပေါ်ကား ဈေးကွက်အတွင်း ဈေးများအနည်းငယ် ကျဆင်းလာသော်လည်း
၀ယ်လက် နည်းပါးလျက်ပြီး စလစ်ဈေးများကောင်း လျက်ရှိကာ အောက်ကားဈေးကွက် တွင်
အရောင်းအဝယ် ပိုလိုက်လာကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူ များက ပြောသည်။

"ဈေးကွက်က အရောင်းအဝယ်ပါး နေတော့ သိပ်ပြီးတော့ အလုပ်မဖြစ်သေး ဘူး။ အောက်ကား
ဈေးနှုန်းကတော့ ကောင်းလာတယ်။ ဈေးနှုန်းမြင့်တဲ့ ကား တွေကတော့ အရောင်းအဝယ်သိပ်
မကောင်းဘူး။ ပြီးခဲ့တဲ့သီတင်းပတ်က တပ်မတော်ခန်းမမှာလုပ်တဲ့ ကားပြပွဲ မှာတောင် အရောင်း
အဝယ် မကောင်း ဘူး။ ရောင်းတဲ့ ကုမ္ပဏီအရောင်းပြခန်း တွေတောင် သူ့လူနဲ့သူလောက်ပဲရှိ
တယ်။ လာလေ့လာတဲ့သူ မေးတဲ့သူလောက်တော့ ရှိတယ်။ ကားအရောင်း ပြခန်းကတာဝန်ရှိ
တဲ့ သူတစ်ယောက်က တော့ လိုင်စင်မဲ့ကားဈေးကွက် ပျောက် သွားမယ်ဆိုရင်တော့ တရားဝင်
တင် သွင်းလာတဲ့ကားတွေ အရောင်းအဝယ် ကောင်းလာနိုင်တယ်လို့ ပြောတယ်"ဟု ကားပြပွဲ
သို့ သွားရောက်လေ့လာသည့် ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးတင်အောင်က ပြောပြသည်။

ကားဝယ်ရောင်း လုပ်ငန်းရှင်များ ကလည်း တရားမဝင်လမ်းကြောင်းများ မှ ကားတင်သွင်းမှုများ
ရှိနေခြင်းမှာ လည်း ဈေးကွက်အတွင်း ကားဈေးနှုန်း ကျဆင်းရသည့် အဓိကအကြောင်းတစ်ရပ်ဖြစ်
ကြောင်း ပြောသည်။

"လိုင်စင်မဲ့ကားတွေက မြဝတီ၊ ဖားအံ၊ ကော့ကရိတ်နဲ့ ဘုရားသုံးဆူ အစရှိတဲ့ လမ်းတွေကနေ
အဓိက အဝင်များ တယ်။ မရ ရအောင် သယ်တာတွေရှိ တယ်။ ဖားအံမှာဆိုရင် Toyota, Honda
နဲ့ Suzuki တွေဆိုရင် သိန်း ၂၀ ကျော် ၃၀ ၀န်းကျင်လောက်နဲ့ ရတယ်"ဟု ကားဝယ်ရောင်းလုပ်
ကိုင်သူ ဦးမင်း ညွန့်က ပြောသည်။

ထိုကဲ့သို့ ပြည်တွင်းဈေးကွက်သို့ တရားမဝင် လိုင်စင်မဲ့ ယာဉ်များ ၀င်ရောက်လာမှုများကြောင့်
နယ်မြို့ များမှ ၀ယ်လက်များအနေဖြင့် ဈေးနှုန်း သက်သာသော တရားမဝင်လိုင်စင်မဲ့ ယာဉ်များ
ကိုသာ ၀ယ်ယူမှုပိုများလာ ပြီး တရားဝင်တင်သွင်းလာသည့် ကား များအရောင်းအဝယ်ပါးခဲ့ခြင်း
ဖြစ်ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူ များက သုံးသပ်သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အရောင်းအဝယ်ကောင်းခဲ့သော လုပ် ငန်းသုံးကားများမှာ
လည်း ယခုသီတင်း ပတ်အတွင်း အရောင်းအဝယ်အေးလာ ခဲ့ကြောင်းလည်း ဈေးကွက်အတွင်းမှ
၀ယ်ရောင်းလုပ်ငန်းရှင်များက ပြော သည်။

"လုပ်ငန်းသုံးကားတွေ အရောင်းအဝယ်ပါးသွားတယ်။အရင်တုန်းက တစ်ပတ်ကို ကားသုံးစီး
လောက် ရောင်းရပေမယ့် အခုဆိုရင် တစ်ပတ်ကို တစ်စီးရောင်းထွက်ဖို့တောင် အကြိတ် အနယ်
ကြိုးစားနေရတယ်" ဟု ကားဝယ် ရောင်း ကိုခင်စိုးက ပြောသည်။

၂၀၀၈ ခုနှစ် မော်ဒယ်ကားများ တင်သွင်းခွင့်ပြုမည့်သတင်းများ ထွက် ပေါ်နေခြင်းကြောင့်
လာမည့် ကာလ များအတွင်း ဈေးကွက်တွင်း အရောင်း အဝယ်မှာ ပိုမိုနှောင့်နှေးလာနိုင်ကြောင်း
ကားဝယ်ရောင်းလုပ်ကိုင် သူများက ခန့်မှန်းသည်။

"ဈေးကွက်ထဲမှာ လက်ရှိအရောင်း အဝယ်လုပ်တဲ့အခါမှာ ရောင်းတဲ့သူရဲ့ ဈေးမဟုတ်ဘဲ ၀ယ်သူ
ရဲ့ဈေးဖြစ်နေ တယ်။ တတ်နိုင်သလောက်၊ညှိပေး ပြီး အရောင်းအဝယ် ဖြစ်အောင် လုပ်ပေးရတယ်"
ဟုကားဝယ်ရောင်း ကိုဦးက ပြောသည်။

ကားဈေးကွက်အတွင်း 'သ' အက္ခရာ ကားမှာ အမည်ပေါက် ၁၀၅ သိန်းဝန်းကျင်ခန့်ရှိပြီး အပ်ကား
မှာမူ ကျပ် သိန်း ၁၀၀ အောက်ရှိကာ 'အ'အက္ခရာ မှာ ကျပ် ၈၉ သိန်းနှင့် သိန်း ၉၀ ၀န်းကျင် ခန့်
ရှိကြောင်း၊ကားဝယ်ရောင်းသမား များက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး