ကားဈေးကွက်အတွင်း ကားဟောင်းဈေးများတက်ကာ အရောင်းအဝယ် လိုက်ခဲ့ပြီး စလစ်ဈေးနှုန်း
များ တန့်နေကာ အမြင့်ကားများမှာ လက်တွေ့ အရောင်းအဝယ် မရှိသလောက်နည်းပါးလာခဲ့
ကြောင်း ကားဝယ်ရောင်း လုပ် ကိုင်သူများက ပြောကြသည်။
"ဈေးကွက်ထဲမှာ ကားအရောင်းဝယ် က သိပ်ပြီးတော့ ကောင်းမလာသေးပါဘူး။ အခုဆိုရင် ဈေး
ကွက်ထဲမှာ မေးတဲ့သူပဲများပြီး ၀ယ်တဲ့သူသိပ်မရှိ ဘူး ဖြစ်နေတယ်။ နောက်တစ်ခုက ဒီဇယ်ကား
တွေ အဝယ်ပြန်လိုက်တယ်။ ဘာဖြစ်လိုလဲတော့ မသိသေးဘူး။ အဲဒီ ကားတွေထဲမှာ Town Ace
ကားတွေ အရောင်းဝယ်ဖြစ်တယ်လို့ ကြားတယ်" ဟု ကားဝယ်ရောင်း ကိုဦးက ပြောသည်။
ဈေးကွက်အတွင်း ယခုရက်ပိုင်းတွင် အရောင်းအဝယ် ထင်သလောက် မဖြစ် သော်လည်း အောက်
ကားများဖြစ်သည့် 'သ၊ လ၊ ဗ၊ ဘ၊ အ' အက္ခရာ ကား များအပြင် ၁က အက္ခရာကားများမှာ လည်း
အရောင်းဝယ် ပြန်လိုက်လာကြောင်း ၀ယ်ရောင်းများက ပြောသည်။
အပ်ကားများဖြစ်သည့် အောက်ကားဈေးကွက် အရောင်းအဝယ် ကောင်းလာသော်လည်း စလစ်
ဈေးနှုန်းများ မှာမူ ရ၅ သိန်းမှ ၁၁၀ ၀န်းကျင် အထိ ဈေးပေါက်ခဲ့သည်။ ယခုနှစ် မိုးတွင်း အရောင်း
အဝယ်မှာ ယခင်နှစ် များနှင့်မတူဘဲ အရောင်းဝယ်အေးနေကြောင်း ကားဝယ်ရောင်းများက ပြော
သည်။
"Pro Box တစ်စီးကို ကျပ် သိန်း ၁၀၀ ၀န်းကျင်လောက်နဲ့ ရှာပေးပါ၊ Honda Fit တစ်စီးကို
ကျပ်သိန်း ၁၁၀ ၀န်းကျင်လောက်နဲ့ ရှာပေးပါဆိုပြီး လာအပ် တာတွေရှိတယ်။ အဲဒီလိုလာ အပ်ရင်
ကိုယ်က ရှာရတော့တာပဲ။ မရှာနိုင်ရင် ပွဲမဖြစ်ဘူး။ အရောင်းအဝယ်ဆိုရင် ဝေလာဝေးပါပဲ" ဟု
ကား ၀ယ်ရောင်းလုပ်ကိုင်သူ ကိုသားကြီး က ပြောသည်။
ဈေးကွက်အတွင်း ကားဈေးနှုန်းများ ကျဆင်းလာချိန်တွင် ပြင်ပကားကုမ္ပဏီ များ ဖွင့်လှစ်လာခြင်း
ကြောင့်လည်း ကားအရောင်းပြခန်းများနှင့် ပြင်ပ ကားအရောင်းအဝယ် ပြုလုပ်သည့် ဈေးကွက်များ
ဖြစ်သည့် မင်းရဲကျော်စွာ ကားဝင်း၊ သီရိမင်္ဂလာကားပွဲစားတန်း၊ သုမင်္ဂလာကားပွဲစားတန်း၊ သတိ
ပဋ္ဌာန်၊ တောင်ဥက္ကလာပမြို့နယ် ၁၆ ကွေ့နှင့် မြောက်ဥက္ကလာပ ကားဝယ်ရောင်း နေရာများတွင်
လည်း အရောင်းအဝယ် အေးလာကာ အောက်ကားနှင့် အပ် ကားများသာ ခပ်ပါးပါး အရောင်း
၀ယ်ဖြစ်လျက်ရှိကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။
"ရန်ကုန်က ကားအရောင်းဝယ်လုပ် တဲ့နေရာဆိုရင် နယ်ကအသိများတာ က ဟံသာဝတီကား
ပွဲစားတန်းပါ။ အဲဒီ နေရာတွေမှာ မရောင်းရတော့ဘူး ဆိုပေမယ့် အဲဒီပတ်ဝန်းကျင်မှာတောင်
အရောင်းအဝယ်တွေ သွားလုပ်နေကြ လို့ ဟိုတစ်လောက ပြဿနာတွေ တောင်ဖြစ်ခဲ့သေးတယ်။
အဲဒီကား ပွဲစားတန်း ရွှေ့ပြောင်းပြီတဲ့နောက်ပိုင်း ကစလို့ ကားဈေးကွက်က ပျက်သွား တော့တာပဲ"
ဟု ကားဝယ်ရောင်း လုပ် ကိုင်သူ ကိုနိုင်မင်းက ပြောသည်။
ဈေးကွက်အတွင်း အပ်ကားဈေးနှုန်း များမြင့်မားနေခြင်းမှာ အပ်ကားပိုင်ရှင် အများစု တက်ဈေးမျှော်
ကာ ရောင်းချ ရန်စောင့်ဆိုင်းနေသဖြင့် အပ်ကားများ ဈေးတက် နေခြင်းဖြစ်ကြောင်း ၀ယ် ရောင်း
လုပ်ငန်းရှင်များက ပြောသည်။
အကောက်ခွန်ဦးစီးဌာနက မော် တော်ယာဉ်အစားထိုးစီမံချက် အပါ အဝင် ပြည်ပမှဝယ်ယူ
တင်သွင်းလာ သည့် မော်တော်ယာဉ်များအား ၂၁ လ တာကာလအတွင်း အကောက်ခွန်လုပ်
ထုံးလုပ်နည်းများနှင့်အညီ ကျသင့်သည့် အခွန်များ စည်းကြပ်ထုတ်ပေးပြီးဖြစ် သည့်ယာဉ်အစီး
ရေမှာ ၁၉၄,၂၇၆ စီး ဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ငွေအဖြစ် အကောက်ခွန် ကျပ် ၂၈၉,၁၃၉
ဒသမ ၄၁ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၃၀၃,၈၀၉ ဒသမ၂၆ သန်း၊ စုစုပေါင်း ကျပ် ၅၉၂,၉၄၈
သန်းဖိုးခန့် ကောက်ခံရရှိပြီး ဖြစ်သည်။

















